ဆိုးလ် - တောင်ကိုရီးယားနှင့် နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ် တင်သင်္ဘော
USS Nimitz ဦးဆောင်သော အမေရိကန် တိုက်ခိုက် ရေး ရေတပ်အုပ်စုသည် မြောက်ကိုရီး ယား
က မဆင်မခြင် ရန်စမှုနှင့် စစ်ရေး အတွက် ဆက်တိုက်လေ့ကျင့်မှုဟု သမုတ် လိုက်သော ပူးတွဲ
စစ်လေ့ကျင့်ရေးကို မေလ ၁၃ ရက်နေ့က စတင်လိုက်သည်။
အဆိုပါ နှစ်ရက်ကြာ ပူးတွဲရေကြောင်း စစ်လေ့ကျင့်ရေးကို တန်ချိန် ၉၇,၀၀၀ ရှိသည့် ကမ္ဘာပေါ်
တွင် အကြီးမားဆုံး ဖြစ်သော စစ်သင်္ဘောများစာရင်းတွင် အပါအဝင်ဖြစ်သော နီမစ်ဇ် လေယာဉ်
တင်စစ်သင်္ဘောကြီး သီတင်းတစ်ပတ် အကြာက ဆိုက်ကပ်ထားခဲ့သော တောင်ကိုရီးယားနိုင်ငံ
ဘူဆန် ဆိပ်ကမ်း မှ စတင်ထွက်ခွာခြင်းဖြင့် စတင်ခဲ့ကြောင်း အမေရိကန်ရေတပ်က ကြေညာချက်
တစ်ရပ်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲစစ်လေ့ကျင့်ခန်းတွင် လေယာဉ်များ ပူးတွဲပျံသန်းမှုစစ်ဆင်ရေး များ၊ တိုက်ခိုက်မှုများ
အား လေကြောင်း မှကာကွယ်ရေး လုပ်ဆောင်မှုများ၊ မြေပြင်ချီတပ်များ၊ ပူးတွဲစစ်ဆင်ရေး လေ့
ကျင့်မှုများ၊ စစ်သင်္ဘောများ လမ်းကြောင်းတိကျစွာ စစ်ချီခုတ်မောင်း ရေးလေ့ကျင့်မှုများနှင့် တပ်
များအကြား ပေါင်းကူးဆက်သွယ်ရေး အရာရှိများ အလဲအလှယ်ပြုခြင်း စသည်တို့ပါ၀င် ကြောင်း
အဆိုပါထုတ်ပြန်ကြေညာချက် က ဖော်ပြသည်။
ထိန်းကျောင်းပစ်ခတ်နိုင်သည့် ဒုံး ကျည်များတပ်ဆင်ထားသည့် ခရူဇာ တိုက်သင်္ဘောများနှင့်
ထိန်းကျောင်း ဒုံးကျည်များတပ်ဆင်ထားသည့် ဖျက် သင်္ဘောများ အပါအဝင်ဖြစ်သော အခြား
စစ်ရေယာဉ်အများအပြား ပူးတွဲ ပါ၀င်သော ပူးတွဲစစ်လေ့ကျင့်မှုအား ဒေသတွင်းလုံခြံုရေးနှင့်
တည်ငြိမ် အေးချမ်းရေးကို အားဖြည့်ပံ့ပိုးသည့် အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆို
ပါကြေညာချက်က ဆက်လက် ဖော်ပြသည်။
အဆိုပါ ပူးတွဲစစ်ဆင်ရေးကို မြောက်ကိုရီးယား၏ ဖေဖော်ဝါရီလ အတွင်းက နျူကလီးယားလက်
နက် စမ်းသပ်ပစ်လွှတ်မှုကြောင့် မြင့်မားသော စစ်ရေးဆိုင်ရာ တင်းမာမှုများမှ ကိုရီးယား ကျွန်းဆွယ်
ဒေသ ကင်းလွတ်လာခါစ အချိန်တွင် ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ နျူကလီးယားလက်နက်စမ်းသပ်မှုအပြီးတွင် ကုလသမဂ္ဂက ချမှတ်ခဲ့သော စီးပွားရေးပိတ်
ဆို့မှုနှင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ကြီးမားသော ပူးတွဲစစ်လေ့ကျင့်မှုများ နှင့်ဆက်စပ်
၍ ဒေါသအမျက်ရှပြီး မြောက်ကိုရီးယားနိုင်ငံသည် မတ်လနှင့် ဧပြီလတို့၏ အများစုကို တောင်ကို
ရီး ယားနှင့် အမေရိကန် ပြည်ထောင်စု တို့အား နျူကလီးယားထိပ်ဖူးတပ် ဒုံးလက်နက်ကြီးများဖြင့်
တိုက်ခိုက်မှု အပါအဝင် ပြင်းထန်သော ကြိမ်းဝါးသတိ ပေးမှုများဖြင့် အချိန်ကုန်စေခဲ့သည်။
ယခု နောက်ဆုံးအကြိမ်ပြုလုပ်သော နီမစ်ဇ်လေယာဉ်တင်သင်္ဘော ပါ၀င် သည့် ရေကြောင်းပူးတွဲ
စစ်ရေးလေ့ကျင့် မှုအား မြောက်ကိုရီးယားနိုင်ငံက 'နက်ရှိုင်း သော စစ်ရေးရန်စမှု'ဟု ကင်ပွန်းတပ်
လိုက်ပြီး ၎င်းက တင်းမာမှုများ အသစ် အသစ်ဖြစ်ပေါ်လာစေလိမ့်မည်ဖြစ် ကြောင်း ပြောကြား
လိုက်သည်။
(အေအက်ဖ်ပီ)

















