အသက် ၈၀ အရွယ် ဂျပန် တောင်တက် သမားကြီးသည် ၎င်း၏ ဧဝရက်တောင် တက်ခရီးစဉ်ကို
စတင်ခဲ့ပြီဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ၎င်း သည် ကမ္ဘာ့ခေါင်မိုးပေါ်ရောက်သည့်
အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာရန် ကြိုးပမ်းမှုပင် ဖြစ်သည်။
"ကျွန်တော်တို့ မေလ ၂၄ ရက်နေ့မှာ တောင်ထိပ်ပေါ်မှာရပ်ဖို့ ရည်မှန်းထား ပါတယ်။ ကျွန်တော်
တို့အားလုံးဟာ တောင်ပေါ်ရောက်နိုင်ဖို့ အခြေအနေ ရရှိဖို့ ကောင်းကောင်းလုပ်နေပါတယ်" ဟု
၎င်းကပြောသည်။
မီအူရာသည် ဧဝရက်တောင်ထိပ်သို့ တက်သည့် အသက်အကြီးဆုံး အမျိုး သားဖြစ်ခဲ့သည့် ၂၀၀၃
ခုနှစ်က သူ ပထမဆုံး ပိုင်ဆိုင်ထားသော ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းကို ပြန်လည်ရယူ ရန်ကြိုးပမ်း
နေသည်။
ယင်းစံချိန်သည် အသက် ရ၁ နှစ် အရွယ်တွင် တောင်ထိပ်သို့ ရောက်ခဲ့ သည့် ဂျပန်အမျိုးသား
တစ်ဦးက ၂၀၀၇ ခုနှစ်တွင် ချိုးသွားခဲ့သည်။ လက်ရှိ စံချိန်တင်ထားသူသည် အသက် ရ၆ နှစ်
အရွယ်တွင် ၂၀၀၈ ခုနှစ်၊ မေလက ၈,၈၄၈ မီတာ (၂၉,၀၂၈ ပေ) မြင့်သည့် တောင်ထိပ်ကို ခြေချ
ခဲ့သည့် နီပေါလူမျိုး မင်ဗဟာဒူးရှာချန် ဖြစ်သည်။
၀ါရင့်စွန့်စားသူ မီအူရာသည် ဧဝရက် တောင်မှနှင်းလျှောစီးသည့် ပထမဦးဆုံး လူဖြစ်လာသဖြင့်
၁၉၇၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းက အာရုံစိုက်ခံရသူ ဖြစ်လာသည်။ ၎င်း၏ လေထီးအကူအညီ
ဖြင့် တောင်မှဆင်းသက်မှုသည် အကောင်းဆုံးသတင်းမှတ်တမ်း ရုပ်ရှင် ကားအတွက် အကယ်ဒမီ
ဆု ချီးမြှင့်ခြင်း ခံရသည်။
'ဧဝရက်မှ နှင်းလျှောစီးသည့် လူသား'ဟူသော ၁၉၇၅ ခုနှစ် ရုပ်ရှင်တွင် သတင်းမှတ်တမ်းတင်ခြင်း
ခံရသည်။ သူ့ဖခင် ကာဇိုသည် အသက် ၉၉ နှစ် အရွယ်တွင် ဘလန့်ဟူသော တောင်မှ နှင်းလျှော
စီးခဲ့သဖြင့် မီအူရာ သွေးထဲ တွင် သူ့ဖခင်စိတ်ဓာတ်မျိုး ကိန်းအောင်း နေသည်မှာ သဘာဝပင်ဖြစ်
သည်။
(အေအက်ဖ်ပီ)
















