ပေကျင်း - တရုတ်နိုင်ငံ အကြီးဆုံးဘဏ်တစ်ခု၏ ဒုတိယဥက္ကဋ္ဌဟောင်းတစ်ဦးကို လာဘ်စားမှုဖြင့်
ကွန်မြူနစ်ပါတီက လုပ်ငန်းတာဝန်မှ ရပ်စဲလိုက်ကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြသည်။
တရုတ် စိုက်ပျိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ ယန်ကွန်းက ၎င်း၏ရာထူးအရှိန်အဝါကိုသုံးကာ ပြည်သူ
များထံမှ လာဘ်လာဘများစွာယူ၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု ရှင်ဟွာသတင်းက ဆိုသည်။
ယင်းကိစ္စအပေါ် အာဏာရ ကွန်မြူနစ်ပါတီ ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ စုံစမ်းစစ်
ဆေးမှုကို အေအက်ဖ်ပီ သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
တရုတ် စိုက်ပျိုးရေးဘဏ်အပါအဝင် အစိုးရဘဏ်လေးခုပါ၀င်သော 'ကြီးလေးကြီး' ဘဏ်ကြီး
စတင်ထူထောင်ချိန်မှ ယနေ့အထိ ယန်ကွန်းသည် အကျင့်ပျက်လာဘ်စားမှုဖြင့် စုံစမ်းစစ်ဆေးခြင်း
ခံခဲ့ရသည်။
ရာထူးအမြင့်ဆုံး ဘဏ်အမှုဆောင်အရာရှိဖြစ်ကြောင်း တရုတ်မီဒီယာကုမ္ပဏီ ချိုင်ရှင်က ဆိုသည်။
တရုတ်စိုက်ပျိုးရေးဘဏ်သည် ၂၀၁၀ ပြည့်နှစ်မှစ၍ အများပြည်သူဆိုင်ရာဘဏ်အဖြစ် ဆောင်ရွက်
ခဲ့သည့် နောက်ဆုံးဘဏ် ('ကြီးလေးကြီး' ဘဏ်များထဲမှ နောက်ဆုံးဘဏ်) ဖြစ်သည်။
ယန်ကွန်း လာဘ်စားမှုကို ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် တရားစီရင်ရေးဌာနသို့ လွှဲအပ်ထား
သည်။
တရုတ်သမ္မတသစ် ရှီကျင့်ဖျင်က အစိုးရအဖွဲ့အတွင်း ရာထူးအဆင့်တိုင်း၌ အကျင့်ပျက်ခြစားမှုများ
ကို တိုက်ဖျက်ချေမှုန်းရန်နှင့် လာဘ်ပေးလာဘ်ယူမှုသည် အာဏာရကွန်မြူနစ်ပါတီ အနာဂတ်
အတွက် အန္တရာယ်ဖြစ်ကြောင်း သတိပေးပြောကြားသည်။
ဝေဖန်ဆန်းစစ်သူများကမူ အကျင့်ပျက် ခြစားမှုကို ထိရောက်စွာ လျော့ပါး ချေဖျက်ရာတွင် အလွန်
သိုသိပ်သော ကွန်မြူနစ်ပါတီ၌ ပွင့်လင်းမြင်သာမှု ပိုရှိရန်နှင့် မီဒီယာနှင့် တရားရုံးများ အပေါ်ထိန်း
ချုပ်မှု ဖြေလျှော့ပေးရန် လိုအပ်ကြောင်း ဖော်ထုတ်ပြောကြားသည်။
(အေအက်ဖ်ပီ)
















