ပစ်လွှတ်စင်တစ်ခုမှ မကြာမီ စမ်းသပ်ပစ် လွှတ်သွားရန် ရည်ရွယ်ထားသော ဒုံးကျည်နှစ်စင်းကို
မြောက်ကိုရီး ယားက ရှင်းလင်းရွှေ့ပြောင်းသွားပြီး ဖြစ်ကြောင်း အမေရိကန်အရာရှိများ က မေလ
၆ ရက်နေ့တွင် ပြောကြား လိုက်သည်နှင့်အတူပင် အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ထိပ်
သီး ဆွေးနွေးပွဲတစ်ခု အကြို၌ မြောက်ကိုရ ီးယား၏ တင်းမာမှုများလည်း အနည်းငယ် လျော့ကျ
သွားခဲ့သည်။
မြောက်ကိုရီးယားသည် မိုင်ပေါင်း ၃,၅၀၀ (ကီလိုမီတာ ၅,၆၃၀) အကွာ အဝေးအထိ ရောက်ရှိနိုင်
သော မူဆူဒန် ဒုံးကျည်များကို ပစ်ခတ်၍ နျူကလီး ယားစစ်ပွဲ ဆင်နွှဲမည်ဟုဆိုသော ခြိမ်းခြောက်
မှုများအပါအဝင် ရန်စမှုများ စွာကို တိုးမြှင့်လုပ်ဆောင်လာသည့် အတွက် အမေရိကန်နှင့် တောင်
ကိုရ ီး ယားအရာရှိများသည် စိုးရိမ်မကင်း ဖြစ်ခဲ့ကြရသည်။
သို့ရာတွင် အမေရိကန်ကာကွယ် ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက အေ
အက်ဖ်ပီကို ပြောကြားချက်အရ "ဒုံးကျည်တွေကို သူတို့ ရွှေ့သွားပါပြီ" ဟူ၍သိရကာ လတ်တ
လောကာလအတွင်း ဒုံးကျည်ပစ် လွှတ်မည့် ခြိမ်းခြောက်မှုမရှိတော ့ကြောင်း ၎င်းကဆိုခဲ့သည်။
ယမန်နှစ်က နျူကလီးယား စမ်း သပ်မှုတစ်ခုပြုလုပ်ခဲ့ခြင်းဖြင့် ကမ္ဘာကိုကို င်လှုပ်ခဲ့သည့် မြောက်
ကိုရီးယား သည် ဒုံးကျည်ပစ်လွှတ်မည့် အစီ အစဉ်အတွက် စိတ်အပြောင်းအလဲဖြ စ်ခဲ့ပါက ထင်
သာမြင်သာရှိသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွား ရလိမ့်မည်ဖြစ်ကြောင်း အရာရှိနှစ်ဦး က
ပြောသည်။
ငယ်ရွယ်၍ ခန့်မှန်းရခက်သည့်ခေါ င်းဆောင် ကင်ဂျုံအန်း၏ လက်ထက် ၌ မြောက်ကိုရီးယားနိုင်ငံ
၏ လှုပ်ရှားမှု များသည် အမြဲဆိုသလိုပင် ရှင်းရှင်း လင်းလင်း ချက်ချင်း သိရှိရခြင်းမရှိခဲ့ချေ။
သို့ရာတွင် မေလ ရ ရက်နေ့က အိမ်ဖြူတော်တွင် သမ္မတအိုဘားမား နှင့် တောင်ကိုရီးယားသမ္မတ
သစ် ပတ်ဂွမ်ဟေးတို့ ပထမဆုံးအကြိမ်တွေ့ ဆုံမှုအကြိုနေ့၌ မြောက်ကိုရီးယား၏ ယင်းသို့ဒုံးကျည်
များ ရွှေ့ပြောင်းမှုဖြ စ်ပေါ်လာခြင်းကို အမေရိကန်ပြ ည်ထောင်စုတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းကမူ အိမ်ဖြူတော်အဆင့်မြ င့်အရာရှိတစ်ဦးက အမေရိကန်ပြ ည်ထောင်စုကပင်လျှင်
နျူကလီး ယားထိပ်ဖူးတပ် ရေဒါရှောင် B-2 ဗုံးကြဲလေယာဉ်များကို တောင်ကိုရီး ယားနိုင်ငံအပေါ်၌
စေလွှတ်ခဲ့ရသည့် မြောက်ကိုရီးယား၏ ရန်လိုမှုများမှာ အဆုံးသတ်သွား မသွားဆိုခြင်းကိုပြောရန်
သည် စောလွန်းလျက်ရှိသည်ဟု ဆိုခဲ့သည်။
"မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ ဟာ တက်လာသလား၊ ကျလာသလား၊ ကွေ့ကောက်သွားသလား
ဆိုတာကို ကောက်ချက်ချဖို့ အချိန်မတန်သေး ပါဘူး" ဟု အိုဘားမား၏ အမျိုးသား လုံခြံုရေးကောင်
စီဆိုင်ရာ အရှေ့အာရှရေးရ ာအဆင့်မြင့်ဒါရိုက်တာ ဒန်နီ ရပ်ဆယ်လ်က ပြောသည်။
"လေ့လာသုံးသပ်သူ အတော်များ များကတော့ မြောက်ကိုရီးယားရဲ့ရန်စ မှုတွေဟာ မီးရှူးမီးပန်းပြ
ပွဲလိုမျိုးနဲ့ အဆုံးသတ်သွားမယ်လို့ ခန့်မှန်းထားကြတာပဲ" ဟု ရပ်ဆယ်လ်ကဆိုသည်။ အမေရိကန်
ပြည်ထောင်စုနှင့် ယင်း၏ မဟာမိတ်များဖြစ်ကြသည့် တောင်ကိုရီး ယားနှင့် ဂျပန်နိုင်ငံတို့က မြောက်
ကိုရီး ယားသည် ယင်း၏ ဧပြီလ ၁၅ ရက်နေ့အမျု ိးသားအခမ်းအနား၌ မူဆူဒန်တာ လတ်ပစ်ဒုံး
ကျည်များကို စမ်းသပ်ပစ် လွှတ်သွားဖွယ်ရှိသည့် အလား အလာအတွက် ပြင်ဆင်ထားကြသော်
လည်း ယင်းပစ်လွှတ်မှုသည် ယခုအချိန်အထိ ဖြစ်ပေါ်လာခြင်းမရှိခဲ့ပေ။
(အေအက်ဖ်ပီ)
















