ပါရီ - အသက် ၂၀ ပြည့်နှစ်များ အစောပိုင်း၌ အဝလွန်ကြသည့် ယောကျ်ားများသည် အသက်
၅၅ နှစ် မတိုင်မီ သေဆုံးရန် ပျမ်းမျှအလေးချိန် ရွယ်တူဖြစ်တန်သလောက်၏ နှစ်ဆ ဖြစ်ကြောင်း
လေ့လာရေးတစ်ခုက ဧပြီ လ ၃၀ ရက်နေ့က ဖော်ပြခဲ့သည်။
၁၉၅၅ ခုနှစ်က အသက် ၂၂ နှစ်ရှိ ဒိန်းမတ်လူမျိုး အမျိုးသား ၆,၅၀၀ အား ၃၃ နှစ်ကြာပြုလုပ်
သည့် လေ့လာရေး တစ်ခုကို သုတေသီတစ်ဖွဲ့က တင်ပြ သည်ကို "BMJ Open"ဂျာနယ်တွင်
ရေးသားဖော်ပြထားသည်။
ထိုအုပ်စု၏ ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သော ၉၇ ဦးသည် ၎င်းတို့မှတ်ပုံတင် စဉ်က အဝလွန်ကြ
ကြောင်း၊ ဆိုလိုသည် မှာ ကိုယ်အလေးချိန်နှင့် အရပ်အချိုး (ကိုယ်အလေးချိန် အညွှန်းကိန်း၊
သို့မဟုတ် BMJ) သည် ၃၀ နှင့်အထက် တွင်ရှိကြောင်း လေ့လာရေးကဆိုသည်။ ထိုအုပ်စု၏
အများစုဖြစ်သော ၈၅ ရာခိုင်နှုန်း၊ သို့မဟုတ် ၅,၄၀၇ ဦးသည် ပုံမှန်အလေးချိန် အတိုင်းအတာ
အတွင်း ရှိပြီး ြြှု အနေဖြင့် ၁၈ ဒသမ ၅ နှင့် ၂၅ အတွင်းရှိသည်ဟု သတ်မှတ်သည်။
အဝလွန်အုပ်စု၏ ထက်ဝက်နီးပါး သည် အသက် ၅၅ နှစ်တွင် ဆီးချို အမျိုး အစား ၂၊ သို့မဟုတ်
သွေးတိုးရောဂါရှိ သည်ဟု ဖော်ထုတ်ပြီး နှလုံးဖောက်ပြန် ခြင်း၊ လေဖြတ်ခြင်း၊ ခြေထောက်များ၊
သို့မဟုတ် အဆုတ်များတွင် သွေးခဲများ ရှိကာ သေဆုံးသွားကြသည်။၎င်းတို့သည် သွေးတိုးရော
ဂါဖြစ်ပွား နိုင်ခြေ နှစ်ဆကျော်ရှိပြီး နှလုံးဖောက် ပြန်မှုဖြစ်ခြင်း၊ သို့မဟုတ် သေဆုံးသွား သည်ဟု
အစီရင်ခံစာတွင် ဖော်ပြသည်။
BMJ တွင် တိုးလာသည့် ယူနစ်တိုင်း သည် နှလုံးဖောက်ပြန်မှု တိုးပွားနှုန်း ငါးရာခိုင်နှုန်း၊ သွေးတိုး
နှင့် သွေးခဲနှုန်း ၁၀ ရာခိုင်နှုန်းနှင့် ဆီးချိုမြင့်တက်မှုနှုန်း ၂၀ ရာခိုင်နှုန်းနှင့် အလားတူသည်။ အဝ
လွန်မှုမှ မကျန်းမာမှုနှင့်စောစော သေဆုံးမှုများသည်လာမည့် ဆယ်စုနှစ် များတွင် ကျန်းမာရေး
စောင့်ရှောက်မှုစနစ်များအပေါ် မကြံုစဖူး ၀န်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်ဟု ရေးသားသူများက
သတိပေးခဲ့သည်။
(အေအက်ဖ်ပီ)
















