ဒါကာ - မြို့တော် ဒါကာတွင် ဘင်္ဂလား ဒေ့ရှ် ရဲအဖွဲ့နှင့် သောင်းချီရှိသော အစ္စလမ္မစ်ဝါဒီများ
အကြား ပြင်းထန်သော တိုက်ပွဲများတွင် လူ ၂၂ ဦးထက်မနည်း သေဆုံးကြောင်း ရဲနှင့် ဆေး
ဘက်ဆိုင်ရာ တာဝန်ရှိသူများက မေလ ၆ ရက်နေ့၌ ပြောသည်။
ဘာသာရေးကို စော်ကားခြင်းနှင့်ပတ်သက်သော ဥပဒေသစ်တစ်ခုကို ပြဋ္ဌာန်းရန် တွန်းအားပေး
သည့်အနေ ဖြင့် အဓိက အရောင်းအဝယ်စည်ကား သော နေရာတွင် စခန်းချနေသော အစ္စလ
မ္မစ် ရ၀,၀၀၀ ထက်မနည်း ကို လူစုခွဲရန် ရဲက အသံမြည်သော လက်ပစ် ဗုံးများ၊ မီးသတ်ပိုက်
များ၊ မျက်ရည်ယို ဗုံးများနှင့် ရော်ဘာကျည်ဆန်များကို အသုံးပြုခဲ့ကြောင်း ဒါကာရဲမှပြောဆို
ခွင့် ရှိသူ မာဆူဒါရာမန်ကပြောသည်။
"သူတို့က မိုတီဂျီးလ်မှာ စုဝေးတာကို တရားမဝင် ဆက်လက်နေလို့ ကျွန်တော် တို့ အရေးယူ
ဆောင်ရွက်နေပါတယ်။ အုတ်ခဲတွေ၊ တုတ်တွေ၊ ၀ါးလုံးတွေနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ကြ
တယ်"ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောပြသည်။
တနင်္လာနေ့အစောပိုင်း၌ ဆန္ဒပြသူများ လူစုကွဲသွားကြကြောင်း ၎င်းက ဖြည့် စွက်ပြောခဲ့သည်။
ရော်ဘာကျည်ဆန် ထိခံရသူ အချို့ အပါအဝင် အလောင်း ၁၁ လောင်းနှင့် ဓားဖြင့် ဆန္ဒပြသူများ
၏ ခုတ်ခြင်းကို ခံရသော ရဲသားတစ်ဦးတို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အယ်လ်ဘာရာကာသို့ အလောင်း လေးလောင်းနှင့် အခင်းဖြစ်နေရာနှင့် နီးသော အစ္စလာမ်မီ
ဘဏ် ဆေးရုံခွဲ နှစ်ခုသို့ ခုနစ်လောင်း စုစုပေါင်း ၁၁ လောင်း ပေးပို့ခဲ့သည်။ အကြမ်းဖက်မှုသည်
တနင်္ဂနွေနေ့ မွန်းလွဲပိုင်း၌ ပေါ်ပေါက်ခဲ့ပြီး တနင်္လာ နေ့ထိ ဆက်လက်ဖြစ်ပွားခဲ့သည်။
ဘာသာရေးကို စော်ကားပြောဆိုခြင်း ဆိုင်ရာ ဥပဒေသစ်တစ်ခုကို တောင်းဆို ရင်း ထောင်ပေါင်း
ရာချီရှိ အစ္စလမ္မစ် များသည် လမ်းမကြီးများကို ပိတ်ဆို့ပြီး ရဲနှင့် ဆက်တိုက်ဖြစ်သော တိုက်ပွဲများ
ဖြစ်ကာ ဒါကာမြို့လယ်တွင် ၁၀ ဦးသေ ပြီး ရာချီဒဏ်ရာရသည်။
လူနှစ်သိန်းခန့် ဒါကာသို့ ချီတက်လာ ပြီး ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ ရဲက
ဆန္ဒပြသူများကို ရဲတုတ်တိုများဖြင့် ရိုက်နှက်မှုများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရဲကပြော သည်။
(အေအက်ဖ်ပီ)

















