အသားလိမ်ရောင်းမှု လူ ၉၀၀ ခန့်ကို တရုတ်၌ဖမ်းဆီး

အသားလိမ်ရောင်းမှု လူ ၉၀၀ ခန့်ကို တရုတ်၌ဖမ်းဆီး

ပေကျင်း - တရုတ်နိုင်ငံ၌ ကြွက်နှင့် မြေခွေးသားများကို အမဲသား၊ သိုးသား အဖြစ်
လိမ်လည်ရောင်းချမှုအပါအဝင် တခြားအသား လိမ်လည်ရောင်းချမှုများ ဖြင့် လူ ၉၀၀ ခန့်ကို
ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း အများပြည်သူ လုံခြံုရေး ဆိုင်ရာ ၀န်ကြီးဌာနကဆိုသည်။

၎င်းမှာ ချက်ပြုတ်ပြီး ဆီများအား ပြန်လည်အသုံးပြု ရောင်းချခြင်းနှင့် ကလေးနို့မှုန့်များတွင်
အန္တရာယ်ဖြစ်စေ သော ဓာတုပစ္စည်းများပါ၀င်မှုသည် အများပြည်သူ စိုးရိမ်စရာဖြစ်ခဲ့ပြီး ယခု
သတင်းထွက်ခြင်းဖြစ်သည်။ ရာဇဝတ်မှုစုစုပေါင်း ၃၈၂ မှုရှိခဲ့ပြီး ၎င်းတို့တွင် အသားထဲ ရေထိုး
ခြင်း၊ သိုးသားအတု၊ အမဲသားအတု၊ ပုပ်သိုး ပြီးအသားများနှင့် အဆိပ်အတောက် ဖြစ်စေသော
အသားထုတ်ကုန်များ ရောင်းချမှုတို့ပါ၀င်သည်။

သံသယရှိသူ ၉၀၄ ဦးကို ဖမ်းဆီးခဲ့ပြီး အသားတုများနှင့် တခြားအရည်အသွေး နိမ့် အသားထုတ်
ကုန်တန်ချိန် ၂၀,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။ ရာဇဝတ်မှုများမှာ အရှေ့ပိုင်း ကျန်းဆု ခရိုင်မှ မြေခွေး၊
ကြွက်နှင့် တခြားဓာတု ပစ္စည်းသုံးထားသော အသားများကို သိုးသားအဖြစ် လိမ်လည်ရောင်းချမှုနှင့်
အနောက်တောင်ပိုင်း ကွေ့ကျိုးခရိုင်တွင် ကြက်ခြေထောက်များကို ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်
ရည်များ စိမ်ရောင်းချ ခြင်းတို့အထိ ပါ၀င်သည်။

၎င်းအဖြစ်အပျက်သည် တွစ်တာ လူမှုကွန်ရက်နှင့် ဆက်စပ်နေသော ှငညေ တနငဘသ မိုက်ခရို
ဘလော့ဂ်များ တွင် အဓိကဆွေးနွေးငြင်းခုံနေကြသော ပြဿနာလည်းဖြစ်သည်။ ယင်း လူမှုကွန်
ရက် အသုံးပြုသူ တစ်ဦးကမူ လူသားဆန်မှုမရှိ၍ ယင်းသို့ ဖြစ်ရသည်ဟု မှတ်ချက်ပေးထားပြီး
တခြားတစ်ဦးကမူ ယင်းအံ့ဩဖွယ် စီးပွား ရေးသမားများကြောင့် သူတို့သည် အဆိပ်အတောက်
ရာကျော်ခန့်ကို ခံနိုင်ရည်ရှိလာသည်ဟု သရော်ကာ ပြောဆိုထားကြသည်။

၎င်းအဖြစ်အပျက်သည် မတ်လက ရှန်ဟိုင်းမြစ်ထဲတွင် ၀က်အသေကောင် များ ထောင်ချီမျောပါ
လာမှုနှင့် ရေမြောင်းများမှ ပြန်လည်ထုတ်ယူသော စားသုံးဆီအမှုများကို လိုက်လံစစ်ဆေး မှု၏
နောက်ဆက်တွဲအဖြစ်အပျက် လည်းဖြစ်သည်။ ပြန်လည်အသုံးပြုထားသော ဈေးသက်သာသည့်
စားသုံးဆီများမှာ စားသောက်ဆိုင်၏ ရေမြောင်းများ၊ စားကြွင်းစားကျန်အဆီများကို ပြန်လည် စစ်
ထုတ်ရောင်းချမှုဖြစ်သည်။

၂၀၀၈ ခုနှစ်ကလည်း နို့ထွက်ပစ္စည်း များတွင် ဓာတု မယ်လမင်းများပါ၀င်မှု ကြောင့် ကလေးခြောက်
ဦး သေဆုံးခဲ့ရပြီး လူသုံးသိန်းခန့် နာမကျန်းဖြစ်ခဲ့ရသည်။ မကြာသေးမီက အဖြစ်အပျက်တစ်ခု
တွင်မူ အမေရိကန် အစားအသောက် ကုမ္ပဏီဖြစ်သည့် ုင်္ဃ ကြက်ကြော် ဆိုင်များသည် တရုတ်
နိုင်ငံမှ တင်သွင်း သော ပိုးသတ်ဆေးပါ၀င်မှုနှုန်းများသည့် ကြက်သားများကို အသုံးပြုခဲ့သည်ဟု
ငြင်းခုံမှုများ ထွက်ပေါ်ခဲ့သည်။ ယင်း နှုန်းထားမှာမူ တရုတ်နိုင်ငံ၌ ကျယ်ကျယ် ပြန့်ပြန့်သုံးနေသည့်
နှုန်းထားဖြစ်သည် ဟုသိရသည်။

(အေအက်ဖ်ပီ)