နျူစမ်းသပ်မှုစွန့်ရန် မြောက်ကိုရီးယားကို တရုတ်တိုက်တွန်း

နျူစမ်းသပ်မှုစွန့်ရန် မြောက်ကိုရီးယားကို တရုတ်တိုက်တွန်း

မြောက်ကိုရီးယား နိုင်ငံသည် နျူကလီး ယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ရပ် တန့်သင့်ကြောင်း
တရုတ်နိုင်ငံက မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ၏ သံတမန်တစ်ဦးကို ပြောဆိုခဲ့သော်
လည်း မြောက်ကိုရီးယားနိုင်ငံကမူ ယင်း တောင်းဆိုချက်ကို အလေးထားသည့် အရိပ်အယောင်
ပြသမှုမရှိခဲ့ကြောင်း ပြီးခဲ့သည့်လကုန်ပိုင်းက ကျင်းပခဲ့သည့် ဆွေးနွေးပွဲများကို သိရှိခဲ့သည့်
သတင်းရင်းမြစ်တစ်ခုက ပြောကြားကြောင်း ဇွန်လ ၄ ရက်နေ့ ရိုက်တာ သတင်းတစ်ရပ်
ကဆိုသည်။

ကင်ဂျုံအန်းသည် နိုင်ငံ၏ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ
ချိုယွန်ဟေးကို မြောက်ကို ရီးယားနိုင်ငံ၏ လတ်တလော ဆောင် ရွက်မှုများကို ရှင်းလင်း
ပြောဆိုရန်စေလွှတ်ခဲ့သော်လည်း အိမ်ရှင် တရုတ် ဘက်ကမူ နွေးနွေးထွေးထွေး ကြိုဆိုမှု
မရှိခဲ့ကြောင်း တရုတ်နှင့် မြောက်ကိုရီး ယား နိုင်ငံများနှင့် နီးစပ်သည့် အဆိုပါသတင်းရင်းမြစ်
က ပြောသည်။

"မြောက်ကိုရီးယားဟာ ရင့်ကျက်မလာသေးပါဘူး" ဟု အစည်းအဝေးများကို တက်ရောက်ခဲ့ခြင်း
မရှိသော် လည်း နှစ်နိုင်ငံမှပုဂ္ဂိုလ်များနှင့် စကား ပြောဆိုခဲ့သူက ဆိုသည်။ရာထူးအရ စစ်ဗိုလ်ချုပ်
ကြီးတစ်ဦး ဖြစ်သူ ချိုယွန်ဟေးသည် မည်သည့် စစ်ရေးအတွေ့အကြံုမျှ မရှိဘဲ ကိုရီးယား ပြည်သူ့
တပ်မတော်၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးဖြစ်သည်။

၎င်းသည် တရုတ်နိုင်ငံသို့ စစ်အဆောင်အယောင် အပြည့်အစုံဖြင့် သွားရောက်ကာ တရုတ်
စစ်ခေါင်းဆောင်များနှင့် တွေ့ ဆုံခဲ့သည်။၎င်း၏ သုံးရက်ကြာ အလည်အပတ် ခရီးစဉ်သည်
မြောက်ကိုရီးယား အစိုးရ အတွက် အရေးပါလှသော တစ်ခုတည်း သော မဟာမိတ်ဖြစ်သည့်
တရုတ်နိုင်ငံ နှင့် သင့်မြတ်စေရန် မြောက်ကိုရီးယား နိုင်ငံ၏ ကြိုးပမ်းချက်ဖြစ်သည်။

ချိုယွန်ဟေး၏ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်ပါ တွေ့ဆုံခွင့် ရရှိခဲ့သည့် ဆွေးနွေးပွဲများအပြီး၌
တရုတ်နိုင်ငံ၏ ကိုရီးယားကျွန်းဆွယ်ပေါ်၌ 'အေးချမ်း ၍ ထိန်းထိန်းသိမ်းသိမ်း ရှိစေရေး' ဟူသော
ဖျောင်းဖျစကားများနှင့် အတူ မြောက်ကိုရီးယားနိုင်ငံသည် ငြိမ်းချမ်း ရေးအတွက် အပြုသဘော
ဆောင် သည့် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဟု ကတိပြုခဲ့သည်။ ချိုယွန်ဟေးသည် ၎င်း၏
အလည်အပတ် ခရီးစဉ်အတွင်း အထူးစီးပွားရေးဇုန်တစ်ခုသို့ ရောက်ရှိ ခဲ့သည့်ပုံများ ရှိခဲ့သော်
လည်း ဆွေးနွေး ပွဲများ၌ စီးပွားရေး အကူအညီ တောင်း ခံခဲ့ခြင်းမရှိဟု ဆိုသည်။

မြောက်ကိုရီးယားသည် ယင်း၏ နျူကလီးယား စမ်းသပ်မှုများကို ရပ်ဆိုင်း သွားရန် သဘောတူညီ
ထားခြင်း ရှိမရှိမေးမြန်းခဲ့ရာ အဆိုပါ သတင်းရင်းမြစ်က ယင်းသည် မြောက်ကိုရီးယားအတွက်
'လိုအပ်ချက်များအပေါ်တွင် မူတည်ကြောင်း' ပြောကြားခဲ့သည်။မြောက်ကိုရီးယားနိုင်ငံကိုယ်၌
ကမူ နျူကလီးယား လက်နက်များကို 'အမြတ် တနိုး ထားရှိအပ်သည့် ဓားလက်နက်' ဟူ၍
ခေါ်ဝေါ်ကာ မည်သို့မျှ စွန့်လွှတ် သွားမည်မဟုတ်ကြောင်း တွင်တွင်ပြော ဆိုခဲ့ပြီးဖြစ်သည်။

မြောက်ကိုရီးယားက စမ်းသပ်မှု အသစ် များ ဆက်လက် လုပ်ဆောင်ပါက မည်သည့်အကျိုး
ဆက်များ ကြံုတွေ့ရ မည်ဆိုခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံ၏ ပြောဆိုခဲ့ခြင်းရှိမရှိကိုမူ သတင်း
ရင်းမြစ်က ပြောကြားခဲ့ခြင်းမရှိပေ။ချိုယွန်ဟေးသည် ၎င်း၏ တရုတ် နိုင်ငံခရီးစဉ်အတွင်း အစိုးရ
အရာရှိ ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင် များနှင့်
တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား ၏ အပြုအမူများအပေါ် စိတ်ပျက်လျက် ရှိကာ ယခုနှစ်ဖေ
ဖော်ဝါရီလ အတွင်း က မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီး ယား စမ်းသပ်မှုအပြီး ကုလသမဂ္ဂ
အဖွဲ့ ကြီး၏ အရေးယူမှုကို သဘောတူ လက်ခံခဲ့သည်။

ထို့အတူပင် အမေရိကန်နိုင်ငံ၏ မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူမှုများနှင့် အတူပင်
တရုတ်ဘဏ်များကိုလည်း မြောက်ကိုရီး ယား ဘဏ်များနှင့် စီးပွားရေး အဆက် အသွယ်
ဖြတ်တောက်ခဲ့သည်။

(ရိုက်တာ)