ကမ္ဘောဒီးယားနိုင်ငံမှာ မီးထိုးပေးခြင်းနှင့် ဆမ်ရိန်စီ

ကမ္ဘောဒီးယားနိုင်ငံမှာ မီးထိုးပေးခြင်းနှင့် ဆမ်ရိန်စီ

ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံခေါ င်းဆောင်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဟောင်းဖြစ်သူ
ဆမ်ရိန်စီလို လူမျိုးကို သင့်နှမနှင့်ပေးစားရန် သဘောတူမှာမဟ ုတ်ဘူး။ သူဟာ ရုပ်ရည်ချောမော
နေတုန်းပေ မယ့် သူဟာ ဟောဟောဒိုင်းဒိုင်းရှိတယ်၊ အထက်စီးဆန်တယ်၊ ပြီးတော့ အလွန်လိမ္မာ
ပါးနပ်တယ်။ သူ့လို လူမျိုးတွေ ဟာ အတက်မြန်တတ်ပြီး တကယ့် အာဏာကို မရခင်မှာ ကိုယ့်
ဟာကိုယ် ဖျက်ဆီးတတ်ကြတယ်။

ဒါတွေပြောပြီးသကာလ ရိန်စီဟာ ထောင်ဒဏ် ၁၁ နှစ် စီရင်ချက်ကို ရှောင် ရှားဖို့ မိမိကိုယ်မိမိ
အကျပ်ကိုင်ကာ ပြင်သစ်နိုင်ငံမှာ နေထိုင်နေသည့်ကြားမှ သူက နိုင်ငံရေး တက်တက်ကြွကြွရှိနေ
တယ ်လို့ ပြောဆိုနေတာကြောင့် မကြာ သေးခင်က ဘန်ကောက်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်
ခုကြောင့် ရိန်စီ (၆၄ နှစ်) ကို မအောင်မြင်သူလို့ သတ်မှတ်ဖို့ စောလွန်းသေးတယ်။

Foreign Correspondents' Club of Thailand (FCCT) က ဇွန်လ ၅ ရက် က အခမ်းအနား
တစ်ခုလုပ်ဖို့ စီစဉ်ခဲ့ တယ်။ အဲဒီမှာ ရိန်စီဟာ ကမ္ဘောဒီးယား နိုင်ငံမှာ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်
စား မှုနဲ့ တရားမမျှတမှုတို့ကို ဆွေးနွေးမှာ ဖြစ်တယ်။ မီဒီယာကို ဖိနှိပ်တတ်တဲ့ ထိုင်းအစိုးရ တွေ
ကြောင့် အရင်ကဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေကို နမူနာယူကာ FCCT က ရိန်စီ လာရောက်မှာကို စပွန်
ဆာမလုပ်ဘူး လို့ အလေးအနက်ထား ပြောဆိုခဲ့ပြီး အစီအစဉ် မာတိကာရဲ့ တာဝန်ဟာ အခမ်း
အနားစီစဉ်သူရဲ့ တာဝန်သာ ဖြစ်တယ်လို့ ပြောခဲ့တယ်။

အခမ်းအနားရဲ့တာဝန်ခံ မည်သူမည် ၀ါဖြစ်တယ်ဆိုတာ မဖော်ပြဘဲ ဒီ အခမ်းအနားမှာ ရိန်စီရဲ့
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိသစ်ဖြစ်တဲ့We Didn't Start the Fire: My Struggle for
Democracy in Cambodia စာအုပ်ကို အရောင်းမြှင့်တင်ပွဲ ပြုလုပ်မှာဖြစ်တယ်။

ဖနွမ်းပင်မှာ ရိန်စီရဲ့ အရင်တုန်းက နေခဲ့တဲ့အချိန်တွေ၊ သူ့မိသားစု နှင်ထုတ်ခံရ တာ၊ ခမာနီအစိုးရ၊
ဗီယက်နမ်နိုင်ငံက ၀င်ရောက်ကျူးကျော်တာနဲ့ ၁၉၈၅ ခုနှစ်ကတည်း က ၀န်ကြီးချုပ် ဟွန်ဆင်
တိုင်းပြည်ကို ထိန်းချုပ်ထားပုံတွေ စာအုပ်ထဲမှာ ရေးသားထားတယ်။

စာအုပ်နာမည်အတွက် Billy Joel ရဲ့ သတင်းဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဟိန်း ဟောက်သံကို
ယူထားခြင်းဟာ ရိန်စီရဲ့ အရွယ်နဲ့မလိုက်အောင် ထက်မြက်တာကို ရောင်ပြန်ဟပ်သလိုရှိနေတယ်။

အမှန်တကယ်ပြောရရင်တော့ ပြီးခဲ့ တဲ့ ရာစုနှစ်အတွင်း ကမ္ဘောဒီးယား နိုင်ငံ ရဲ့ ဒုက္ခသုက္ခ
တွေ့ကြံုခဲ့တာတွေကို ရိန်စီအပေါ် အပြစ်ပုံချလို့ မရပေမယ့် သူကိုယ်တိုင်ကလည်း တချို့ကိစ္စ
aလး တွေမှာ ဒုက္ခပေးခဲ့တာတွေလည်းပါတယ်။ ရိန်စီ တောင်ကိုရီးယားနိုင်ငံမှ ဘန်ကောက်မြို့
ကို ရောက်လာတဲ့အခါ မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ရိန်စီကို ထိုင်းနိုင်ငံက မလိုလား
ဘူးလို့ ပြောဆိုခဲ့တယ်။

အကြောင်းပြချက်ကတော့ ရှေ့လ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အကြိုမှာ ရိန်စီက ဟွန်ဆင်
အစိုးရ မကောင်းကြောင်း ပြောဆိုမှာကို စိုးရိမ်တာလို့ဆိုတယ်။ "ဒီမိုကရက်တစ် အုပ်ချုပ်မှုကို
ကျွန်တော်တို့ ထောက်ခံအားပေးပါ တယ်။ တစ်ဖက်ကလည်း တခြားသူတွေကို တိုက်ခိုက်ပြီး
နိုင်ငံရေး အမြတ်ထုတ်မှုမှာ ကျွန်တော်တို့ရဲ့နိုင်ငံကို အသုံးချ တာ မထောက်ခံဘူး"လို့ ထိုင်းနိုင်
ငံခြား ရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ Manasvi Srisodapol ကပြော တယ်။ ထောက်ပြနိုင်တာ
တစ်ခုက တော့ အစိုးရကိုဝေဖန်တာဟာ အတိုက်အခံ ခေါင်းဆောင်ရဲ့ အလုပ်ဖြစ်တာနဲ့ အညီ
အရင်ကလည်း ဒီလိုလူတွေ ထိုင်းနိုင်ငံကို ရောက်လာခဲ့ကြတယ်။

ဘာပြဿနာမှလည်း မပေါ်ခဲ့ဘူး။ မလေးရှားနိုင်ငံက အန်ဝါအီဘရာ ဟင်နဲ့ လင်ကစ်ဆီယင်တို့ကို
အမှတ်ရ သလို စင်ကာပူနိုင်ငံမှ ချီစွမ်းဂျွမ်၊ ဂျိမ်းစ်လို မက်ဇ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လည်း
ပါကြတယ်။

ရိန်စီကိုယ်တိုင် လည်း နိုဝင်ဘာလက ဘန်ကောက်မြို့ ရောက်ခဲ့ပြီး ဟွန်ဆင်ရဲ့ အစိုးရကို ပြင်းပြင်း
ထန်ထန် ဝေဖန်ခဲ့သေးတယ်။ ကဲ ဒီတော့ ဘာပြောင်းလဲခဲ့သလဲ။ ဇူလိုင်လ ၂၈ ရက်မှာ အထွေ
ထွေရွေး ကောက်ပွဲရှိတော့ ရိန်စီရဲ့ ဘန်ကောက်မိ န့်ခွန်းဟာ ကမ္ဘောဒီးယားက မဲဆန္ဒရှင် တွေ
စိတ်ပြောင်းသွားမှာကို ဘယ်နည်း နဲ့မှ အဖြစ်မခံနိုင်ဘူး။

လက်ရှိ၀န်ကြီးချုပ် ယင်လတ်ရဲ့အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ လည်း ဟွန်ဆင်ဟာ
ခင်မင်တယ်လို့ ရိန်စီကိုယ်တိုင်ကပြောသလို သတင်းစာတွေကလည်း မီးမောင်းထိုးဖော်ပြကြ
တယ ်။ကြည့်ရတာ ဟွန်ဆင်ကသက်ဆင် ကို၊ သက်ဆင်က ယင်လတ်ကို တစ်ဆင့်ချ င်းပြော
လိုက်တာနဲ့ ရိန်စီဟာ ထိုင်းကို ၀င်ခွင့်ရမှာမဟုတ်ပါဘူး။

စင်ကာပူမှာရိန်စီ မိန့်ခွန်းပြောခဲ့တာဟ ာကလေးကလားဆန်သလို အဓိပ္ပာယ်လည်း မရှိဘူး။
စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အားလုံးက ရိန်စီ ကို ၀မ်းပန်း
တသာ ကြိုဆိုခဲ့ကြတယ်။

အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းနဲ့တွေ့ဆိုသလို ရွေးကောက်ပွဲ အကြိုမှာ ရိန်စီဟာ
သူ့အတွက်ရော၊ သူ့ပါတီအတွက်ပါ ကျော်ကြားမှုနဲ့ ချီးကျူးဂုဏ်ပြုခြင်းတို့ကို ခံခဲ့ရတယ်။
ရွှန်းရွှန်းဝေအောင် သွေးဆောင်တဲ့ စကား ရိန်စီကပြောရာမှာ ကမ္ဘောဒီး ယား ရွေးကောက်ပွဲဟာ
ရုပ်ပျက်ဆင်း ပျက်ဖြစ်လိမ့်မယ်၊ ဟွန်ဆင်ဟာ အတိုက်အခံ ပါတီကို ကြောက်တဲ့ သူရဲဘောနည်း
တဲ့လူလို့ပြောပြီး သူသေချာပေါက် နိုင်မယ်၊ ရွေးကောက်ပွဲဟာ တရားမဝင်ဘူး လို့ ပြောထားတယ်။

အရင်တုန်းကဆိုရင် ကြမ်းတမ်းစူးရှ တဲ့ ဟွန်ဆင်ဟာ အလားတူ ပရမ်းပတာစွ ပ်စွဲမှုတွေနဲ့ တုံ့ပြန်
ခဲ့တယ်။ သေချာပါ တယ်။ အတိုက်အခံပါတီကတော့ နိုင်မှာမဟုတ်ဘူး။ အဲဒီကိစ္စမှာတော့ နှစ်ဦး
စလုံး သဘောချင်း တိုက်ဆိုင် ကြတယ်။ ရှေ့လ ကမ္ဘောဒီးယားမှာ မဲဆန္ဒရှင်စိ တ်အားထက်သန်
မှု ရှိမှာမဟုတ်ဘူး။ ရိန်စီ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို သွား ရောက် လည်ပတ်တာကို ခွင့်မပြုသ
လို ခွင့်ပြုမှာမဟုတ်ဘူး။

(ဤဆောင်းပါးသည် ရော်ဂျာမစ်တန် ၏ အာဘော်သာဖြစ်ပါသည်။)