ကဘူးလ်မြို့ ခေါင်မိုးပေါ်တွင် မွေးထားသည့် ခြင်္သေ့

ကဘူးလ်မြို့ ခေါင်မိုးပေါ်တွင် မွေးထားသည့် ခြင်္သေ့

ကဘူးလ် - လက်နက်ကိုင် အစောင့်အကျပ်များ၊ စကျင်ကျောက်နှင့် ကာရံထားသည့် အိမ်ကြီးရခိုင်
တစ်လုံးနှင့် မည်းနက်နေသည့် အက်စ်ယူဗီ (SUV) ကားတို့မှာ ကဘူးလ်မြို့မှ အချို့သော ပိုက်ဆံ
ရှိသူဌေးများအတွက် လူမှုရေး ဓလေ့ထုံးစံအရ မဖြစ်မနေလိုအပ်သည့်အသုံးအဆောင် ပစ္စည်းများ
ဖြစ်လာသည်။

သို့သော် တစ်ယောက်သော ပုဂ္ဂိုလ်မှာ ခြံင်္သေ့တစ်ကောင် ၀ယ်လိုက်သောကြောင့် ၎င်းတို့၏
နေထိုင်မှုဘဝပုံစံကို နောက်တစ်ဆင့် တက်လှမ်းကာ ဟိတ်ဟန်ထုတ်နိုင်တော့မည် ဖြစ်သည်။

အသက် ၄၂ နှစ်အရွယ်ရှိ မိုဟာမက် ရှာဖစ်ဆိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးသည် ကဘူးလ်မြို့
လယ် တစ်နေရာတွင် နေထိုင်သော လူကုံထံတစ်ဦး ဖြစ်ပြီး ၎င်း၏ အိမ်ခေါင်မိုးအထပ်ပေါ်တွင်
ရက်အတန်ကြာ ကားရားကားရား နှင့် သွားလာလှုပ်ရှားကာ မာန်ဖီနေတတ်သည့် ၎င်း၏
အချစ်တော် ခြသေ့င်္အတွက် များစွာဂုဏ်ယူလျက်ရှိသည်။

"သူငယ်ချင်းတစ်ယောက်က ကန်ဒါဟာမှာ ကျားတစ်ကောင်ရှိတယ်။ အဲဒီခြင်္သေ့ကို ကျွန်တော့်ကို
ရောင်းချင်တယ်လို့ပြောတယ ်" ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ဦးစီးနေသည့် ရှာဖစ်က
ပြောကြားပြီး "ကျွန်တော် ငှက်တွေ၊ ခွေးတွေချစ်တာကို သူငယ်ချင်းက သိတယ်လေ။ ဒါပေမဲ့
ဒီကိစ္စက ကျွန်တော်မျှော်မှန်းထားတဲ့ အရာထက်ကျော်သွားတယ်"ဟု ဆိုသည်။

"ခြသေ့င်္ဆိုတာကို ရုပ်မြင်သံကြားတို့၊ တိရစ္ဆာန်ရုံတို့မှာပဲ မြင်ဖူးခဲ့တာ။ နီးနီးကပ်ကပ် မမြင်ဖူးဘူး။
ဒါကြောင့် တွေဝေ မနေတော့ဘဲ ၀ယ်မယ်လို့ ပြောလိုက်တယ်။ ကျွန်တော့်အတွက်တော့ ခြသေ့င်္
တွေက ရဲရင့်တယ်။ သူတို့ကို ကျွန်တော်လေးစားတယ်။ ခြသေ့င်္တစ်ကောင် ၀ယ်ထားတယ်ဆိုတဲ့
အတွေးက စိတ်လှုပ်ရှားစရာပါ" ဟု ရှာဖစ်က ဆိုသည်။

ခြင်္သေ့ကျန်းမာရေးကို စောင့်ရှောက်ရန် တိရစ္ဆာန်ဆရာဝန်ကို ငှားထားပြီး အသားများကို သားသတ်
ရုံမှ ၀ယ်ကျွေးရန် စောင့်တစ်ဦးကိုခန့်ထားရာ ခြသေ့င်္ အတွက် အသုံးစရိတ်သည် တစ်လလျှင်
ဒေါ်လာ ၁,၀၀၀ ခန့်ရှိသည်။

ကန်ဒါဟာမှ ကဘူးလ်သို့ သယ်ယူရေး စရိတ်အပါအဝင် ခြင်္သေ့တစ်ကောင်အတွက် ဒေါ်လာ
နှစ်သောင်း ကုန်ကျခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သော်လည်း ချုံခိုတိုက်ခိုက်သူများနှင့် ဗုံးဖောက်ခွဲ
မှုများ ရံဖန်ရံခါ ဖြစ်ပွားတတ်ပြီး ခရီးမိုင် ၃၀၀ (၄၈၀ ကီလိုမီတာ) ရှိသည့်ခရီးတွင် ခြင်္သေ့အား
ဘယ်လိုသယ်ဆောင်ခဲ့ရသည်ဆိုသည့်အကြောင်းကို ပြောပြရန် ၎င်းက ငြင်းဆိုခဲ့သည်။

အာဖဂန်မြို့တော်ရှိ အခြားသောခြံနောက်ဖေးရှိ နေရာကျယ်တစ်ခုသို့ ပြောင်းရွေ့ရန် စီစဉ်နေကြောင်း
ရှာဖစ်ကပြောသည်။

မွေးမြူထားသော မည်သည့် ခြင်္သေ့မဆို လူတို့အပေါ် အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှုမျိုး ဖြစ်ပေါ်စေ
တတ်ကြောင်း တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေး ကမ္ဘာ့လုံးဆိုင်ရာ အဖွဲ့အစည်းမှ တောရိုင်း
တိရစ္ဆာန်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး ကလယ်ရီမက်မာစကာက ရှာဖစ်ကို ဝေဖန်ပြောဆိုခဲ့သည်။

"တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေး တိရစ္ဆာန်အနေနဲ့ မမွေးမြူသင့်ဘူး။ သူတို့ကို လှောင်ချိုင့်ထဲမှာ
လှောင်ထားရင်၊ သူတို့ရဲ့ သဘာဝအရ ပြုမူတာတွေကို ထိန်းချုပ်ထားရင် သူတို့စိတ်တွေက
ရက်စက်ကြမ်းကြုတ်လာတယ်။ အထူးသဖြင့် ပိုင်ရှင်တွေကသူတို့ ရဲ့လိုအပ်ချက်အမျိုးမျိုးကို
မဖြည့်ဆည်းပေးနိုင်တဲ့အခါတွေမှာပေါ့" ဟု ၎င်းက အေအက်ဖ်ပီသို ့ပြောသည်။

"နောက်ပြဿနာတစ်ခုက တောရိုင်း တိရစ္ဆာန်တစ်ကောင်ကို အိမ်မှာ မွေးမြူရတာက အိမ်မွေး
တိရစ္ဆာန် တစ်ကောင်ကို မွေးရတာနဲ့မတူဘူး။ အရွယ်အစား ကြီးလာတာနဲ့အမျှ ထင်မှတ်မထားတဲ့
အပြုအမူတွေကနေ ဒဏ်ရာရအောင်လုပ်တာတွေ၊ ပိုင်ရှင်ရဲ့ အသက်အန္တရာယ်ကို ဒုက္ခပေးတာတွေ
ဖြစ်နိုင်တယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ကဘူးလ်တိရစ္ဆာန်ရုံမှ ညွှန်ကြားရေးမှူး အဇစ်ဂူးလ်ဆဂက်ဘ်က "ကဘူးလ်မှာ ခြင်္သေ့ကို အိမ်မွေး
တိရစ္ဆာန်အဖြစ် မွေးမယ်ဆိုရင် တုန်လှုပ်သွားမှာအမှန်ပဲ။ ခြင်္သေ့မွေးဖို့ဆိုတာ တော်တော် ခဲယဉ်းတဲ့ အလုပ်ပါ။ ခြင်္သေ့ဆိုတာမျိုးက တောထဲမှာ နေနေကျ တောရိုင်းတိရစ္ဆာန်မျိုးလေ" ဟု ဆိုသည်။

(အေအက်ဖ်ပီ)