မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးရေးကို သတိထားရန် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟဲက သတိပေးပြောကြား

မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးရေးကို သတိထားရန် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟဲက သတိပေးပြောကြား

ဆိုးလ် - မြောက်ကိုရီးယားနှင့်စေ့စပ်ဆွေး နွေးခြင်းသည် ယင်း၏ နှူကလီး ယား လက်နက်ထုတ်
လုပ်ရေးအတွက် ပိုမိုအချိန်ရစေရန် ခွင့်ပြုသလိုသာလျှင်ဖြ စ်မည်ဟုပြောဆိုလျက် မြောက်ကိုရီး
ယားနှင့် စေ့စပ်ဆွေးနွေးခြင်းမပြုရန် အမေရိကန်ပြည်ထောင်စုကို ဇွန်လ ၁၇ ရက်တွင် တောင်ကို
ရီးယားသမ္မတ ပတ်ဂွမ်ဟဲက သတိပေးလိုက်သည်။

သမ္မတပတ်ဂွမ်ဟဲနှင့် အမေရိကန်သမ ္မတအိုဘားမားတို့၏ မိနစ် ၂၀ ကြာ တယ်လီဖုန်းဆက်
စကားပြောရာမှ ယင်းသို့သတိပေးပြောဆိုမှုသည် မြောက်ကိုရ ီးယားက အမေရိကန်ပြည်ထောင်
စု ကို နျူကလီးယားလက်နက်မပြန့်ပွား ရေးအတွက် တိုက်ရိုက်ဆွေး နွေးမှုပြုရန် ကမ်းလှမ်းခဲ့အပြီး
တစ်ရက်အကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီး ယားနိုင်ငံတို့၏ ဆွေးနွေးရန် စီစဉ်ထား မှုသည် ကနဦး သဘော
တူညီချက်များ မပြေလည်ခဲ့သည့်အတွက် လွန်ခဲ့သည့်သီ တင်းပတ်အတွင်း ပျက်ခဲ့ရပြီးနောက်
မြောက်ကိုရီးယား၏ အမေရိကန်နိုင်ငံ ကို ဆွေးနွေးရေး ကမ်းလှမ်းချက်သည် အမေရိကန်ပြည်
ထောင်စုနှင့် တောင်ကို ရီးယားကိုသွေးခွဲရန် ကြိုးပမ်းမှုတစ်ရပ် ဟုအများက ရှုမြင်ထားကြသည်။

ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် ဆွေးနွေးပွဲတွေ လုပ်တာဟာ မြောက်ကို ရီးယားနိုင်ငံအတွက်
နျူကလီးယား လက်နက်တွေ ထုတ်လုပ်သွားဖို့ အချိန်ပို ပေးလိုက်သလိုပဲ ဖြစ်ပါလိမ့်မယ်" ဟု
သမ္မတအိုဘားမားကို ပြောဆိုခဲ့သည့် သမ္မတ ပတ်ဂွမ်ဟဲ၏စကားကိုကိုးကား ၍ သမ္မတအိမ်ပြာ
တော် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သမ ္မတအိမ်ဖြူတော်ကလည်း သမ္မတ နှစ်ဦးသည် "မြောက်ကို
ရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် ထုတ်လုပ်မှု ရပ်ဆိုင်းရေးကိုဆောင်ရွက်ရန် အနီးကပ်ဆက်
သွယ် ပူးပေါင်းဆောင်ရွက်သွား မည်ကို သဘောတူညီထားပြီးဖြစ် ကြောင်း" ထုတ်ပြန်ကြေညာခဲ့
သည်။

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယား၏ ကမ်းလှမ်းချက်ကို သတိထား၍ တုံ့ပြန်ပြောဆိုခဲ့ပြီးဖြစ်ကာ မြောက်ကိုရီးယားနိုင်ငံသည် နှစ်ဖက်ဆွေး နွေးပွဲများ မစတင်မီပင်
ယင်း၏ နျူကလီးယား အစီအစဉ်များကို စွန့်လွှ တ်လိုသည့်အကြောင်း သက်သေပြ သွားရလိမ့်
မည်ဟု ဆိုခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကိုဆော င်ရွက်နေသည့် တောင်ကိုရီးယား နိုင်ငံ၏ နှစ်နိုင်ငံ ပေါင်း
စည်းရေးဝန်ကြီး ဌာနကလည်း တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် တူညီသော ရည်
မှန်းချက်များအတွက် ခိုင်မြဲစွာဆော င်ရွက်လျက်ရှိကြောင်း ရှင်းလင်း စွာ ပြောကြားလိုက်သည်။

"အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အိမ်ဖြူတော်ကပြောသလိုပဲ ကျွန်တော်ထပ် ပြီးပြောချင်တာ
က နှစ်ဖက်ဆွေး နွေးပွဲအတွက် တံခါးတွေ ဖွင့်ထား ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား နိုင်ငံဟာ
တိကျခိုင်မာတဲ့ ဆောင်ရွက်ဖွယ ်ရာကိစ္စတွေကို အရင်ဆောင်ရွက်သင့် ပါတယ်" ဟု ၀န်ကြီးဌာန
ပြောခွင့်ရ ပုဂ္ဂိုလ် ကင်မ်ဟွန်ဆော့က ပြောသည်။

မိနစ် ၂၀ ကြာ ဖုန်းဆက်စကား ပြောဆိုမှုတွင် သမ္မတအိုဘားမားက ၎င်းနှင့် တရုတ်သမ္မတ
ရှီကျင့်ဖျင်တို့၏ မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုများ အကြောင်းနှင့် မြောက်ကိုရီးယားကျွန်း
ဆွယ်တွင် နျူကလီးယား မပြန့်ပွားရေး အတွက် အတူတကွ ဆောင်ရွက်သွား ကြရန် ၎င်းတို့နှစ်ဦး
သဘောတူညီခဲ့ကြပုံများ ကို သမ္မတပတ်ဂွမ်ဟဲအား အသေးစိတ် ပြောကြားခဲ့သည်။

သမ္မတပတ်ဂွမ်ဟဲနှင့် သမ္မတရှီကျင့်ဖျ င်တို့သည် ပေကျင်း၌ ဇါန်လ ၂၇ ရက် နေ့တွင်တွေ့ဆုံဆွေး
နွေးသွားရန် စီစဉ်ထား ကြသည်။ မြောက်ကိုရီးယား၏ ဇွန်လ ၁၆ ရက် နေ့က အမေရိကန် ထိပ်
တန်းအရာရှိများ နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်သည် မည်သို့သောကနဦး
ကန့်သတ်သဘောတူညီချက်များ မပါရှိချေ။

သို့ရာတွင် အမေရိကန် ကမူ မြောက်ကိုရီးယားကို ယင်း၏နှူ ကလီးယားအစီအစဉ် စွန့်လွှတ်လိုမှု
အတွက် ထင်ရှားစွာပြသသွားရန်လိုသည်ဟ ုဆိုထားသည်။

(အေအက်ဖ်ပီ)