ငှက်ဖျားပျောက်ဆေးအသစ် တစ်မျိုးကို ဂျပန်သုတေသန အဖွဲ့တစ်ဖွဲ့ စမ်းသပ်တီထွင်ခဲ့

ငှက်ဖျားပျောက်ဆေးအသစ် တစ်မျိုးကို ဂျပန်သုတေသန အဖွဲ့တစ်ဖွဲ့ စမ်းသပ်တီထွင်ခဲ့

တိုကျို - ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းကို သုံးပုံနှစ်ပုံကျော် လျှော့ချပေးနိုင်မည့် ကာကွယ်ဆေး
တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ကြောင်း ဂျပန် သုတေသန အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်သည်။

ရောဂါပိုးကို သယ်ဆောင်သည့် ခြင်များကြောင့် ငှက်ဖျားရောဂါဖြင့် နှစ်စဉ် လူ ၆၅၀,၀၀၀ ခန့်
သေဆုံးလျက်ရှိပြီး အများစုမှာ အသက် ငါးနှစ်အောက် အာဖရိက ကလေးငယ်များဖြစ်သည်ဟု
ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအသုံးပြုနေသည့် ကာကွယ်ဆေးများစွာရှိသော်လည်း ဆေးယဉ်ပါးမှုများမှာ တိုးပွားလျက်
ရှိကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

အိုဆာကာတက္ကသိုလ်မှ သုတေသနပညာရှင်များက ကပ်ပါးကောင်၏ကိုယ်တွင်းမှ ပရိုတိန်းတစ်မျိုး
ကို အလူမီနီယံ ဟိုက်ဒရောက်ဇိုင်း ဂျယ်လ်နှင့် ပေါင်းစပ်ကာ မျိုးဗီဇပြုပြင်ပြီးB K-SE36 ဟု
ခေါ်သည့် ကာကွယ်ဆေးတစ်မျိုးကို တီထွင် ထုတ်လုပ်လိုက်သည်။

အဆိုပါ ငှက်ဖျားဆေး အာနိသင်မှာ အခြားငှက်ဖျားရောဂါ ကာကွယ်ဆေးများထက် ပိုပြီး အစွမ်း
ထက်ကြောင်း ယခု ရက်သတ္တပတ်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထား
သည်။

ထိုကြေညာချက်တွင် ယင်းဆေးဖြင့် ခြင်ကြောင့်ဖြစ်သည့် ငှက်ဖျားရောဂါကြောင့် သေဆုံးသည့်
အရေအတွက်ကို သိသိသာသာ လျော့ကျသွားရန် မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

ထိုကာကွယ်ဆေးကို ဂျပန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူများတွင် စမ်းသပ်အသုံးပြုကြည့်ပြီးဖြစ်
သကဲ့သို့ ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်ကြား၌ ယူဂန်ဒါ မြောက်ပိုင်း ငှက်ဖျားရောဂါ ဖြစ်ပွားရာဒေသတစ်ခု
တွင်လည်း စမ်းသပ်အသုံးပြုပြီး ဖြစ်သည်။ စမ်းသပ်မှု နှစ်ကြိမ်စလုံးတွင်လည်း အောင်မြင်ခဲ့သည်။

တွေ့ရှိချက်များကို အမေရိကန်သိပ္ပံ ဂျာနယ် PLOS One မှ ကြေညာပေးသွားမည်ဟုဆိုသည်။

(အေအက်ဖ်ပီ)