အလံတွေဟာ လူတွေကို ရယ်ဖွယ်ကောင်း တဲ့ စိတ်လှုပ်ရှားမှုမျိုးကို ဖြစ်စေတယ်။ ရသမျှ
အခွင့်အရေးတွင် သူတို့ဟာ နိုင်ငံတော်အလံကို ဝှေ့ယမ်းပြကြတယ်။ ပြီး မကြာခဏဆိုသလို
အလံဒီဇိုင်းကို အိမ်တွင်း အဆောင်အယောင်၊ အဝတ် အစားတွေနဲ့ အတွင်းခံ အဝတ်အစား
တွေမှာပါ ၀တ်ဆင်ကြတယ်။
အားကစားပွဲတွေမှာလည်း သူတို့ရဲ့ နိုင်ငံတော်တံဆိပ်ပါတဲ့ လည်စည်း ပဝါ တွေကိုလည်း
သည်းကြီးမဲကြီး ဝှေ့ယမ်း ကြတာဟာ တခြားသူတွေရဲ့ အာရုံစူးစိုက်မှုကို ရယူလိုတာထက် မျိုးချစ်
စိတ်ကို ထုတ်ဖော်ပြသနေတာလို့ ယူဆ ကြတယ်။ဒီမဟုတ်တရုတ်ဆန်တဲ့ အလုပ်မျိုးကို အမေရိ
ကန်မှာ တွေ့ရတယ်။
သူတို့ရဲ့ နိုင်ငံတော်အလံကို အိမ်ရှေ့မြက်ခင်းပြင်တွေမှာ တိုင်ထောင်ပြီး လွှင့်ထူတာ မျိုး၊ ရုံးက ြ
ပတင်းပေါက်တွေမှာ တွဲလောင်း ချထားတာမျိုး လုပ်ကြတယ်။မျိုးချစ်စိတ်ကို ချွတ်လွဲစွာ ဟန်ပန်
လေသံ ပြသမှုကို ဒီဒေသမှာရှိတဲ့ တချို့ နိုင်ငံတွေက အတုခိုးကြတယ်။ ဒီနိုင်ငံ တွေထဲမှာ စင်ကာ
ပူနဲ့ ဘရူနိုင်းနိုင်ငံ တို့က ပိုပြီးဆိုးတယ်။
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေကြား သဟဇာတ ပေါင်း စည်းမှုမရှိတဲ့ အတိုင်းအတာကို ပြနေ
တယ်။ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်း မြောက်ဘက်မှာရှိတဲ့ ဒေသတွင်း အစိုး
ရဖြစ်တဲ့ အာချေးဟာ သူ့နိုင်ငံအလံကို အရင်က သူပုန်တွေ သုံးခဲ့တဲ့ အာချေးလွတ်မြောက်ရေး
လှုပ်ရှားမှု (GAM) အလံဟောင်းကို ပြန်လည်ပြီးသုံးဖို့ ကြိုးပမ်းနေတယ်။ဒေသတွင်း အကြီးဆုံ
နိုင်ငံမှာ ဒီမို ကရေစီဝါဒကို အခြေခိုင်ရန် ကြိုးပမ်း နေတဲ့အချိန်မှာ အစ္စလမ္မစ် ပါတိုင်း အာချေးရဲ့
လုပ်ရပ်ဟာ တာဝန်မဲ့ပြီး မလို လားအပ်တဲ့ ရန်လိုမှုကို ဖြစ်စေတယ်။
ဒီအကြံပြုချက်ဟာ ဂျကာတာ မြို့တော်မှာရှိတဲ့ ဗဟိုအစိုးရအတွက် ဆူးငြောင့်တစ်ခုလို ဖြစ်နေ
တယ်။ ပါပူး အားမှာလည်း သူတို့ရဲ့ ခွဲထွက်ရေးဝါဒီအလံကို လွှင့်ထူချင်တာကို အကောင်အထည်
မဖော်နိုင်ဖို့ ဂျကာတာ အစိုးရက ကြိုးပမ်းနေချိန်ဖြစ်တယ်။ဒါဖြင့်ရင် ပါတိုင်းအာချေးက ဘာဖြစ်
လို့ ဒီလိုလုပ်နေတာလဲ။ လာမယ့်နှစ်မှာ ဂျကာတာအစိုးရက သမ္မတရွေးကောက် ပွဲလုပ်ဖို့ စိုင်းပြင်း
နေချိန်မှာ ဒီပြဿနာလုပ်လိုက်တာဟာ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့ တွေးခေါ်နိုင်စွမ်းရှိတယ်။
သမ္မတ ဆူဆီလိုဘမ်ဘန်ဟာ ဒုတိယ အကြိမ် နှစ်နှစ်သက်တမ်း ကုန်ဆုံး တော့မှာဖြစ်တဲ့အတွက်
သမ္မတရာထူး ကို နောက်ထပ် ယှဉ်ပြိုင်ခွင့်မရှိတော့ဘူး။ ဒါပေမဲ့ သူနဲ့ ၂၀၁၄ ခုနှစ်မှာ သူ့ရာထူး
ကို ယှဉ်ပြိုင်ကြမယ့် သမ္မတလောင်း တွေဟာ ရွေးကောက်ပွဲမတိုင်မီ ဒီအလံ ကိစ္စကို ပြတ်ပြတ်
သားသား ဆောင်ရွက် ဖို့လိုလာပြီ။
မလုပ်နိုင်ရင် အားနည်းတဲ့အမြင်ကို ဖြစ်စေမှာဖြစ်တယ်။ဒီတော့ ပါးနပ်တဲ့ အာချေးသားတွေဟာ
ဂျကာတာမှာရှိတဲ့ ဆုံးဖြတ်ချက် ချမယ့်သူတွေ အခက်အခဲတစ်ခုကို ဖန်တီးပေးလိုက်တာပဲဖြစ်
တယ်။
အလံပြောင်းမယ့်ကိစ္စမှာ အင်အား သုံးပြီး ပယ်ချလိုက်ရင် ပါတိုင်းအာချေး ကို ခွဲထွက်ရေးအလံ
သစ်လုပ်ဖို့ ရဲဆေးတင်ပေးလိုက်သလိုဖြစ်လိမ့်မယ်။ ဗဟို အစိုးရကို အာခံခြင်းဟာ လွတ်လပ်လို
စိတ်ရှိတဲ့ပြည်နယ်မှာ အမြဲပဲ အနိုင်မဲ ရရှိတာကြောင့် ဖြစ်တယ်။ဂျကာတာအစိုးရက အပေးအယူ
လုပ် ပြီး အလံပြောင်းလဲဖို့ ခွင့်ပြုလိုက်ရင် နောက်နှစ် ရွေးကောက်ပွဲမှာ အလံပြောင်း လဲခွင့်ရတဲ့
အတွက် မဲဆန္ဒရှင်တွေကို လှုံ့ဆော်ပေးသလို ဖြစ်သွားမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပါတိုင်းအာချေး ကတော့ ဒီကိစ္စကို ဆုံးဖြတ်ဖို့ခက်ခဲမှာဖြစ်သလို ခေါင်းရှောင်လို့
လည်း မဖြစ် နိုင်တဲ့အတွက် အေးအေးဆေးဆေး စဉ်းစဉ်းစားစား လုပ်ရမှာဖြစ်တယ်။ ဒီလို မလုပ်
ရင် နောင်နှစ် ရွေးကောက်ပွဲမှာ အကြမ်းဖက်မှုတွေ ပေါ်လာမယ့် စိုးရိမ်မှု တွေ ဖြစ်ပေါ်လာမှာဖြစ်
တယ်။
လက်ရှိအခြေအနေမှာတော့ အလံ သစ်ဟာ ခွဲထွက်ရေးဝါဒီ သင်္ကေတတွေ တားမြစ်ထားတဲ့
ဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ဗဟိုအစိုးရက ခွင့်မပြုဘူးဆိုတဲ့ အမြင်က ရှိနေတယ်။
လွန်ခဲ့တဲ့ရှစ်နှစ်က အင်ဒိုနီးရှား အချုပ်အခြာအာဏာကို အသိအမှတ်ပြု တဲ့ ငြိမ်းချမ်းရေး သဘော
တူညီချက်ကို ဂျကာတာအစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့တယ်ဆိုပြီး အလံဟာ ခွဲထွက်ရေးဝါဒီ မဆန်
ဘူးလို့ ပါတိုင်းအာချေးက ငြင်း ဆိုတယ်။ဒီငြင်းခုံမှုကို ဂျကာတာ အစိုးရက လက်ခံပြီး အလံသစ်
ကို လက်ခံခဲ့ရင်၊ ခပ်မာမာရပ်တည်ရင် ရတယ်ဆိုကာ တစ်ဆင့်တိုးပြီး ပါတိုင်းအာချေးခေါင်း
ဆောင်တွေဟာ လုပ်ပိုင်ခွင့် အာဏာ ပိုတောင်းလာနိုင်ပြီး နောက်ဆုံး လွတ်လပ်ရေးအပြည့်အဝ
ရရှိဖို့ တောင်း ဆိုလာနိုင်တယ်။
အခုပဲ ပါတိုင်းအာချေးဟာ SBY ရဲ့ မစွံတဲ့အစိုးရရဲ့ အားနည်းချက်ကိုအသုံး ချပြီး ပြည်နယ်တွင်းမှာ
ဩဇာလွှမ်းဖို့ ထိန်းချုပ်နေပြီး တစ်ချိန်တည်းမှာပင် ဒီမိုကရက်တစ် ဆန့်ကျင်ရေး စိန်ခေါ်သူတွေရဲ့
အခွင့်အလမ်းကို လျော့နည်းသွားဖို့ လုပ်နေတယ်။
ပါတိုင်းအာချေးဟာ ပြည်နယ်အစိုးရ ရဲ့ စီမံခန့်ခွဲရေးနဲ့ ဥပဒေပြုဆိုင်ရာ ဌာန တွေကို ထိန်းချုပ်
နပြီဖြစ်တယ်။ ဒါတင် မကသေးဘူး။ အစိုးရဌာနတွေနဲ့ ဒေသ တွင်း ရွေးကောက်ပွဲကော်မရှင်
တို့ကို ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်။၂၀၀၄ ခုနှစ်က ဆူနာမီဒဏ်ကို အခု ချိန်ထိ ခံစားနေ
ရသေးတဲ့ ကျေးလက်နေ လူထုရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေး ရမယ့်အစား တင်းကျပ်တဲ့
ဘာသာရေး အယူရှိတဲ့ သူ့ရဲ့အုပ်စုကို အာဏာခိုင် မြဲဖို့ ကြိုးပမ်းနေတယ်။
ဒီလိုဆိုတော့ ဒါဟာ အသေးအဖွဲကိစ္စမဟုတ်ပါဘူး။ အဖြစ်အပျက်တွေ ကိုကြည့်ရင် အာချေးဟာ
တစ်ပါတီ အစိုးရနဲ့ တဖြည်းဖြည်း တူလာတယ်လို့ ပြောရင် မျှတမယ်လို့ထင်တယ်။
(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)
















