မီးခိုးမြူများ ပြဿနာ စင်ကာပူနှင့် အင်ဒိုနီးရှား အပြန်အလှန် အပြစ်တင်

မီးခိုးမြူများ ပြဿနာ စင်ကာပူနှင့် အင်ဒိုနီးရှား အပြန်အလှန် အပြစ်တင်

စင်ကာပူ -  အင်ဒိုနီးးရှားနိုင်ငံ ဆူမာ တြာကျွန်းတွင် သစ်တော မီးလောင်
ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယင်းမီးလောင်မှုမှ လေထုညစ်ညမ်းမှုများသည် စင်ကာပူ နိုင်ငံတွင်းသို့
ရောက်ရှိပြီး ဇါန် ၁၇ ရက်နေ့တွင် လေထုညစ်ညမ်းမှု အဆင့် မှာ ပြင်းထန်၍ ကျန်းမာရေးဆိုင်ရာ
သတိ ပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ကြောင့် ဇွန် ၁၈ ရက်နေ့တွင် အဆို ပါ လေထုညစ်ညမ်းမှု အဆင့်သည်စင် ကာပူနိုင်ငံ၌
ကျန်းမာရေးထိခိုက်သည့်အခြေအနေသို့ ရောက်ရှိခဲ့ရာ ယင်း အိမ်နီးချင်း နှစ်နိုင်ငံသည် ရာသီ
အလျောက်ဖြစ်ပွားသည့် ပြဿနာ အတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြစ်တင် လျက်ရှိကြ
သည်။

ရုံးများဖွင့်ချိန်တွင် စင်ကာပူနိုင်ငံ၏ လေထုညစ်ညမ်းမှုအဆင့်မှာ ၁၁၅ သို့ ရောက်ရှိပြီး
ကျန်းမာရေးနှင့် မညီညွတ်သည့် အဆင့်သတ်မှတ်ချက် ဖြစ်သည့် အဆင့် ၁၀၀ အထက်တွင်
ရှိနေကြောင်း သို့သော် ယင်းအခြေအနေမှာ ဆူမာ တြာကျွန်းတစ်ခုလုံး မီးခိုးမြူများဖြင့်ဖုံး လွှမ်း
နေသည့် ဇွန်လ ၁၇ ရက်နေ့တွင်ဖြ စ်ပေါ်ခဲ့သည့် အမြင့်ဆုံးအဆင့်မှ လျော့ကျခဲ့ခြင်းဖြစ်သည်ဟု
ဆိုသည်။

စက်ရုံအလုပ်ရုံများရှိရာ ခရိုင်တွင်း ၌ သစ်တောမီးလောင်မှုကြောင့် မီးခိုး များ ဝှေ့ဝဲနေသော်လည်း
နေ့စဉ်ပုံမှန်ခရ ီးဝေးသွားနေရသူ အများစုသည် ဇါန်လ ၁၈ ရက်နေ့၌ နေရောင်အောက်တွင်
မျက်နှာများကို ကာရံထားခြင်း မရှိဘဲ သွားလာနေခဲ့ကြသည်။

၀န်ထမ်းများသည် လုပ်ငန်းခွင်တွင် နှလုံးနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများ
ဖြစ်ပွားမှုမှ ကာကွယ်ပေး သည့် နျာခေါင်းစည်းများတပ်ဆင် ကြရန်နှင့် လုပ်ငန်းခွင်အပြင်ဘက်
တွင် လည်း ယင်းသို့လုပ်ဆောင်ကြရန် လူ့စွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာနက အလုပ်သမား
များကို တိုက်တွန်းပြော ကြားထားသည်။

ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် လေထုညစ်ညမ်းမှုအဆင့်သည် ၁၅၅ သို့ ရောက်ရှိခဲ့ရာ ၁၉၉၇၊
၁၉၉၈ခုနှစ်များ က အရှေကတောင်အာရှတွင် မီးခိုးမြူများ ကြောင့် ကာလကြာရှည် ဒုက္ခရောက်
ခဲ့ရ သည့်အချိန်မှစ၍ အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းအခြေအနေမှာ ညတွင်းချင်း လျော့ကျသွားခဲ့ကြောင်း
သိရသည်။

ဆူမာတြာကျွန်းမှ မီးခိုးလုံးများ သည် လူဦးရေထူထပ်သည့် မြိုကပြနိုင်ငံဖြ စ်ပြီး မလေးရှားနိုင်ငံ၏
အစိတ်အပိုင်း များဖြစ်သည့်နေရာသို့ ထူထပ်စွာပိတ်ဆို ့ခဲ့ရာ ဇါန်လ ၁၇ ရက်နေ့တွင်ပင် သစ်တော
မီး လောင်မှုကို ဖြေရှင်းပြီး လေထုညစ်ညမ်းမှုကို အမြန်ဆုံးတိုင်းတာ ရန် စင်ကာပူအစိုးရက အင်ဒို
နီးရှား အစိုးရကို တိုက်တွန်းပြောကြားခဲ့သည်။

မီးသတ်သမားများက မီးတောက် များကို ငြိမ်းသတ်ပြီးဖြစ်ကြောင်း ဒေသခံအု ပ်ချုပ်ရေးမှူးများမှ
တောင်းဆိုခဲ့ပါ က ရေဖြန်းပေးသည့် လေယာဉ်ကို လည်း ပို့လွှတ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီး
ရှား သစ်တောရေးရာဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

"မလေးရှားနဲ့ စင်ကာပူအစိုးရနှစ်ဖက် စလုံးက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စည်းစနစ်ကျတဲ့
တိုင်းတာမှုတွေ ပြုလုပ်ဖို ့ ပြောကြားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါမှသာ
ကျွန်တော်တို့က ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ" ဟု သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြောရေး
ဆိုခွင့်ရှိသူ ဟာဒီဒါယန်တိုက ပြောသည်။

သို့သော် စင်ကာပူ သဘာဝပတ်ဝန်း ကျင်နှင့် ရေအရင်းအမြစ်ဆိုင်ရာဝန်ကြီး ခရစ်နန်ကအင်ဒိုနီး
ရှား အစိုးရကို ဖိအားပေးလျက်ရှိသည်။ "အင်ဒိုနီးရှားနိုင်ငံက ရရှိတဲ့ စီးပွားရေး အကျိုးအမြတ်တွေ
ကို သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာတွေမှာ ဖြေရှင်း နိုင်ဖို့ ခွင့်ပြုထားတာပါ" ဟု အဆိုပါ
ဌာန ကပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)