အတိုက်အခံအဖွဲ့ခေါင်းဆောင် အန်ဝါက မလေးရှားတွင် မဲမသမာမှုများဖော်ထုတ်တိုက်ခိုက်မည်ဟုဆို

အတိုက်အခံအဖွဲ့ခေါင်းဆောင် အန်ဝါက မလေးရှားတွင် မဲမသမာမှုများဖော်ထုတ်တိုက်ခိုက်မည်ဟုဆို

ကွာလာလမ်ပူ - အန်ဝါအီဘရာဟင်က ၎င်း၏ မလေးရှား အတိုက်အခံတို့သည်
သီတင်းပတ်အကုန်ဖြစ်သည့် တနင်္ဂနွေ နေ့ကပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု၏
ဆိုးရွားသောရလဒ်ကို ဆန့်ကျင်တိိုက်ခိုက်သွားရန် စီစဉ်ထား ကြောင်း တနင်္ဂနွေနေ့တွင်
ပြောကြား လိုက်ပြီး ၎င်း၏နိုင်ငံရေးအာဏာကို ၅၆ နှစ်ကြာ ဆုပ်ကိုင်ထားသည်။တရား
ဥပဒေနှင့် ကိုက်ညီခြင်းမရှိတော့ကြောင်းလည်း ပြောကြားလိုက်သည်။

"ကျွန်တော် ဒီနေ့ ဒီနေရာကနေ ကျွန်တော်တို့ ရွေးကောက်ပွဲကို အနိုင် ရကြောင်း အတိအလင်း
ပြောကြား လိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဟာ မလေးရှားနိုင်ငံသားတွေ လက်တွင်း
ကနေ ရွေးကောက်ပွဲအောင်မြင်မှုကို ခိုးဝှက်ယူသွားရာမှာ ကြံရာပါပြစ်မှု ကျူးလွန်ခဲ့သူတွေ
ဖြစ်ပါတယ်"ဟု ၎င်းက လူတွေ့မေးမြန်းခန်းတစ်ခုတွင် အေအက်ဖ်ပီကို ပြောကြားသည်။

"ဒါကြောင့် အစိုးရအုပ်ချုပ်မှုဟာ တရားဥပဒေနဲ့ ကိုက်ညီခြင်းမရှိတော့ပါ" ဟုလည်း ဆက်လက်
ပြောကြားသည်။ အန်ဝါ၏ 'ပါကာတန်ရာကျပ်' (ပြည်သူ့မဟာမိတ်) ပါတီခေါ် အတိုက် အခံပါတီ
၀င်များက သမိုင်းကြောင်းကို ပြောင်းလဲစေမည့် အာဏာလွှဲပြောင်း မှုကြီး ဖြစ်ပေါ်လာတော့မည်
ဟု မျှော်လင့် ထားခဲ့ကြသော်ငြားလည်း ၎င်းတို့ဘက်မှ မဆိုစလောက် အနိုင်ရရှိမှုဖြင့်သာ ပြီးဆုံး
ခဲ့သော တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရလဒ်အပေါ် စိတ်မကျေမချမ်းဖြစ်ခဲ့ ကြပြီး စိတ်ပျက်အား
လျှော့ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့ တိုင် စိုးမိုးအုပ်ချုပ်ခဲ့သော အာဏာရ ညွန့်ပေါင်းအစိုးရပါတီ
အား ပါကာတန် ပါတီက ပြင်းထန်သော ဆန့်ကျင်စိန်ခေါ် မှုများဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်
ခဲ့သော်ငြားလည်း အမတ်နေရာ ၂၂၂ နေရာရှိသော မသမာမှုများ စဉ်ဆက် မပြတ် သဲသဲမဲမဲ
လုပ်ဆောင်ခဲ့သော အဆိုပါ ပါလီမန်ရွေးကောက်ပွဲတွင် အဆိုပါ အာဏာရ ညွန့်ပေါင်းအစိုးရ
ဘက်မှ ခိုင်ခံ့သောအောင်မြင်မှုများ ရရှိသွားကြသည်။

အာဏာရ ညွန့်ပေါင်း ပါတီ ဘက်တော်သား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က မသမာမှုများ တစ်စုံ
တစ်ခုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး မဲထည့်ဝင်မှုများအပေါ် စိန်ခေါ်မှုများကို ပယ်ချခဲ့သည်။

၎င်းအား မလေးရှား ဘုရင်က တနင်္လာနေ့ညနေလေးနာရီ (၀၈၀၀ ဂျီအမ်တီ)တွင် ၎င်း၏ရုံးခန်း၌
ကျမ်းသစ္စာကျိန်ဆို၍ ရာထူး ခန့်အပ်ရန် အစီအစဉ်ချမှတ်ထားခြင်း ဖြစ်သည်။

မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတသည့်
ရွေးကောက်ပွဲဖြစ်ကြောင်း မလေးရှားအစိုးရ၏ အခိုင်အမာပြော ကြားချက်ကို လွတ်လပ်သော
မလေးရှား ဆန္ဒမဲပေးရေး စောင့်ကြည့် အဖွဲ့က ငြင်းဆိုလိုက်ပြီး ရွေးကောက်ပွဲ မဲပေး သည့်စနစ်
တွင် ကြီးကြီးမားမား ချို့ယွင်း ချက်များရှိကြောင်း မတ်လ ၈ ရက်နေ့က ပြောဆိုခဲ့သည်။

ဒီမိုကရေစီနှင့် စီးပွား ရေးရာသိပ္ပံ (IDEAS) နှင့် ပြည်သူ့ မူဝါဒလေ့လာရေးစင်တာ (CPPS) တို့
၏ ပူးတွဲကြေညာချက်တစ်စောင်တွင် မဲစာရင်းမှန်ကန်မှုနှင့် ပတ်သက်ပြီး လူအများ စိုးရိမ်ပူပန်မှု
များအပါအဝင် ပြဿနာမျိုးစုံကို ဖော်ပြထားသည်။

ထိုကြေညာချက်ထဲတွင် ရွေးကောက်ပွဲ တစ်စိတ်တစ်ဒေသသာလျှင် လွတ်လပ် မှုရှိပြီး တရားမျှ
တမှုမရှိကြောင်း IDEAS နှင့် CPPS တို့က သုံးသပ်ထားသည်။

(အေအက်ဖ်ပီ)