ကြက်သားစက်ရုံ ကိုယ်စားလှယ်အား မီးလောင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း

ကြက်သားစက်ရုံ ကိုယ်စားလှယ်အား မီးလောင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း

ပေကျင်း - တရုတ်နိုင်ငံ အသားစားကြက် မွေးမြူရေးကုမ္ပဏီမှ အဆင့်မြင့် အရာရှိ
နှစ်ဦးကိုနှစ်ပေါင်း ၁၂ နှစ်အတွင်း နိုင်ငံ တွင်း၌ လူအသေအပျောက် အများ ဆုံးဖြစ်ခဲ့ပြီး သေဆုံး
သူ စုစုပေါင်း၁၂၀ ရှိခဲ့သည့် စက်ရုံ မီးလောင်ခဲ့ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း
ဒေသတွင်း အရာရှိတစ်ဦးက ဇွန်လ ၄ ရက်နေ့တွင် ပြောသည်။

ဇွန်လ ၃ ရက်နေ့တွင် ဓာတုပစ္စည်းတစ်မျိုးယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ် ပွားပြီးနောက် မိနစ်ပိုင်း
အတွင်း ပေါင် ယွမ်ဖုန်း အသားစားကြက် မွေးမြူရေးစက်ရုံ မီးလောင်ကျွမ်းခဲ့ရာ ဒဏ်ရာရသူ
အယောက် ရ၀ ရှိခဲ့ကြောင်း နိုင်ငံပိုင်ရှင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

"ကုမ္ပဏီပိုင် တန်ဖိုးကြီး ပစ္စည်းတွေကို အမိန့်နဲ့ပိတ်ထားတယ်။ စက်ရုံက တရား ၀င်ခန့်အပ်ထား
တဲ့ ကိုယ်စားလှယ် ပုဂ္ဂိုလ်တစ်ဦးကိုလည်း ထိန်းသိမ်းထား တယ်" ဟု ချန်ချွန်ရှိ အာဏာရကွန်မြူ
နစ်ပါတီ၏ ၀ါဒဖြန့်ချိရေးဌာနမှ အမည် မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီသို့ ပြော
ကြားသည်။

စက်ရုံမှ ကိုယ်စားလှယ်၏ ရာထူးကို မူ ပြောကြားခြင်းမရှိခဲ့ပေ။ကျီလင်းပြည်နယ်၏ မြိုကတော်
ချန်ချွန် ၏ အရှေကမြောက်ဘက် ကီလိုမီတာ ၁၀၀ နီးပါး (၆၂ မိုင်) အကွာရှိ တယ်ဟွေ မြို့မှ
စက်ရုံတွင် တံခါးတစ်ပေါက်သာဖွင့် ထားသော အလုပ်ရုံတစ်ရုံမှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း
တရုတ်နိုင်ငံပိုင် သတင်းများက ဆိုသည်။

အဆိုပါစက်ရုံတွင်း၌ လူပေါင်း ၃၀၀ အထိ အလုပ်လုပ်ကိုင်နေကြကြောင်း တရုတ်နိုင်ငံပိုင် သတင်း
များက ဆိုပြီး ပျောက်ဆုံးနေသည့် အလုပ်သမားဦးရေ ကို အတိအကျ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

"ညနေ ၄ နာရီ ၂၅ မိနစ်မှာ မီးလောင် ပြီး ၁၁၉ ဦး သေဆုံးပါတယ်" ဟု တွစ်တာ နည်းတူ သတင်း
အချက်အလက်များပေး သည့် ဆီနာဝေပိုဝက်ဘ်ဆိုက်တွင် ကျီလင်း ပြည်နယ်ဆိုင်ရာ အစိုးရ သတင်း ပြန်ကြားရေးရုံးက ရေးသားထားသည်။နောက်ဆုံးရေးသားထားသည့် သတင်း များတွင်
ဒဏ်ရာရသူဦးရေကို ပြောကြား ထားခြင်းမရှိသော်လည်း ဒေသတွင်း အုပ်ချုပ်ရေးပိုင်း၏ အစောပိုင်း
ရးသား ချက်များတွင် ဒဏ်ရာရသူ ၅၄ ဦးထက် မနည်းရှိခဲ့သည်ဟုဆိုသည်။

"သုံးမိနစ်မပြည့်ခင် အချိန်အတွင်း မှာ အလုပ်ရုံတစ်ရုံလုံး မီးတောက်တွေ ထွက်လာတာပဲ" ဟု
အလုပ်သမားတစ်ဦး က ပြောသည်။မီးလောင်သည့် အချိန်တွင် သားသတ် ရုံအပေါက်ဝတွင် ပိတ်
နေသော်လည်း လူ ၁၀၀ ခန့် လွတ်မြောက်ခဲ့ကာ စက်ရုံ အတွင်းပိုင်းအပြင်အဆင်မှာ ရှုပ်ထွေး ပြီး
ကယ်ဆယ်ရေး နှောင့်နှေးစေသော ထွက်ပေါက်များ ကျဉ်းမှုကြောင့်ဖြစ် သည်ဟုရှင်ဟွာဆိုသည်။

(အေအက်ဖ်ပီ)