ပေကျင်း - တရုတ်သမ္မတ ရှီကျင့်ဖျင် သည် မေလ ၆ ရက်နေ့က ပါလက်စတိုင်း
ခေါင်းဆောင် မာမွတ်အက်ဘတ်စ်ကို ပေကျင်းမြို့တွင် တွေ့ဆုံခဲ့သည်။ ယခု ရက်သတ္တပတ်
အကုန်တွင် အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု လည်း လာရောက်မည်ဟုသိရသည်။
သမ္မတသစ်ရှီသည် မတ်လမှ စတင် ကာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း အရှေ့အလယ်ပိုင်း
ခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ် သော သုံးရက်ကြာခရီးစဉ်သည်
မေလ ရ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
မေလ ၆ ရက်နေ့တွင် ရှန်ဟိုင်းမှစတင်ပြီး မြို့တော်ပေကျင်းတွင် ပြီးဆုံးမည့် နေတန်ယာဟု၏
တရုတ်နိုင်ငံသို့ ငါးရက်ကြာ အလည်အပတ်ခရီးစဉ်နှင့် သွားတိုက်ဆိုင်နေသည်။ အက်ဘတ်စ်၏
ခရီးစဉ်သည် နိုင်ငံ တော် ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည်ဟု တရုတ်အစိုးရပိုင် သတင်းစာတွင်
ဖော်ပြ ပြီး နေတန်ယာဟု၏ခရီးစဉ်သည် တရားဝင်ခရီးစဉ်တစ်ခု ဖြစ်သည်ဟု တာဝန်ရှိသူများက
ဆိုသည်။
တရုတ်နိုင်ငံသည် အစဉ်အလာ အားဖြင့် အရှေ့အလယ်ပိုင်းကိစ္စများနှင့် ပတ်သက်ဆက်စပ်လေ့
မရှိသော်လည်း မကြာသေးမီနှစ်များမှစတင်ပြီး ၎င်းတို့ ၏ သံတမန်ရေးရာ အခန်းကဏ္ဍမှာ ပိုမို
အသက်ဝင်လာခဲ့သည်။
စစ်ရေးအရ အပြည့်အဝ ကြိုဆိုသည့် အခမ်းအနားကို ပြည်သူ့ရင်ပြင် အပြင် ဘက်တွင် ကျင်းပပြီး
နောက် ယဉ်ကျေးမှု ဖလှယ်ရေး၊ စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာကိစ္စများ ပူးပေါင်းမည့်အစီအစဉ်
တို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ပြီး အသေးစိတ် အချက်
အလက်များကိုမူ မသိရှိရသေးပေ။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု တရုတ်နိုင်ငံသို့ လာရောက်တွေ့ဆုံစဉ် အတွင်း နျူကလီးယား
လက်နက်များ ပိုမိုထုတ်လုပ်လိမ့်မည်ဟု အစ္စရေးနှင့် အနောက်နိုင်ငံတို့က သံသယရှိနေကြ သော
အီရန်၏ အဏုမြူစွမ်းအင်အစီ အစဉ်များ နှောင့်နှေးစေရန် ပိုမိုတင်းကျပ် သည့် အရေးယူမှုများပြု
လုပ်ရန် အင်အားကြီးသည့် တရုတ်တို့၏ အကူ အညီကိုရရှိရန် ကြိုးစားလိမ့်မည်ဟု ယူဆရသည်။
(အေအက်ဖ်ပီ)

















