ဂျကာတာ - ၂၀၀၈ ခုနှစ်ကတည်းက ပထမ ဆုံးအကြိမ်အဖြစ် လောင်စာဆီဈေးနှုန်း
မြှင့်တင်ရန်အတွက် အသုံးစရိတ်ပြင်ဆင် မှုအား တစ်နိုင်ငံလုံးအနှံ့ကန့်ကွက်ဆန ္ဒပြနေသည့်ကြား
က အင်ဒိုနီးရှား ဥပဒေပြု လွှတ်တော်အမတ်များက ဇွန်လ ၁၇ ရက်နေ့တွင် အတည်ပြုခဲ့
ကြသည်။
ဂျကာတာမြို့ရှိ အမျိုးသားပါလီမန်ထဲ၌ ဆယ်နာရီကျော်ကြာအောင် အခြေအတင် ဆွေးနွေး
ခဲ့ကြပြီးနောက် နိုင်ငံ၏ အသုံးစရိတ်ပြင်ဆင်မှုအား ၃၃၈ မဲ ၁၈၁ မဲဖြင့် ဥပဒေပြုလွှတ်တော်
အမတ် များက အတည်ပြုခဲ့ကြပြီး အဆောက်အအုံ အပြင်ဘက်တွင်လည်း ရဲများနျင့်ပဋိပက္ခ
ဖြစ်ပွားကာ မျက်နှာဖုံး တပ် ကန့်ကွက်ဆန္ဒပြသူများက ဓာတ်ဆီပုလင်းဗု့းများဖြင့် ပစ်ပေါက်ခဲ့
ကြသည်။
ထိုအသုံးစရိတ် ပြင်ဆင်မှုတွင် ၃၃ ရာခိုင်နှုန်း မြင့်တက်မည်ဟု ခန့်မှန်း ရသော လောင်စာဆီ
ဈေးနှုန်းမြင့်တက်မှု၏ အကျိုးသက်ရောက်မှုမှ အကာ အကွယ်ပေးရန်အတွက် ဆင်းရဲသားများ
ကို ငွေကြေးအထောက်အပံ့များ ပိုမိုပေး အပ်ရန် ပါ၀င်သည်။ လောင်စာဆီဈေးနှုန်းများ မမြှင့်တင်
မီ ထိုသို့ဆောင်ရွက်မှုများ လိုအပ်ကြောင်း သမ္မတ ဆူစီလိုဘမ်ဘန်းယူဒိုယိုနိုက ယခင်က ပြော
ကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီဈေး နှုန်းနှင့်ပတ်သက်ပြီး ယခင်ကတည်း ကဖိအားများရှိနေကာ
အစိုးရ၏ ထောက်ပံ့မှုများက နိုင်ငံ၏ အသုံးစရိတ်ပမာ ဏ အတော်များများကို ၀ါးမြိုနေ ပြီး ယင်း
က နိုင်ငံ၏ စီးပွားရေးကိုအဓိက ထိခိုက်စေကြောင်း စီးပွားရေးပညာရှင် များက သတိပေးထား
သည်။
သို့သော်လည်း ထောက်ပံ့မှုများ လျော့နည်းလာပြီး လူနေမှုစရိတ်မြင့်တက်လာ ခြင်းကို
သန်းပေါင်းများစွာသောပြ ည်သူလူထုက ကန့်ကွက်ကာ လောင်စာ ဆီဈေးနှုန်းမြှင့်တင်မည့်
အစိုးရ၏အစီ အစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
အင်ဒိုနီးရှားပါလီမန်က အသုံးစရိတ်ပြ င်ဆင်မှုအား အတည်ပြုပြီးနောက်တွင် "ကျွန်တော်
ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ပါလီမန်နဲ့အစိုးရ ရဲ့ နက်ရှိုင်းတဲ့ ကတိကဝတ်အတိုင်း
ကျွန်တော်တို့ အသုံးစရိတ် ပြင်ဆင်မှုကိုအဆုံး သတ်နိုင်ပါပြီ"ဟု အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး
ချာတစ်ဘာဆရီ က ဥပဒေပြု လွှတ်တော်အမတ်များကိုပြော ကြားခဲ့သည်။
အသုံးစရိတ်ပြင်ဆင်မှုတွင် လောင်စာဆီ ဈေးနှုန်း မြင့်တက်လာသည့် အကျိုး ဆက်ကို သက်သာ
စေရန်အတွက် အင်ဒို နီးရှားနိုင်ငံမှ ဆင်းရဲသည့် အိမ်ထောင်စုသန်း ပေါင်းများစွာကို လာမည့်လေး
လ တာကာလအတွင်း တစ်လလျှင် ရူပီယာ ၁၅၀,၀၀၀ (၁၅ ဒေါ်လာ) ထောက်ပံ့မှု ပေးရန် ပါ၀င်
သည်။
အာရှတွင်လောင်စာဆီဈေး အသက်သာ ဆုံးနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီး ရှားနိုင်ငံတွင် ဓာတ်ဆီ
တစ်လီတာလျှင် ရူပီယာ ၄,၅၀၀ (၀ ဒသမ ၄၆ ဒေါ်လာ) မှ ၆,၅၀၀ သို့လည်းကောင်း၊ ဒီဇယ်တစ်
လီတာ လျှင် ရူပီယာ ၄,၅၀၀ မှ ၅,၅၀၀ သို့လည်းကောင်း မြင့်တက်မည်ဟုမျှေ ာ်လင့်ရသည်။
ဂျကာတာ၌ ကန့်ကွက်ဆန္ဒပြသူ ၃,၀၀၀ ခန့်က ပါလီမန်အဆောက်အအုံ ဂိတ်ဝများ၌ စုရုံးကာ
ဆန္ဒပြခဲ့ကြပြီး ညရောက်သည့်အခါ ဆန္ဒပြသူ အချို့က မီးလောင်ဗုံးများ၊ မီးပန်းများ၊ ကျောက်ခဲ
များ၊ ပုလင်းများဖြင့် လုံခြံုရေးတပ်ဖွဲ့များ ကို ပစ်ပေါက်ခဲ့ကြရာ ရဲများက မျက်ရည်ယိုဗုံးများဖြင့်
ဆက်တိုက်ပစ်ခတ် နျိမ်နင်းခဲ့သည်။ ဂျကာတာမြို့အနှ့ံ ရဲနှင့်စစ်တပ်အင် အား ၁၉,၀၀၀ ခန့်ကို
တပ်ဖြန့်ချထား ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















