ကွေးယွီ - သင်၏ လက်ဆွဲကွန်ပျူတာ အဟောင်း၊ သို့မဟုတ် ဆဲလ်ဖုန်း အဟောင်းတစ်ခုကို
သင် စွန့်ပစ်လိုက် သောအခါ ဘာဖြစ်သွားသည် ထင်သနည်း။
၎င်းတို့မှ အချို့သည် တရုတ်နိုင်ငံသို့ ရောက်ရှိသွားမည်ဖြစ်သည်။ကုလသမဂ္ဂ၏ မကြာသေးမီက
ထုတ် ပြန်သော အစီရင်ခံစာအရ တရုတ်နိုင်ငံ သည် ကမ္ဘာပေါ်တွင် အီလက်ထရွန်းနစ် ပစ္စည်းများ
အဓိက စွန့်ပယ်ရာနေရာဖြစ်သည်ဟု ဆိုထားသည်။
ကမ္ဘာပေါ်မှထွက်ရှိလာသော အီလက် ထရွန်းနစ် စွန့်ပစ်ပစ္စည်းများ၊ သို့မဟုတ် နတေျအန များ၏
ရ၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင်သာ အဆုံးသတ်သည် ဟုသိရသည်။ ဤ အီလက်ထရွန်းနစ်
စွန့်ပစ်ပစ္စည်းများမှာ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ် သော အမေရိကန်ပြည်
ထောင်စု စသည် တို့မှ တရုတ်၊ ဗီယက်နမ်နိုင်ငံကဲ့သို့သော နိုင်ငံများသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထိုသို့ တရားမဝင် လမ်းကြောင်းမှ ရောက်ရှိလာရခြင်းမှာ ထိုနိုင်ငံများသို့ စွန့်ပစ်ပစ္စည်း သယ်ဆောင်
မှုကို ပိတ်ပင် မှုများရှိ၍ ဖြစ်သည်။ပြီးခဲ့သောဆယ်စုနှစ်အတွင်း တရုတ် နိုင်ငံ အဓိက ကုန်ထုတ်
လုပ်မှုဇုန်၏ အလယ်ပိုင်းတွင်ရှိသော ကွေးယွီမြို့ သည် ကမ္ဘာ့ အီလက်ထရွန်းနစ်ပစ္စည်း အမှိုက်
ပုံကြီး ဖြစ်လာခဲ့သည်။
ထိုဒေသတွင် လူသိန်းပေါင်း များစွာ သည်လည်း စွန့်ပစ် လျှပ်စစ်ပစ္စည်း ကောက်ယူသော အလုပ်
လုပ်ရာ၌ ကျွမ်းကျင်သူများ ဖြစ်လာကြသည်။၎င်းဒေသမှ အလုပ်သမားတစ်ဦး၏ အဆိုအရ သူတို
့ကောက်သော ပလတ် စတစ်များကို Apple, Dell, Hewlett-Packard အပါအဝင် ကမ္ဘာ့ အီ
လက်ထရွန်းနစ် ကုမ္ပဏီကြီးများ အတွက် အစိတ်အပိုင်းပစ္စည်းများ ထုတ် လုပ်ပေးနေသော
တိုင်ဝမ်ကုမ္ပဏီ Foxcom သို့ ပြန်လည် ရောင်းချရသည် ဟုဆိုသည်။
ဤနေရာမှာ ကမ္ဘာ့အကြီးမားဆုံး စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြု ထုတ်လုပ် ရာ နေရာဟုလည်း
ဆိုနိုင်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် နည်းစနစ်ကျပါက ပတ်ဝန်းကျင်အတွက်ပင် ကောင်းမွန်
ကြောင်း ပေကျင်း Greenpeace ရုံးခွဲ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။၂၀၁၃ ခုနှစ်၊ ဧပြီလတွင်
ထုတ်ပြန်သော တရုတ်နိုင်ငံမှ စွန့်ပစ်လျှပ်စစ်ပစ္စည်းဟူ သော ကုလအစီရင်ခံစာတွင် ကွေးယွီ
မြို့သည် သဘာဝပတ်ဝန်းကျင်ယိုယွင်း မှုကို ခံစားနေရသည်ဟု ဆိုထားသည်။
ထိုအဆိပ်သင့် ညစ်ညမ်းမှုများသည် ဆားကစ်ပြားများ၊ ့လတ်စတစ်များ၊ ၀ိုင်ယာများကို မီးရှို့ပြီး
ဟိုက်ဒရိုကလိုရစ် အက်စစ်ဖြင့်ဆေးကြောကာ တန်ဖိုးရှိ သော သတ္တုပစ္စည်းဖြစ်သည့် နှင့် သံတို့
ကို ပြန်လည်ရယူခြင်းမှ ဖြစ်ပေါ် လာခဲ့သည်။
ထိုသို့ လုပ်ဆောင်ရာတွင် အလုပ်သမားများနှင့် သဘာဝပတ်ဝန်း ကျင်ကို အဆိပ်သင့်သတ္တုများ
ဖြစ်သည့် ခဲ၊ ြာရီလီယံနျင့် ကက်မီယံတို့ သင့်စေသည်ဟုဆိုသည်။ မြေ၊ ဗရ၊ လေတို့ ဆီသို့လည်း
ဟိုက်ဒရိုကာဗွန်ပြာများ ကျရောက်စေသည်ဟုဆိုသည်။
ကွေးယွီမြို့ရှိ ကလေးများသွေးတွင် ခဲဓာတ် သာမန်ထက် ပိုမိုပါ၀င်နေကြောင်း၊ ၎င်းကြောင့်
ဦးနှောက်နျင့် ဗဟိုအာရုံကြောစနစ်ကို ပျက်ယွင်းစေနိုင်သည်ဟု ဆိုသည်။ ၎င်းဒေသရှိ ရွှံ့ရေအိုင်
များ တွင် တီဗီများ၊ ကွန်ပျူတာ မော်နီတာ များမြုပ်နေပြီး ကျွဲများက တက်နင်း သွားလာနေကြ
သည်။
မျက်နှာပြင်ပြား ရုပ်သံဖန်သားပြင် များသည် မာကျူရီများကို အသုံးပြုထား ရကာ မာကျူရီသည်
အဆိပ်သင့် သတ္တု တစ်မျိုးဖြစ်သည်။ ထို မာကျူရီများ သည် သဘာဝပတ်ဝန်းကျင်ထဲ ရောက်ရှိ
သွားပြီး အစားအစာ၊ ွှထူးသဖြင့် ငါး များတွင် အများအပြား တွေ့ရှိနိုင်သည်။ ထိုသို့ စွန့်ပစ်ပစ္စည်း
ကောက်သည့် အလုပ် လုပ်သူများသည် ယင်းအလုပ်က ၎င်း တို့အပေါ် ကျရောက်မည့် အန္တရာယ်
ကို သိပ်အလေးမထားကြပေ။
ထိုဒေသ တွင် အလုပ်လုပ်သူများက ထိုအလုပ် လုပ်ရသည်မှာ သာမန်စက်ရုံတွင် လုပ် ရသည်
ထက် ပိုမိုလွတ်လပ်ကြောင်း၊ ဏက်ရုံများတွင် ကလေးများ အလုပ်လုပ် ခွင့်မရကြောင်း၊ အလုပ်ချိန်
မှာရှည်လျား ကြောင်းဆိုသည်။သို့သော် ပြီးခဲ့သောနှစ်များအတွင်း အာဏာပိုင်များက အရေးယူ
ဆောင်ရွက် မှုများ ရှိလာသဖြင့် အခြေအနေမှာ ယခင်လောက် မဆိုးတော့ဟုဆိုသည်။
ကွေးယွီဒေသသို့ ဆန်စိုက်ပျိုးရန်လာ သော အိမ်နီးချင်း ကွမ်စီဒေသမှ လယ်သမားအုပ်စုတစ်စု၏
အဆိုအရ ၎င်းတို့စိုက်ပျိုးသော ဆန်များကိုပင် မစားရဲကြောင်း၊ ကွေးယွိဒေသထွက် မဟုတ်ဟု
လိမ်ရောင်းချသူများလည်း ရှိကြောင်း ၎င်းကပြောဆိုသည်။တရုတ်နိုင်ငံတွင် မကြာသေးမီကဖြစ်
ပွားခဲ့သော အစားအသောက်နှင့် ပတ်သက်၍ မကြားဝံ့စရာ ကိစ္စရပ်မှာ ကက်မီယံ အဆိပ်သင့်
ဆန်များဖြစ်နေ သည်မှာမဆန်းပေ။
ကွေးယွီမြို့နှင့် ကီလိုမီတာ ၄၀၀ ကွာဝေးသော ကွမ်ကျိုး မြို့တွင် အာဏာပိုင်များက ဆန်နှင့်
ဆန်ထုတ်ကုန်များ၌ ကက်မီယံပါ၀င် နငန်း အလွန်မြင့်မားနေသည်ကို တွေ့ရှိ ခဲ့ရသည်။
တရုတ်အစိုးရသည် Home Appliance Old For New Rebate Program ဖြင့် စွန့်ပစ် လျှပ်စစ်
ပစ္စည်း စုပုံမှုကို လျှော့ချရန်စီစဉ်ခဲ့ရာ အတော် အတန် အောင်မြင်ခဲ့သည်ဟု ကုလသမဂ္ဂ က
ဆိုသည်။
သို့သော် တရားမဝင် သယ် ဆောင်လာသော အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းများကို ကန့်သတ်
လာနိုင် နေသော်လည်း တရုတ်နိုင်ငံသည် နည်းပညာနျင့် စီးပွားရေး ဖွံ့ဖြိုးလာမှု ကြောင့် ပြည်တွင်း
ထုတ် စွန့်ပစ် လျှပ်စစ် ပစ္စည်းများလည်း တိုးပွားလာနေသည် ဟု ကုလသမဂ္ဂက သတိပေးထား
သည်။
ထိုသို့ ရုန်းမထွက်နိုင်သည့် သံသရာ စက်ဝန်းမှ လွတ်မြောက်စေရန် ွမနနည စနခေန အဖွဲ့က
လျှပ်စစ်ပစ္စည်းထုတ်လုပ် ရေး ကုမ္ပဏီများကို အဆိပ်သင့်ဓာတု ပစ္စည်း အနည်းှုယ်မျှသာသုံးရန်
တွန်းအား ပေးထားသည်။ Greenpeace အဖွဲ့ သည် လျှပ်စစ်ပစ္စည်း ၀ယ်ယူသုံးစွဲသူ များကို
လည်း ဖုန်းများ၊ တက်ဘလက် များ၊ ကွန်ပျူတာများ အလွန်အကျွံ လဲ လှယ်မကြရန် သတင်း
စကားပေးထား သည်။
(စီအင်န်အင်န်)

















