ခတ္တမန္ဒူ - ယခုအခါ အသက် ၈၂ နှစ် ရှိနေပြီး ဧဝရက်တောင်ထိပ်သို့
တက်ရောက်နိုင်ခဲ့သည့်အသက်အကြီး ဆုံးသူအဖြစ် ကမ္ဘာ့စံချိန်တင်ထား သော နီပေါနိုင်ငံ
သားမှာ သူကဲ့သို့ လူသိများသော အသက် ၈၀ ကျော်အရွယ် ပြိုင်ဘက်တစ်ဦးပေါ်လာ၍
သူရရှိ ထားသည့် သူ့စံချိန်ကို ဆက်လက် ကာကွယ် ထိန်းသိမ်းသွားမည်ဖြစ် ကြောင်း ပြိုင်
ပွဲကျင်းပသူများက မေလ ၂ ရက်နေ့က ပြောကြားခဲ့သည်။
အသက် ရ၆ နှစ်အရွယ်ကတည်းက ဧဝရက်တောင်ထိပ်ရောက် အသက် အကြီးဆုံး ကမ္ဘာ့စံချိန်
တင်ထားသူ မင်ဘဟာဒူးရှာချန်၏ အဓိကပြိုင်ဘက် စိန်ခေါ်သူမှာ ဂျပန်နိုင်ငံမှ ယူအီချီရို မီယူရ
ဖြစ်သည်။
ယခုအခါ မီယူရသည် ဧဝရက်တောင်တက်လမ်းပေါ် ရောက် နေပေပြီ။ သူလည်း ယနေ့ အသက်
၈၀ ပြည့်နေပေပြီ။ ၈,၈၄၈ မီတာ (၂၉,၀၂၉ ပေ)မြင့်သည့် ဧဝရက်တောင်ထိပ်သို့ နှစ်ကြိမ်တိုင်တိုင်
ရောက်ခဲ့သည့်အပြင် ၁၉၇၀ ပြည့်နှစ်က ဧဝရက်တောင်မှ ပထမဆုံး နှင်းလျှောစီးဆင်းလာသူ အဖြစ်
လည်း ကမ္ပည်းတင်ခံခဲ့ရသည်။
ရှာချန်သည် သူ့ပြိုင်ဘက် မီယူရထက် တစ်နှစ်စော၍ ၂၀၀၈ ခုနှစ်၊ မေလ တွင် ဧဝရက်တောင်
ထိပ်သို့ ရောက်ခဲ့သည်။ ယခုလှုပ်ရှားမှုမှာ အသက်ကြီးသူတို့၏ ခွန်အားအသိအမှတ်ပြု နားလည်
သဘောပေါက်လာကြစေရန် ဖြစ်ကြောင်း ရှာချန်ခရီးစဉ်ကို ဦးဆောင်ပြုလုပ်သော Himalayan
Guideကုမ္ပဏီမှ ဘင်းပေါ်ဒယ်ကဆိုသည်။
"ဒီရာသီမှာ အတက်ခရီးစထွက်ဖို့ သူ အရမ်းအားတက်နေတာ။ တောင်တက် ဖို့ သူ့မှာ အင်အား
တွေရှိပြီးသား"ဟု ရှာချန်အားညွှန်း၍ ၎င်းက အေအက်ဖ်ပီ သို့ပြောသည်။ ယခု တောင်တက်ခရီး
တွင် အသုံးပြု ရန်အတွက် နီပေါအစိုးရခရီးသွား လုပ်ငန်းဝန်ကြီးဌာနက ရူပီးငွေ တစ်သန်း
(ဒေါ်လာ ၁၁,၅၀၀) ထောက်ပံ့သည့် အပြင် စိတ်ပါ၀င်စားသူများထံမှလည်း ငွေကြေးကူညီမှုများ
ရရှိခဲ့သေးသည်ဟု ရှာချန်က အေအက်ဖ်ပီကို ပြောကြား သည်။
သူတို့ တောင်တက်အဖွဲ့သည် ဧဝရက် တာထွက်ဂိတ်ဝ (ူကုူေ) သို့ မေလ ၃ ရက် နံနက်တွင်
စတင်ထွက်ခွာ မည်ဖြစ်သည်။ "ကိုယ့်စံချိန် ကိုယ်ချိုးဖို့ အဓိကထား တက်ရောက်တယ်လို့
ဆိုရပေမယ့် ကျွန်တော့် တောင်ထိပ်စံချိန်ဟာ လူသားအားလုံးအတွက် သမိုင်းလည်း ဖြစ်လာပါ
လိမ့်မယ်"ဟု နားကြပ်တပ် ထားရသော ရှာချန်ကဆိုသည်။
ယနေ့ထိ လူသားပေါင်း ၃,၀၀၀ ကျော်တို့ ဧဝရက်တောင်ထိပ်တွင် ခြေချခဲ့ပြီးဖြစ်သည်။ တောင်
ထိပ်သို့ အကောင်းဆုံး၊ စနစ်အကျဆုံးနှင့် စံချိန်တင် အောင်မြင်စွာတက်ရောက် မှုများကို ပုံမှန်
ဖြစ်ရပ်ပမာ ပိုမိုတွေ့မြင် လာရသည်။
ဧဝရက်တောင်ထိပ်သို့ ပထမဆုံး အရောက်တက်နိုင်ခဲ့သူများ တွင် မသန်စွမ်းသူများ ပါ၀င်လာ
သည်။ လိင်တူချင်းဆက်ဆံသော အမျိုးသား တစ်ဦးလည်း ပါ၀င်လာသည်။ တစ်ကျော့ ပြန်တက်
ခဲ့သူများလည်း ရှိလာသည်။ ဧဝရက်တောင်ထိပ်သို့ လူသားများ (တန်ဇင်နော်ဂေးနှင့် အက်ဒမန်
ဟေလာ ရီ) ပထမဆုံးရောက်ခဲ့သည့် ၁၉၅၃ ခုနှစ် နှစ် ၆၀ ပြည့် ယခုနှစ် တောင်တက် ရာသီတွင်
ယခင်သီတင်းပတ် ကုန်ဆုံး ရက်က ဥရောပတောင်တက်သမား သုံးဦးနှင့် နီပေါလမ်းပြများ တောင်
တက် ခရီး၌ ခိုက်ရန်ဖြစ်ပွားမှုကား အမည်းစက် တစ်ခုအသွင် ကျန်ရစ်နေသည်။
(အေအက်ဖ်ပီ)

















