ပေကျင်း - တရုတ်နိုင်ငံသည် ၎င်း၏ အရှည်လျားဆုံး အာကာသခရီးစဉ်တစ်ခုတွင် အမျိုးသမီး
အာကာသ ယာဉ်မှူးတစ်ဦးကို ကမ္ဘာပတ်လမ်း ကြောင်းအတွင်းသို့ စေလွှတ်မည်ဖြစ်ကြောင်း
အာကာသ အရာထမး် များက တနင်္လာနေ့က ပြောကြားခဲ့သည်။
၎င်းမှာ နိုင်ငံအနေဖြင့် အာကာသစခန်းတစ်ခု ပထမဆုံးအကြိမ် တည်ဆောက်ရန် စီစဉ်နေချိန်တွင်လည်း ဖြစ်သည်။ ဇွန်လ ၁၁ ရက်နေ့ ၉ နာရီ ၃၈ မိနစ် ဂရင်းနစ်စံတော်ချိန်တွင် ခရီးရှည် ချီတက်ပွဲ (ူသညါ ြမေခ့) ဒုံးပျံဖြင့် 'နတ်ပြည်ယာဉ်' (ီငလငညန ဠနျျနူ) ဟု အဓိပ္ပာယ်ရသော ရှန်ကျိုး-၁၀ အာကာသ ယာဉ်ကို စေလွှတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ လူပါ၀င်သော အာကာသ အစီအစဉ်၏ ပြောခွင့်ရပုဂ္ဂိုလ် ၀ူဖျင်း က ပြောကြားခဲ့သည်။ အာကာသယာဉ်မှူးများသည် ကမ္ဘာ ပတ်လမ်းကြောင်းပေါ်၌ ၁၅ ရက်ကြာ ရှိနေမည်ဖြစ်ပြီး ၎င်း အစီအစဉ်တွင် ၀မ်ဟိုင်ဖျင်ဟုအမည်ရှိသော ဒုတိယ မြောက်ဖြစ်သည့် တရုတ်အမျိုးသမီး အာကာသယာဉ်မှူးလည်း ပါ၀င်သည်။ အသက် ၃၃ နှစ်ရှိပြီဖြစ်သော ၀မ်သည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တွင် ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ကွန်မြူနစ်ပါ တီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည် ဟု နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ အာကာသခရီးစဉ်၏ ပျံသန်းရေးမှူး ဖြစ်သည့် ဉာဏ်ဟိုင်ရှန်သည် အသက် ၄၈ နှစ်အရွယ်ရှိပြီး ဗိုလ်မှူးချုပ်တစ်ဦး လည်းဖြစ်ကာ ရှန်ကျိုး-၆ အာကာသခရီးစဉ်တွင် ပါ၀င်ခဲ့သူလညး ် ဖြစ်သည်။ ၎င်းက "ကျွန်တော်တို့ အောင်မြင်တဲ့ လုပ်ဆောင်ချက်တစ်ခု ကို လုပ်ဆောင်နိုင်မှာပါ"ဟု ပြောကြား ခဲ့သည်။ တတိယမြောက် အာကာသယာဉ်မှူး မှာ အသက် ၄၇ နှစ်အရွယ်ရှိ ဗိုလ်မှူးကြီး ကျန်ရှောင်ကွမ်း ဖြစ်သည်။ ယင်း အာကာသယာဉ်မှာ ထျန်းကုန်း-၁ (ကောင်းကင်နန်းတော်) ဟု အမည် ရသည့် အာကာသဓာတ်ခွဲခန်းနှင့် ချိတ်ဆက် မည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာနှင့် အာကာသနည်းပညာ စမ်းသပ်မှုများ ကို လုပ်ဆောင်ရန် လဲလှယ်နေထိုင်မည်ဖြ စ်သည်။ တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် အာကာသသို့ လူစေလွှတ်နိုင်ခဲ့ ခြင်းဖြစ်ပြီး ၎င်း၏လုပ်နိုင်စွမ်းမှာ အမေ ရိကန်နှင့် ရုရှားတို့ထက် များစွာ နောက်ကျနေဆဲဖြစ်သည်။ သို့သော် ၎င်းသည် ရည်ရွယ်ချက်ကြီးမားသော အစီအစဉ်ဖြစ်သည့် 'လ'ပေါ်သို့ လူ စေလွှတ်နိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာပတ်လမ်းပေါ်၌ အာကာသစခန်း တည်ဆောက်ခြင်းတို့ ပါ၀င်သည်။ တရုတ်နိုင်ငံသည် ဒေါ်လာဘီလျံပေါ င်းများစွာ ကုန်ကျမည့် အာကာသ အစီအစဉ်ကို ၎င်း၏ ကမ္ဘာပေါ်တွင် အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နည်းပညာကျွမ်းကျင်မှုကို သက်သေပြ နိုင်ရန်နှင့် အာဏာရကွန်မြူနစ်ပါတီ ၏ အောင်မြင်မှုကိုပြသနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ပြီးခဲ့သော ရှန်ကျိုးအာကာသခရီးစဉ်တငွ ် ပြီး ခေ့ဲ သာဇ နွ လ် က စေလတွှ ခ် ြ့ဲခင း် ဖြစ်ပြီး ပထမဆုံးအမျိုးသမီး အာကာသ ယာဉ်မှူး လျှို့ယန်းပါ၀င်ခဲ့သည်။ ၎င်း သည် နိုင်ငံ၏ သူရဲကောင်းအမျိုးသမီး ဖြစ်ခဲ့သည်။ ဩစတြေးလျ ဆစ်ဒ်နီမြို့အခြေစိုက် အလွတ်တန်း အာကာသလေ့လာရေး သမားတစ်ဦးဖြစ်သော မောရစ်ဂျုံးစ် ကမူ တရုတ်၏ ဤခရီးစဉ်မှာ အတွေ့ အကြံုများစွာ ရရှိထားပြီဖြစ်၍ အောင်မြင်မည်ဟ ုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (အေအက်ဖ်ပီ)

















