ပါကစ္စတန်တွင် နေတိုးတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရ၍ ခြောက်ဦးသေဆုံး

ပါကစ္စတန်တွင် နေတိုးတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရ၍ ခြောက်ဦးသေဆုံး

ပက်ရှာဝါ (ပါကစ္စတန်) - ပါကစ္စတန်အနော က်မြောက်ပိုင်းတွင် သေနတ်များ နှင့် စိန်ပြောင်းများ
သယ်ဆောင်လာသည့် နေတိုးတပ်ဖွဲ့မှ ထောက်ပံ့ရေးယာဉ်တန်းအား စစ်သွေးကြွများက တိုက်ခိုက်
ခဲ့ရာ ယာဉ်များ မီးလောင်ပြီး လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက
ဇွန်လ ၁၀ ရက်နေ့တွင် ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုသည် ခိုင်ဘာခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်း နေရာသည် သောင်းကျန်းသူ
များနှင့် အဆက်အသွယ်ရှိသော တာလီဘန်နှင့်အယ ်လ်ခိုင်ဒါတပ်ဖွဲ့များ နားခိုရာ နိဗ္ဗာန်ဘုံ ဖြစ်
သည့် အာဖဂန်နယ်စပ်ရှိ မျိုးနွယ်စု ခုနစ်စု နေထိုင်ရာ နယ်မြေခုနစ်ခုထဲမှ တစ်ခုဖြစ်သည်။

လက်နက်ကိုင် စစ်သွေးကြွစုစုပေါင်း ၂၀ နီးပါးသည် စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ဆောင်လာ
သည့် အာဖဂန် နစ္စတန်သို့ ဦးတည်သွားသော အနည်းဆုံး ယာဉ်သုံးစီးကို ဦးတည်တိုက်ခိုက်ခဲ့
ကြောင်း အကြီးတန်းအုပ်ချုပ်ရေး အရာရှိ ဂျီဟန်ကီယာအဇမ်က ပြောကြားသည်။

"ခိုင်ဘာခရိုင်ရဲ့ အဓိကမြို့ဖြစ်တဲ့လန်ဒီ ကိုတယ်လ်ကနေ အရှေ့တောင်ဘက် ၂၀ ကီလိုမီတာ (၁၂
မိုင်) ဝေးတဲ့ ရှာဂိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားပြီး နေတိုး ယာဉ်လေးစီး ပစ်ခတ်ခံရတယ်။ သုးံစီး
မီးလောင်ခံရတယ်" ဟု အက်စ်မာတူလာ ၀ါဇီရာဆိုသူ အရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ ပါကစ္စတန် လူမျိုး ကားမောင်းသူများနှင့် ၎င်းတို့၏ အကူများဖြစ်သည်။

စစ်သွေးကြွများသည် ဒုံးကျည်များ နှင့် အလိုအလျောက်ပစ်ရသည့် လက်နက်များကို အသုံးပြုခဲ့
သည်။

ပါကစ္စတန်သည် ကုန်းတွင်းပိတ် နိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်ရှိ နေတိုးတပ်ဖွဲ့၏ အဓိကဖြတ်သန်း
ရာလမ်း ကြောင်းတစ်ခုဖြစ်ပြီး ကရာချီမှ နယ်စပ်တစ်လျှောက်တွင် ထောက်ပံ့ရေး တပ်ဖွဲ့များက
ဖြတ်သန်းကြသည်။

အမေရိကန် လေကြောင်းတိုက်ခိုက်မှုများက ပါကစ္စတန်တပ်ဖွဲ့ ၂၄ ဖွဲ့ကို ချေမှုန်းခဲ့သည်ကို ဂရုမစိုက်
ဘဲ ဖြစ်သလိုပစ်ထားပြီးနောက် ပါကစ္စတန်တို့က နေတိုးတပ်ဖွဲ့ယာဉ်များ ကုန်းကြောင်းမှ ဖြတ်သန်း
သည့် ၎င်းတို့၏ အာဖဂန်နယ်စပ်ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်ထိ ပိတ်လိုက်
သည်။

ပါကစ္စတန်နှင့် အမေရိကန်တို့သည် နေတိုးယာဉ်တန်းများကို အာဖဂန်နစ္စတန် နိုင်ငံသို့ ဖြတ်သန်း
သွားလာခွင့်ပြုသည့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြရာ ယင်းစာချုပ်သည် ၂၀၁၅ ခုနှစ်တွင်မှ
သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

(အေအက်ဖ်ပီ)