ကန်ဒါနာ - သီရိလင်္ကာ လက်ဖက်ရည် ကြမ်းပူပူတစ်ခွက် သောက်ရုံဖြင့် အမောပြေ
ဘဝင်ကျသွားစေသည်ဟု လူသိများလာခဲ့သည်။ ယနေ့သော် အမြတ်အစွန်း အများဆုံးရသော
နိုင်ငံ၏ ပြည်ပပို့ကုန်ဖြစ်သည့် လက်ဖက်ရည် ကြမ်းကို သီရိလင်္ကာနိုင်ငံက ကာမစိတ် ပိုမိုတက်
ကြွစေသည့် ဇိမ်ခံသောက်သုံး ဖွယ်အဖြစ် တင်ပို့ရောင်းချနေသည်။
"လက်ဖက်ရည်ကြမ်းကို ဆင်းရဲ နွမ်းပါးသူတွေ အစဉ်အလာ သောက်သုံး ကြတာပါ။ ကျွန်တော်
တို့က ထိပ်တန်း ကုန်ပစ္စည်းတစ်ခုအဖြစ် ရောင်းချချင် နေကြပါတယ်"ဟု HVA Foods ကုန်စုံဆိုင်
ဖွင့်ထားသူ ရိုဟန်ဖာနန်ဒိုက ဆိုသည်။
သူ့ဆိုင်တွင် အကောင်းဆုံး သီရိလင်္ကာ လက်ဖက်ရည်ကြမ်း ဂရမ် ၆၀ ၀င် ဖန်ဘူးတစ်ဘူးကို
ဒေါ်လာ ၃၅၀ ဖြင့် ရောင်းချနေသည်။ သီရိလင်္ကာ လက်ဖက်ရည်ကြမ်းနှင့် ကာမအား ဆက်နွှယ်
မှုကို ဆေးပညာ အရ ခိုင်မာသည့် စစ်ဆေးအဖြေထုတ် မှုမျိုးမရှိသေးသော်လည်း သီရိလင်္ကာ
သား လက်ဖက်ရည်ကြမ်း ကြိုက်သူများ ကမူ ယခုကဲ့သို့ပင် ရှေးယခင်ကတည်း က ယူဆလာ
ခဲ့ကြသည်။
ခွန်အားတိုးစေသော လက်ဖက်ခြောက် များကို အကောင်းဆုံး အဖြူရောင် လက်ဖက်ခြောက်
(White Teas) ဟု ခေါ်သည်။ အဖြူရောင်လက်ဖက်ရည် ကြမ်းတွင် ငွေရောင် လက်ဖက်ရွက်ဖူး၊
သို့မဟုတ် ရွှေရောင် လက်ဖက်ရွက်ဖူး များပါ၀င်သည်။ ငွေရောင်နှင့် ရွှေရောင် လက်ဖက်ရွက်ဖူးကို
တရုတ်ကုန်သည် ကြီးများ၊ ချမ်းသာသော ဆော်ဒီအာရေ ဗျနှင့် ဂျပန်သူဌေးများ အထူးနှစ်ခြိုက်
ကြသည်ဟု ဖာနန်ဒိုကဆိုသည်။
သမားရိုးကျ လက်ဖက်နှင့်မတူသည့် အချက်မှာ အဖြူရောင်လက်ဖက်များကို နူးညံ့သော လက်ဖက်
ရွက်ဖူးများဖြင့်သာ ပြုပြင်ထားခြင်းဖြစ်သည်။ လက်ဖက်ရွက် ဖူးများကို ရွှေရောင်၊ သို့မဟုတ်
ငွေရောင် ရသည်အထိ အထူးဂရုစိုက် နေလှန်း ရသည်။ မြို့တော် ကိုလံဘို မြောက်ဘက် ကန်ဒါနာ
မြို့ရှိ ဖာနန်ဒို၏ လက်ဖက်ရည် ကြမ်းထုတ်လုပ်သည့် စက်ရုံမှ ကြွေဘူး များဖြင့် ထည့်ထားသော
သီရိလင်္ကာ၏ အကောင်းဆုံး လက်ဖက်ရည်ကြမ်းများ ထုတ်လုပ်လျက်ရှိသည်။
လက်ဖက်ရည် ကြမ်း ကြွေဘူးများကို အနက်ရောင် ကတ္တီပါပတ်ထားပြီး အနီရောင်ဖဲကြိုး ဖြင့်
ချိပ်ပိတ်ထားသည်။ လက်ဖက်ရည်ကြမ်းတွင် ကျန်းမာရေး အကျိုးပြုသောPolyphenols,
flavonoids နှင့် anti-oxidants(ဓာတ်တိုး ဆန့်ကျင်ပစ္စည်း) ဓာတ်များ ပါ၀င်သော ကြောင့်
လူ၏ကိုယ်ခံအားနှင့် သွေးလည် ပတ်မှု ပိုမိုကောင်းမွန်စေသည်။
လက်ဖက်ရွက်များကို ဆွတ်ခူးစဉ် ကပင် လက်ဖြင့်မခူး၊ ထုတ်လုပ်စဉ် တစ်လျှောက်လုံး လူ၏
လက်ဖြင့်မထိဘဲ အထူးစီမံ ထုတ်လုပ်ထား၍ 'အပျိုစင် အဖြူ' လက်ဖက်ရည်ကြမ်း
(Virgin White Tea) အမည်ဖြင့် ထုတ်လုပ် တင်ပို့နေသော နာမည်ကျော် လက်ဖက် ရည်ကြမ်း
လုပ်ငန်းရှင်ကြီး ဟာမင် ဂူနာရက်နီက ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဖွင့်လှစ်သည့် Mariage Freres
လက်ဖက်ခြောက် ကုန်စည်ပြပွဲ၌ ၎င်း၏ ဂရမ် ၂၀ ၀င် ရေနွေးကြမ်းဘူးများကို တစ်ဘူး ၈၈ ဒေါ်
လာနှုန်း (တစ်ကီလို ဂရမ် လျှင် ဒေါ်လာ ၄,၄၀၀) ဖြင့် လက်လီ ရောင်းချခဲ့သည်။
သူ့ရေနွေးကြမ်းတွင် အင်တီအောက် ဆီဒင့် (anti-oxidants) ၁၀ ဒသမ ၁၁ ရာခိုင်နှုန်းပါ၀င်သော
ကြောင့် ယင်း ဓာတ်ပမာဏ အများဆုံးဖြစ်နိုင်ကြောင်း ၎င်းက အေအက်ဖ်ပီ သတင်းထောက် အား
ပြောသည်။
လက်ဖက်သည် သီရိလင်္ကာနိုင်ငံ၏ ရိုးရာစားသောက်ဖွယ် မဟုတ်ပေ။ ၁၈၄၉ ခုနှစ်တွင် စကော့
တလန်နိုင်ငံ သား ဂျိမ်းစ်တေလာက လက်ဖက်ပင် (Camellia Sinensis) သီရိလင်္ကာ နိုင်ငံတွင်
ပထမဆုံးအကြိမ် စိုက်ပျိုးခဲ့ ချိန်မှစ၍ လက်ဖက်သည် သီရိလင်္ကာ နိုင်ငံ၏ အခြေခံပြည်ပထုတ်
ကုန်တစ်ခု ဖြစ်လာခဲ့သည်။
ယခင်နှစ် (၂၀၁၂) ခုနှစ် က လက်ဖက်တင်ပို့မှုဖြင့် နိုင်ငံ့ဝင်ငွေ ဒေါ်လာ တစ်ဘီလျံခွဲနီးပါးတိုးခဲ့
သည်။ သီရိလင်္ကာနိုင်ငံသည် အပတ်စဉ် လက်ဖက်ကီလို ငါးသန်းမှ ခြောက်သန်း (ပေါင် ၁၀
သန်းမှ ၁၃ သန်း) အရောင်း အဝယ်ဖြစ်နေသော ကမ္ဘာ့အကြီးဆုံး အပတ်စဉ် လက်ဖက်လေလံ
ပွဲကြီးကို လည်း ပုံမှန်ပြုလုပ်လျက်ရှိသည်။
သို့သော် ယခင်နှစ် (၂၀၁၂) က လက်ဖက်ကီလို သန်း ၃၂၀ နီးပါး ပြည်ပ သို့တင်ပို့ခဲ့ပြီးဖြစ်ရာ
ရောင်းအားအများ ဆုံးအဆင့်သို့ မကြာမီရောက်ရှိလာနိုင် ဖွယ်ရှိနေသည်။ သီရိလင်္ကာအား ကမ္ဘာ
သိအောင် ဖော်ဆောင်လိုသူ များတွင် ဂူနာရက်နီ လည်းပါ၀င်နေရာ အဆင့်အတန်းမြင့်ပြီး ဈေးနှုန်း
လည်း မြင့်သည့် အကောင်းဆုံး လက်ဖက်များကို နာမည်သစ်များဖြင့် ထုတ်လုပ်သွားရန် ကြံရွယ်
ထားသည်။ ၏
သီရိလင်္ကာ လက်ဖက်လုပ်ငန်းအဖွဲ့ ကမူ ဆယ်စုနှစ်များအတွင်း ပထမဆုံး အကြိမ်အဖြစ် အရည်
အသွေးကောင်းပြီး ဈေးနှုန်းမြင့်သည့် ကျန်းမာရေး အကျိုးပြု လက်ဖက်များကို နိုင်ငံတကာဈေးကွက်
အရောက် သယ်ဆောင်ဖြန့်ဖြူးတော့ မည်ဖြစ်သည်။
လောလောဆယ်တွင် တစ်နိုင်ငံလုံး ထွက်သည့်လက်ဖက် ၄၂ မှ ၄၃ ရာခိုင် နှုန်းကိုသာ သုံးကီလို
ခန့်ဝင်သည့် အိတ် များဖြင့် ပြည်ပသို့တင်ပို့နေသည်။ သို့သော် လာမည့်ငါးနှစ်အတွင်း ၆၀ ရာခိုင်
နှုန်းအထိ တိုးမြှင့်တင်ပို့သွားမည် ဟု အဖွဲ့ဒါရိုက်တာက ဆိုသည်။
(အေအက်ဖ်ပီ)
















