ဖနွမ်းပင် - ၂၀၀၄ ခုနှစ်က ဖနွမ်းပင်မြို့ လမ်းတစ်လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံ
ခဲ့ရသည့် လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ကို တည်ထောင်သူ ချီယာဝီချီယာကို ဆင်းရဲသည့်
နိုင်ငံတွင် လူ့အခွင့်အရေးအတွက် ကာကွယ် ရပ်တည်သူတစ်ဦးအဖြစ် ပြည်သူ လူထုက အသိအ
မှတ်ပြုသည့်အနေဖြင့် ၎င်း၏ ရုပ်တုကို မေလ ၃ ရက်နေ့တွင် ဖွင့်လှစ်ပြသခဲ့သည်။
အစိုးရဝေဖန်ရေးသမားနှင့် အလုပ် သမားရေးရာ ဦးဆောင်လှုပ်ရှားသူ ချီယာ ၀ီချီယာသည်
လွန်ခဲ့သည့်ကိုးနှစ်က ဖနွမ်းပင်မြို့ လမ်းတစ်လမ်းတွင် သတင်း စာဖတ်နေစဉ် နေ့ခင်းကြောင်တောင်
ပစ်သတ်ခံရခြင်းဖြစ်သည်။
၎င်းကို လုပ်ကြံသတ်ဖြတ်မှုဖြင့် လူနှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ၎င်း တို့မှာ တကယ့်
တရားခံအစစ်များကို ကာကွယ်ပေးရန်အတွက် မှားယွင်းစွာ ပြစ်ဒဏ်ချမှတ်ခံရသူများ ဖြစ်ကြောင်း
လူ့အခွင့်အရေးအုပ်စုများနှင့် ချီယာဝီချီ ယာ၏ မိသားစုက စွပ်စွဲထားသည်။
လုပ်ခလစာနည်းပါးမှုနှင့် နိမ့်ကျသည့် အခြေအနေများကြောင့် အလုပ်သမား များအကြား
သဘောထားကွဲလွဲမှုများနှင့် မီဒီယာ မကောင်းသတင်းများထွက် ပေါ်နေသည့် ကမ္ဘောဒီးယားနိုင်ငံ
၏ အကျိုးအမြတ်များသော အဝတ်အထည် လုပ်ငန်းတွင် လုပ်ကိုင်နေသူအများစု ပါ၀င်သည့်
လွတ်လပ်သောကုန်သွယ် ရေးအဖွဲ့တွင် ယခုအချိန်၌ အဖွဲ့ဝင် ၉၀,၀၀၀ ခန့်ရှိပြီဖြစ်သည်။
ချီယာဝီချီယာ၏ ရုပ်တုထားရှိခွင့်ကို သဘောထားတင်းမာသည့် ၀န်ကြီးချုပ် ဟွန်ဆင်အစိုးရက
နှစ်ပေါင်းများစွာ ကန့်ကွက်ခဲ့ရာမှ မကြာသေးမီက ခွင့်ပြု ခဲ့ခြင်းဖြစ်ပြီး အဆိုပါရုပ်တုကို ချီယာ
၀ီချီယာ လုပ်ကြံခံရသည့် နေရာအနီးရှိ ပန်းခြံတစ်ခုထဲတွင် ထားရှိထားသည်။
လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ ၏ လက်ရှိအကြီးအကဲဖြစ်သူ ချီယာမို နီကလည်း ဘွန်းဆမ်
နန်းနှင့် ဆွတ်ခ်ဆမ် အွန်တို့ကို လွှတ်ပေးရန် တောင်းဆိုထား သည်။ ၎င်းတို့နှစ်ဦးမှာ ချီယာဝီချီယာ
လုပ်ကြံခံရမှုဖြင့် နှစ် ၂၀ ထောင်ဒဏ် ကျခံနေရသူများဖြစ်သည်။ရဲများက မတရားအမှုဆင် ထောင်
ချခြင်းဖြစ် ကြောင်း ၎င်းတို့နှစ်ဦးက စွပ်စွဲထားသည်။
(အေအက်ဖ်ပီ)

















