ကဘူးလ်မြို့၌ အသေခံဗုံးခွဲမှုဖြစ်ပွား သုံးဦးသေ ၂၄ ဦးဒဏ်ရာရ

ကဘူးလ်မြို့၌ အသေခံဗုံးခွဲမှုဖြစ်ပွား သုံးဦးသေ ၂၄ ဦးဒဏ်ရာရ

ကဘူးလ် - နေတိုးတပ်ဖွဲ့က အာဖဂန်တပ် ဖွဲ့ဝင်များကို လုံခြံုရေး တာဝန်လွှဲပြောင်း
ပေးအပ်ကြောင်းကြေညာသည့် ဇါန်လ ၁၈ ရက်နေ့၌ ဖြစ်ပွားသော အသေခံဗုံးခွဲမှုတစ်ခုတွင်
ထင်ရှား သည့် အာဖဂန်ဥပဒေ ပြုလွှတ်တော်အမတ် တစ်ဦးအား ပစ်မှတ်ထားသည့် အသေခံ
ဗုံးခွဲတိုက် ခိုက်မှုတွင် အရပ် သားသုံးဦးသေဆုံးပြီး အစောင့်တပ်ဖွဲ့ ၀င်အချို့အပါအဝင် အခြား
၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲအဖွဲ့က ပြော ကြားခဲ့သည်။

"ဟာဂျီ မိုဟာမက် မိုဟက်က်ကို အသေခံဗု့းခွဲ တိုက်ခိုက်ခဲ့တာပါ။ လွတ်လပ်သော လူ့အခွင့်
အရေးစောင့် ကြည့်ရေးကော်မရှင်ရုံးရဲ့ ရှေ့မှာတိုက် ခိုက်ခဲ့တာဖြစ်ပြီး သူ့ကိုမထိခိုက်ခဲ့ ပါဘူး" ဟု
အမည်မဖော်လိုသူ အကြီး တန်းလက်ထောက်တစ်ဦးက အေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။

ဗုံးခွဲတိုက်ခိုက်ခဲ့သည့် နေရာတွင် ထိခိုက် ပျက်စီးမှုများရှိကြောင်း အေ အက်ဖ်ပီ ဓာတ်ပုံသတင်း
ထောက်တစ်ဦး က သတင်းပေးပို့ခဲ့သည်။

နေတိုးတပ်ဖွဲ့က အာဖဂန်တပ်ဖွဲ့ ၀င်များကို လုံခြံုရေးတာဝန် လွှဲပြောင်း ပေးရန် နောက်ဆုံး ကျန်ရှိ
နေသေး သည့် ခရိုင် ၉၅ ခုတွင် ၂၀၀၁ ခု နှစ်မှ စပြီး အမေရိကန်အကူအညီပေးနေသည့် အာဖဂန်
အစိုးရကို တာလီဘန်များ က ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် အာဖဂန်နစ္စတန် နိုင်ငံ၏တောင်
ဘက် နှင့်အရှေကဘက်ရှိ တည်ငြိမ်မှုမရှိဆုံး ဒေသတော်တော်များများ ပါ၀င်သည်။

လုံခြံုရေးတာဝန် လွှဲပြောင်းပြီးနောက်စစ်သွေး ကများကို တိုက်ခိုက်ရာ၌ နေတိုးတပ်ဖွဲ့ဝင်
၁၀၀,၀၀၀ က အာဖဂန်စစ် သားများနှင့် ရဲများကိုအကူအညီပေး ခြင်းနှင့် လေ့ကျင့်ပေးခြင်းများ
ပြုလုပ်ပေးသွားမည်ဖြစ်သည်။

သို့သော်လည်း တာလီဘန်များကိုတို က်ခိုက်မည့် အာဖဂန်တပ်ဖွဲ့ဝင်အင်အား ၃၅၀,၀၀၀ ၏
အရည်အချင်း နှင့်ပတ်သက်ပြီး စိတ်မချမှုများရှိနေဆဲဖြ စ်ပြီး နေတိုးတပ်ဖွဲ့က လိုအပ်လျှင် တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး နှင့် လေကြောင်းအကူအညီများစသည့် အဓိကအခန်း
ကဏ္ဍ၌ ရှိနေမည်ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် လာမည့် နှစ် သမ္မတရွေးကောက်ပွဲများအတွက် ပြင်ဆင်လျက်ရှိပြီး
၂၀၁၄ ခုနှစ် မတိုင်မီ နေတိုးတပ်ဖွဲ့ကိုလည်း ပြန်ရုပ်သိမ်းမည်ဖြ စ်ရာ မကြာသေးမီက တိုက်ခိုက်
မှုများ က တာလီဘန်တို့၏ တိုက်ခိုက်နိုင်စွမ်း ကို ဖော်ပြလျက်ရှိသည်။

ဇွန်လ ၁၁ ရက်နေ့က ကဘူးလ်မြို့ရှိ တရားရုံးချုပ် အပြင်ဘက်၌ ဖြစ်ပွား သော အသေခံ
ဗုံးခွဲမှုတစ်ခုကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့သည်။ လွန်ခဲ့ သည့်ရက်ကလည်း မြို့တော်
၏လေဆိ ပ်တွင် သေနတ်သမားများ၏ပစ်ခတ်မှု များရှိခဲ့ပြီး ပြီးခဲ့သည့်လနှောင်းပိုင်း ကလည်း
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တည်ရှိရာ နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။

(အေအက်ဖ်ပီ)