မနီလာ - ဖိလစ်ပိုင် ကာတွန်းဆရာတစ်ဦးသည် မိန်းမလျာများအကြောင်း သရော်မိ၍ ကက်သလစ်
ဘာသာဝင်များပြားသော ဖိလစ်ပိုင်နိုင်ငံရှိ ရှေးရိုးစွဲအုပ်စုများ အမျက်ဒေါသထွက်သဖြင့် အလုပ်မှ
နုတ်ထွက်ခဲ့ရသည်။
"ခင်ဗျားတို့ကို ဂုဏ်သရေ ညှိုးနွမ်းစေခဲ့မိလို့ တောင်းပန်ပါတယ်"ဟု ပိုးလ်မက် ဒီနာဂျူနီယာက
Philippine Daily Inquirer သတင်းစာ၏ အယ်ဒီတာချုပ် လက်တီဂျမီ နက်မက်စနော့ကို
တောင်းပန်ခဲ့သည်။
မက်ဒီနာ၏ နုတ်ထွက်မှုကြောင့် ၎င်း၏ ၂၅ နှစ်ကြာ တင်ဆက်ခဲ့သော Pugad Baboy ကာတွန်း
ကဏ္ဍမှာ အဆုံးသတ်ခဲ့ရသည်။
Inquirer သတင်းစာ ဇွန်လ ၄ ရက်ထုတ် စာစောင်ကို အများသူငှာ စော်ကားမိသော စာစောင်
အဖြစ် ခေါ်ဝေါ်ခ ြ့ဲပီး ပြီးခဲ့သောသီတင်းပတ်အတွင်းက ယင်းသတင်းစာက ပြန်လည်တောင်းပန်ခဲ့
သည်။
၎င်းကာတွန်းမှာ ဖိလစ်ပိုင်၏ အထင်ကရကက်သလစ် ဘုရားကျောင်းတွင် ကျောင်းသူများနှင့်
သီလရှင်များမှာ ယောကျ်ားလျာများအဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
စိန့်စကောလက်စ်တီကာ ဘုရားကျောင်းတော်ကမူ ယင်းသတင်းစာကို တရားစွဲဆိုမည်ဟု
ခြိမ်းခြောက်ပြီး ရှင်းလင်းချက်ပေးရန် တောင်းခံခဲ့သည်။
သတင်းစာက ပြန်လည် ရှင်းလင်းရာတွင် ၎င်းကာတွန်းကို ဧပြီလအတွင်းက ထုတ်ဝေရန်တင်ပြခဲ့ပြီး
ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း ဆောင်းပါးများနှင့် ရောထွေးပြီး ပါ၀င်သွားခြင်းဖြစ် နိုင်ကြောင်း
ပြောကြားခဲ့သည်။
မက်ဒီနာမှာမူ သူ အလုပ်ပြုတ်ခဲ့၍ များစွာ ၀မ်းနည်းမှုဖြစ်ရသည်ဟု အေဘီအက် စ်စီဘီအင်န်ရုပ်သံ
ကို ပြောသည်။
Pugad Baboy ကာတွန်းစီရီးသည် ၁၉၈၈ ခုနှစ်မှစပြီး လူထု၏ ရှုထောင့်မှနေ၍ ဖိလစ်ပိုင်နိုင်ငံ
အပေါ် ဝေဖန်သရော်ကာတွန်းများ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
The Concerned Artist of the Philippine အဖွဲ့ကမူ Inquirer သတင်းစာ၏ မက်ဒီနာအပေါ်
ပြုမူမှုကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ဖောက်ဖျက်မှု တစ်ခုအဖြစ် သတိပေးထားသည်။
"ဒါတွေကတခြားသတင်းစာ၊ စာစောင်၊ မီဒီယာတွေအတွက်လည်း ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ်
ဟု" ပြောခွင့်ရသူ ရီနန်အော်တစ်က ပြောခဲ့သည်။
မက်ဒီနာ၏ ကာတွန်းမှာ ဟာသမြောက်ရုံသာမက ကောင်းမွန်သော သရော်စာတစ်ခုဖြစ်ပြီး
ကွယ်လွန်သူ အာဏာရှင် ဖာဒီနန်မားကို့စ် ကိုပါ ထည့်သွင်းသရော်ထားသည် ဟုဆိုသည်။
(အေအက်ဖ်ပီ)
















