တိုက်လေယာဉ်အစင်း ၆၀ အတွက် တောင်ကိုရီးယားအစိုးရ ဈေးပြိုင်စနစ်ခေါ်ယူ

တိုက်လေယာဉ်အစင်း ၆၀ အတွက် တောင်ကိုရီးယားအစိုးရ ဈေးပြိုင်စနစ်ခေါ်ယူ

ဆိုးလ် -  တောင်ကိုရီးယားနိုင်ငံ၏ ယခုအချိန်ထိ အကြီးမားဆုံး ကာကွယ်ရေး ကန်ထရိုက်
အဖြစ် ဒေါ်လာ ရ ဒသမ ၃ ဘီလျံတန်ဖိုးရှိ အဆင့်မြင့် တိုက်လေ ယာဉ်အစင်း ၆၀ တည်ဆောက်
ပေးရန် ဈေးပြိုင်တင်သွင်းခြင်းကို ဇွန်လ ၁၈ ရက် ၌ စတင်ခေါ်ယူခဲ့သည်။

လေကြောင်း ဆိုင်ရာ ကုမ္ပဏီကြီး သုံးခုဖြစ်သည့် အမေရိကန်မှ ဘိုးအင်းလော့ဟိမာတင် နှင့်
ဥရောပမှ ကုမ္ပဏီများပူးပေါင်း ထားသည့် EADS တို့ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ဘက်များကိုဖယ်ထုတ်
ရန် ဆု လာဘ်အမျိုးမျိုးကို ကမ်းလှမ်းလျက် ရှိသည်။

ဈေးပြိုင်ပေးခြင်းတို့ကို တောင်ကို ရီးယားနိုင်ငံ၏ Defence Acquisition Program
Administration (DAPA) က အကဲဖြတ်မည်ဖြစ်ရာ ပါလီမန်က ခွင့်ပြုထားသည့် ၀မ် ၈ ဒသမ
၃ ထရီလျံ (ဒေါ်လာ ရ ဒသမ ၃ ဘီလျံ) ထက် ကျော်ခွင့်မရှိဟု ရှင်းလင်းစွာ ပြောဆိုထား သည်။

တိုက်လေယာဉ် ရွေးချယ်မှုသည် ဘိုးအင်းကုမ္ပဏီမှ F-15 Silent Eagle, လော့ဟိမာတင်
လေယာဉ်ကုမ္ပဏီမှ F-35 Lightning II နှင့် EADS လေ ယာဉ် ပူးပေါင်းကုမ္ပဏီများမှ Typhoon
အမျိုးအစားသုံးမျိုးထဲမှ တစ်မျိုးမျိုး ဖြစ်ဖွယ်ရာရှိသည်။

EADS မှ တည်ဆောက်သည့် တိုက်လေယ ာဉ် ရွေးချယ်ခံရလျှင် သီးခြား တောင်ကိုရီးယား စီမံ
ကိန်းတစ်ခု၌ ဒေါ်လာ ၂ ဒသမ သုည ဘီလျံ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကမ်းလှမ်းထားသည်။

တောင်ကိုရီးယားအစိုးရ၏ စစ်ဘက်ဆို င်ရာ ဆက်သွယ်ရေးဂြိုဟ်တုများ ဆောက်တည်လွှတ်တင်
ရန် ကြိုးပမ်း မှုကို ကူညီပံ့ပိုးရန် လော့ဟိမာတင်က ကမ်းလှမ်းထားပြီး ဘိုးအင်းလေကြောင်း ကုမ္ပ
ဏီမှာလည်း ကိုရီးယားကုမ္ပဏီများ ထံမှ ဒေါ်လာဘီလျံ တန်ဖိုးရှိ အစိတ်အပိုင်းများဝယ်ယူရန် ကမ်း
လှမ်းထားသည်။

ဈေးပြိုင်စနစ် အစီအစဉ်သည် ၁၁ ရက်ကြာရှိမည်ဖြစ်သည်။ ယခင်ကပင် တောင်ကိုရီးယားအစိုးရ
၏ စစ်ဘက်ပစ္စ ည်းဆိုင်ရာ လိုအပ်ချက်များ အထူး သဖြင့်လေတပ်ဘက်၌ အမေရိကန်မှထောက်
ပံ့သူများက အပြည့်အဝဖြည့်ဆည်း ပေးခဲ့ရာ စစ်ဘက်ဆိုင်ရာ မဟာမိတ်ရင်းနှီးမှုကို ရောင်ပြန်ဟပ်
သည့် သဘောဖြစ်သည်။

(အေအက်ဖ်ပီ)