သတင်းစာမျာ းရပ်တည်ရေး အွန်လိုင်းတွင် ငွေကောက်မည်

သတင်းစာမျာ းရပ်တည်ရေး အွန်လိုင်းတွင် ငွေကောက်မည်

ဘန်ကောက် - ကမ္ဘာ့သတင်းစာအကြီး အကဲများသည် ပုံနှိပ်သတင်းစာနှင့် ကြော်ငြာငွေ နှစ်ပေါင်း
များစွာကျဆင်းလာအပြီးမှာ သတင်းကောင်း တစ်ခုရရှိလာကြသည်။

၎င်းမှာ သတင်း စာဖတ်သူများသည် အွန်လိုင်းဖြင့် ငွေချေ ဖတ်လိုသူ များပြားလာခြင်းဖြစ်သည်။

သတင်းစာအယ်ဒီတာများနှင့် တခြားမီဒီယာ အကြီးအကဲများသည် စက္ကူသတင်းစာရောင်းအားကျ
လာပြီး အင်တာနက်ဖြင့် ဖတ်ရှုသူများပြားလာချိန်တွင် ဘန်ကောက်မြို့၌ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့
ကြခြင်းဖြစ်သည်။

သတင်းစာလွတ်လပ်ခွင့်၊ သတင်းသမား ဘေးကင်းလုံခြံုမှု၊ှု နညး်ပညာသစ် အသုံး၊ စက္ကူသတင်းစာ
၏ အနာဂတ် နှင့် ကြော်ငြာကိစ္စရပ်များကို ဇွန်လ ၅ ရက်နေ့အထိ ကျင်းပမည့် ဤလေးရက်ကြာ
ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။

၀က်ဘ်ဆိုက်များနှင့် မိုဘိုင်းဖုန်းများတွင် ဖတ်ရှုသူများကို ငွေကြေးကောက်ခံရေးကို အဓိက
ဆွေးနွေးစရာ ကိစ္စဖြစ်ခဲ့သည်။

ယခင် အခမဲ့အွန်လိုင်း ဖတ်ရှုခွင့်ပေးနေရာမှ Paywall ဖြင့် ငွေကြေးကောက်ခံလာသော မီဒီယာ
အချို့အောင်မြင်လာသည်ကို မျက်စိကျ၍ဖြစ်သည်။

အွန်လိုင်းဖြင့် ဖတ်ရှုသူများ အခမဲ့ပေးသော စနစ်ကို ဖျက်သိမ်းရန် မဖြစ် နိုင်သော်လည်း ဤအချက်
မှာ တဖြည်းဖြည်းပြောင်းလဲလာနေပြီဟု World Association of Newspapers and News
Publishers အဖွဲ့မှ ဂီးလ်ဒမ်တော့စ်က ပြောကြားသည်။

ပြီးခဲ့သောလတွင် နယူးယော့ခ်တိုင်း(မ်) သတင်းစာသည် အမေရိကန်၏ ဒုတိယအရောင်းရဆုံး
နေ့စဉ်သတင်းစာဖြစ်ခဲ့ပြီး စောင်ရေ တစ်သန်းကျော်ခဲ့သည်။

၎င်းမှာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖတ်ရှုသူ ၃၂၅,၀၀၀ တိုးလာခဲ့၍ ဖြစ်သည်။

သို့သော် အွန်လိုင်းဖြင့်ရောင်းချမှုသည် ကြော်ငြာ ထည့်လိုသူ နည်းပါးပြီး ကြော်ငြာခမှာလည်း
လွန်စွာနည်းသည် ဟုသိရသည်။

အမေရိကန်၏ အကြီးမားဆုံးသတင်း စာစောင်ထုတ်ဝေသူ Gannet Company သည် Paywall
ဖြင့် ဖတ်ရှုရန်သူ၏ဝက်ဘ်ဆိုက် ၈၀ ထပ်တိုးခဲ့စဉ်တွင် ဟောင်ကောင်မှ South China Morning
Post သတင်းစာမှာ ကြော်ငြာရရှိရန် အလွန်ခဲယဉ်းနေသည်။

အွန်လိုင်းဖြင့် Paywall ကောက်ယူမှုသည် အမာခံ စာဖတ်ပရိသတ်ရရှိပြီး နာမည်ရ သတင်းစာကြီး
များအတွက်သာ အလုပ်ဖြစ်နိုင်သည်ဟုဆိုသည်။

သို့သော် ထိုသို့ချည်းလည်း မဟုတ်ပေ။ အာရှဒေသတွင်မူ စာတတ်မြောက်မှု နှုန်း များပြားလာပြီး
စက္ကူသတင်းစာဖတ်ရမှုကို ရှေးကျသည်ထင်သော အသိုင်းအဝိုင်းများအတွက်မူ အာရှဒေသ
အတွက် အွန်လိုင်းဈေးကွက်မှာ အားကောင်းလျက်ရှိသည်။

(အေအက်ဖ်ပီ)