အင်ဒိုနီးရှား ရဲစခန်း ဗုံးခွဲခံရမှု မအောင်မြင်

အင်ဒိုနီးရှား ရဲစခန်း ဗုံးခွဲခံရမှု မအောင်မြင်

ပိုဆို (အင်ဒိုနီးရှား) - အကြမ်းဖက်ဒုစရိုက်နယ်မြေအဖြစ် လူသိများသော အင်ဒိုနီးရှား မြို့လယ်
တစ်နေရာရှိ ရဲစခန်းကို မော်တော်ဆိုင်ကယ်စီးလာ သူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ရန် ကြိုးစား
ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပေါက်ကွဲမှုတွင်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း ဇွန်လ
၃ ရက်နေ့တွင် ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ အသေခံဗုံးခွဲသူသည် ဆူလာဝေစီကျွန်းပေါ်ရှိ ပိုဆိုမြို့တွင်းမှ ဗဟိုရဲစခန်းအတွင်းသို့
၀င်ရောက်ရန် ဖိအားပေးခံခဲ့ရပြီး ရဲစခန်းဝင်းအတွင်း ရှိ ဗလီနှင့် စခန်းဝင်ပေါက်ကြားတွင် ဖောက်ခွဲ
ခဲ့သည်ဟု ဒေသတွင်းရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဆိုမာနိုက ပြောသည်။

"အရပ်သား တစ်ယောက်က ရဲစခန်းထဲ မော်တော်ဆိုင်ကယ်မောင်းဝင်ပြီး ဖောက်ခွဲခဲ့တာပါ"ဟု
ဆိုမာနိုက ပြောကြားပြီး ဗုံးခွဲသူကလွဲပြီး သေဆုံးဒဏ်ရာရသူ တစ်ယောက်မျှ မရှိခဲ့ဟုလည်း
ဆိုသည်။

၎င်းအမျိုးသားသည် အဆိုပါနယ်မြေတစ်ဝိုက်တွင် တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး
အင်ဒိုနီးရှားက အလိုအရှိဆုံး စစ်သွေးကြွခေါင်းဆောင် ဆန်တိုဆို ဦးဆောင်သည့် အစ္စလမ္မစ်
အကြမ်းဖက်အုပ်စုနှင့် ပတ်သက်မှုရှိသည်ဟု သံသယရှိခြင်းခံရသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ယမန်နှစ်ကလည်း ပိုဆို တစ်ဝိုက်ရှိ စစ်သွေးကြွများကိုရဲတပ်ဖွဲ့က ဆက်တိုက် ချေမှုန်းခဲ့သည်။

(အေအက်ဖ်ပီ)