မလေးရှားရွေးကောက်ပွဲ အပြုသဘောဆောင် သတင်းစကားပါး

မလေးရှားရွေးကောက်ပွဲ အပြုသဘောဆောင် သတင်းစကားပါး

လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က ကျင်းပခဲ့တဲ့ မလေးရှားရွေးကောက်ပွဲဟာ ဘက်မလိုက်တဲ့
လေ့လာသူတွေအဖို့ အလွန်ကျေနပ်ဖွယ် ဖြစ်ခဲ့ပါတယ်။

ကန့်ကွက်မှုတချို့ ရှိခဲ့ပေမယ့် မလေးရှားနိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်လျက်ရှိတာကိုတွေ့ရပြီး
ဒေသတွင်းသို့လည်း အပြုသဘောဆောင်တဲ့ သတင်းကိုပေးလိုက်တယ်။

အထူးသဖြင့် အာဏာရှင်ဆန်တဲ့ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေဆီကို ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို ယုံကြည်မှုရှိကြောင်း မလေးရှား မဲဆန္ဒရှင်တွေက ထပ်လောင်း အတည်ပြုကာ
၈၀ ရာခိုင် နှုန်း မဲပေးမှုရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့မှ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး
ဖီးလ်ရောဘတ်ဆန်က ပြောခဲ့တယ်။

တကယ့် ရလဒ်အနေနဲ့ကတော့ အာဏာရ အမျိုးသား တပ်ဦးညွန့်ပေါင်း ပါတီနဲ့ ဒီပါတီရဲ့
ခေါင်းဆောင် ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ အေးအေးဆေးဆေးအနိုင်ရခဲ့ပြီး အမတ်နေရာ ၁၃၃
နေရာရခဲ့တယ်။

အတိုက်အခံပါတီ ပြည်သူ့မဟာမိတ်ပါတီ (People Alliance) ကတော့ အမတ် ၈၉ နေရာ ရရှိ
ခဲ့တယ်။

ဒီအမတ် ၄၅ နေရာ ကွာခြားမှုထဲမှာတော့ ၀န်ကြီးချုပ်ရဲ့ စရိုက်နဲ့ မလေးရှားနိုင်ငံရဲ့ လူမှုရေး
ပေါင်းစည်း ညီညွတ်မှုကို စမ်းသပ်မယ့် နတ်ဆိုး တချို့လည်း ရှိနေကြတယ်။

၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတုန်းက သိပ်မဟန်လှခဲ့တဲ့အတွက် အမျိုးသားတပ်ဦးရဲ့ ဩဇာညောင်းတဲ့
အဖွဲ့ဝင် စည်းလုံးညီညွတ်သော မလေးအမျိုးသားအဖွဲ့ (United Malays National Organization
- UMNO) ဟာ အလျင်အမြန်ပဲ အဲဒီအချိန်တုန်းက ၀န်ကြီးချုပ် အဗ္ဗဒူလာ ဘာဒါ၀ီကို ဖယ်ရှား
လိုက်ပြီး အခြေအနေ ပြန်လည်ကောင်းလာဖို့ အတွက် နာဂျစ်ကို ထိုးထည့်လိုက်တယ်။

မေလ ၅ ရက်နေ့မှာ ပြန်လည်ကောင်းလာဖို့ မလုပ်နိုင်တဲ့အပြင် နောက်ထပ် အမတ်ခုနစ်နေရာ
ဆုံးရှုံးသွားပြီး အဓိကကျတဲ့ ဆီလန်ဂေါ်ပြည်နယ်ကိုလည်း ပြန်လည်မရနိုင်ခဲ့ဘဲ တပ်ဦးအဖွဲ့ဟာ
အများပြည်သူရဲ့ ဆန္ဒမဲကို လေးသိန်းနီးပါးကွာဟပြီး ဆုံးရှုံးသွားခဲ့တယ်။

မြောက်ပိုင်း အချက်အချာဒေသမှာရှိတဲ့ ကျေးလက်ရွာသူ ရွာသားတွေဆီမှာသာ တပ်ဦးအဖွဲ့က
မဲကို ထိန်းထား နိုင်ခဲ့တယ်။

ကီဒါးပြည်နယ်ကို ကုတ်ခြစ်ပြီးပြန်ယူခဲ့တယ်။ ကီလန်တန်နဲ့ ပီရတ် ပြည်နယ်တွေမှာလည်း မဲအား
သာခဲ့တယ်။

ကြွယ်ဝချမ်းသာပြီး နိုင်ငံရေးအရ ဗျူဟာကျတဲ့ ဂျိုဟိုးနဲ့ ဆီလန်ဂေါ်ပြည်နယ်နှစ်ခုမှာအတော်
ကလေး ရှုံးနိမ့်ခဲ့ပြီး နာဂျစ်ရဲ့ဇာတိ ပါဟန်ပြည်နယ်နဲ့ သယံဇာတကြွယ်ဝတဲ့ ဆားဘားပြည်နယ်တို့
မှာလည်း ရှုံးနိမ့်ခဲ့ကြတယ်။

အန်ဝါ အီဘရာဟင် ဦးဆောင်တဲ့ ပြည်သူ့မဟာမိတ်ပါတီဟာလည်း မြို့ပြ နေရာများနဲ့ မလေးလူမျိုး
မနေတဲ့ နေရာများမှာ အတော်လေး အောင်မြင်ခဲ့ပေမယ့် ကျေးလက်ဒေသမှာရှိတဲ့ မလေး
မွတ်စလင်တွေရဲ့ မဲဆန္ဒကိုမရနိုင်ခဲ့ဘူး။

ပါတီအဆင့်များတွင် UMNO နောက် ကဒုတိယလိုက်နေတဲ့ ပြည်သူ့မဟာမိတ်ပါတီရဲ့ တရုတ်
အစိတ်အပိုင်းဖြစ်တဲ့ Democratic Action Party(DAP) ဟာ အမတ် ၃၈ နေရာကို ထူးခြားစွာရရှိ
လိုက်တယ်။

ရွေးကောက်ပွဲမှာ အများပြည်သူတို့ရဲ့ စောင့်ကြည့်အခံရဆုံးဖြစ်တဲ့ ဂီလန်ပတား မဲဆန္ဒနယ်မှာ DAP
ရဲ့ ၀ါရင့် ခေါင်းဆောင် လင်ကစ်ဆီယန်က ဂျိုဟိုး ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို အပြတ်အသတ် အနိုင်
ရလိုက်တယ်။

အစိုးရရဲ့အဓိက တရုတ်တွဲဖက် အဖော်ကတော့ အစိုးရဆီက လိုက်လျောမှုတွေ၊ တခြားကူညီပံ့ပိုးမှု
တွေ ရခဲ့တာတောင် အမတ် ခုနစ်နေရာပဲ ရလိုက်တယ်။

ဒီဆုတ်ဆိုင်းမှုကို မမျှော်လင့်တဲ့ 'တရုတ်ဆူနာမီ'လို့ နာဂျစ်ကခေါ်ခဲ့တယ်။

အမှန်မှာတော့ မကျေနပ်တဲ့ လှိုင်းလုံးကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကစခဲ့ တယ်။

အဲဒီတုန်းက မလေးလူမျိုး မဟုတ်သူတွေကို ဒုတိယတန်းစား နိုင်ငံသားတွေလို့ တရားဝင်သတ်မှတ်
ခဲ့တယ်။

၀န်ကြီးချုပ်ဟာ ဒီလိုလူမျိုးရေးခွဲခြားမှုဆန်တဲ့ မလေးလူမျိုးတွေရဲ့ အထူးအခွင့်အရေးတွေကို
တစ်ပြေးညီဖြစ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် UMNO ပါတီအတွင်းမှာ ပေါက်ရောက်ခြင်းမရှိဘူး။

ဒါပေမဲ့လည်း တပ်ဦးပါတီ အတွင်းမှာ တစ်ဖက်စွန်းရောက်တဲ့ အစ္စလာမ်ဂိုဏ်းမှ ပြုပြင်ပြောင်းလဲမှု
ကို ဆန့်ကျင်တဲ့ အတိုက်အခံသမားတွေဟာ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့တယ်။

အတိုက်အခံ ပါတီရဲ့ တင်းကျပ်တဲ့ဘာသာရေးဝါဒီ တွေလည်း ဒီလိုအဖြစ်မျိုးနဲ့ ကြံုခဲ့ကြရတယ်။

ဒီရွေးကောက်ပွဲရဲ့ အပြုသဘောဆောင်တဲ့ ရှုထောင့်ကတော့ မလေးရှားနိုင်ငံသား အများစုတို့ဟာ
အစ္စလမ္မစ် အစွန်းရောက်တွေအတွက် အချိန်မပေးနိုင်တော့ဘူးဆိုတာ အတည်ပြုလိုက်တဲ့
သဘောပါပဲ။

ဒီတော့ နာဂျစ်နဲ့ အန်ဝါတို့ရဲ့အခြေ အနေဘယ်လိုလဲ။

အသက် ၆၅ နှစ် အရွယ်ရှိ အန်ဝါက ပြည်သူ့မဟာမိတ် ပါတီရွေးကောက်ပွဲမှာ မနိုင်ရင် ရာထူးက
ဆင်းပေးမယ်လို့ ကတိပေးခဲ့တယ်။

အခု သူဟာ သူ့ကတိကို ဖျက်သိမ်းလိုက်ပြီ။

အန်ဝါကို မဲဆန္ဒရှင်တွေ၊ အတိုက်အခံ ပါတီခေါင်းဆောင်ရဲ့ ရာထူးကို စွန့်လွှတ်ဖို့ အသိပေးလိုက်တဲ့
သဘောပင်ဖြစ်တယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ နာဂျစ်ကလည်း အန်ဝါထက်စာရင် အဆင်ပြေနေပေမယ့်ပြီးခဲ့တဲ့
ရွေးကောက် ပွဲတုန်းက အတိုက်အခံပါတီ အနိုင်ရရှိခဲ့တာတွေကို ပြန်လည်ရရှိဖို့ မလုပ်နိုင်တာရယ်၊
ချီတုံချတုံ လုပ်တတ်တာရယ် တို့က သူ့ရဲ့ဝန်ကြီးချုပ်ရာထူးကို ခိုင်မြဲစေဖို့ သိပ်မလုံခြံုလှဘူး။

ဒီနှစ်ကုန်ခါနီးမှာ UMNO ပါတီ ညီလာခံကျင်းပမှာဖြစ်လို့ ခေါင်းဆောင်ပိုင်း ပြန်လည်သုံးသပ်မှုရှိ
မယ်။

ဒါပေမဲ့ အောင်မြင်ဖို့ အခွင့်အလမ်းကတော့ မရှိသလောက်ပါပဲ။

နာဂျစ်ရဲ့ လုပ်ဆောင်မှုကြောင့်မဟုတ်ဘဲ ပါတီ ရဲ့ ထိပ်ပိုင်းအဆင့်မြင့်ပိုင်းမှာ တက်တက် ကြွကြွနဲ့
အမြော်အမြင်ရှိတဲ့ လူတွေ နည်းပါးနေတာကြောင့်ပဲ ဖြစ်တယ်။

ဒါကြောင့် အတိုက်အခံတွေ ဆက်လက်တိုးလာဖို့ရှိပြီး တစ်နေ့မှာ ဆူနာမီရေလှိုင်းဟာ အာဏာရ
ပါတီရဲ့ နှစ်ပေါင်း ၅၀ ကြာ ချုပ်ကိုင်မှုကို သယ်ဆောင်သွားမှာဖြစ်တယ်။

ကမ္ဘာကြီးကတော့ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်တယ်။

(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)

(MTE)