နိုင်ငံလုံခြံုရေးကို နေတိုးတပ်ဖွဲ့က အာဖဂန်နစ္စတန်လုံခြံုရေးတပ်ဖွဲ့များ ထံ လွှဲပြောင်းပေးလိုက်ကြောင်း သမ္မတ ဟာမစ်ကာဇိုင်းကပြောကြား

နိုင်ငံလုံခြံုရေးကို နေတိုးတပ်ဖွဲ့က အာဖဂန်နစ္စတန်လုံခြံုရေးတပ်ဖွဲ့များ ထံ လွှဲပြောင်းပေးလိုက်ကြောင်း သမ္မတ ဟာမစ်ကာဇိုင်းကပြောကြား

ကဘူးလ် - အမေရိကန် ဦးဆောင်သည့် ၁၂ နျစ်ကြာစစ်ပွဲများ ဆင်နွှဲမှု တစ်စ တစ်စ
လျော့ပါးလာချိန်တွင် အဓိက သမိုင်းမှတ်တိုင် တစ်ခုအဖြစ် နိုင်ငံတစ် ၀န်းလုံး လုံခြံုရေးကို
နေတိုးတပ်ဖွဲ့မှ အာဖဂန်သို့ လွှဲပြောင်းခဲ့ကြောင်း ဇါန်လ ၁၈ ရက်နေ့တွင် သမ္မတ ဟာမစ်
ကာဇိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

"မနက်ဖြန်ကစပြီး ကျွန်တော်တို့ ရဲ့ လုံခြံုရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ က ဦးဆောင်တော့မှာ
မဟုတ်ပါဘူး။ဒီအချိန်ကစပြီး လုံခြံုရေးတပ်ဖွဲ့ရဲ့ တာဝန်နဲ့ လုံခြံုရေးတပ်ဖွဲ့ခေါင်းဆောင်နေရ ာကို
သတ္တိဗျတ္တိနဲ့ ပြည့်စုံတဲ့ ကျွန်တော် တို့ တပ်သားတွေကနေ ဦးဆောင် သွားမှာပါ" ဟု ကာဇိုင်းက
ဆိုသည်။

အာဖဂန်တပ်ဖွဲ့များသည် ဇါန်လ ၁၈ ရက်နေ့ကစပြီး လုံခြံုရေးတပ်ဖွဲ့ ကို ဦးဆောင်မည်ဖြစ်ကြောင်း
နေတိုး တပ်မှ အတွင်းရေးမှူးချုပ် အင်ဒါးစ်ဖို့ ရပ်စ်မူဆန်က ပြောသည်။ "အံ့ဩဖွယ်ရာ ကိုင်တွယ်
ဖြေရှင်း မှုတွေနဲ့ သူတို့လုပ်ဆောင်နေကြပြီ ဖြစ်တဲ့အတွက် အာဖဂန်ပြည်သူတွေရဲ့ အပြည့်အဝ ပံ့
ပိုးကူညီမှုတွေကို ရထိုက်ပါတယ ်" ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်ကစပြီး အမေရိကန်အစိုးရ ထောက်ခံပေးထားသည့် အစိုးရ ကို ဆန့်ကျင်ကာ တာလီ
ဘန်များက အထိအခိုက်များသော တိုက်ခိုက်မှုများ စုပြံုပြုလုပ်ရာ နေရာဖြစ်သော နိုင်ငံတော င်
ပိုင်းနှင့် အရှေကပိုင်းရှိ နယ်မြေများ အပါအဝင် နောက်ဆုံးပိတ် ခရိုင် ၉၅ ခုကို နေတိုးတပ်ဖွဲ့က
အာဖဂန်တို ့၏ ထိန်းချုပ်မှုအောက်သို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လွှဲပြောင်းပေးပြီးနောက် နေတိုးတပ်ဖွဲ့အင်အား စုစုပေါင်း တစ်သိ န်းသည် ထောက်ပ့ံရေး
နှင့် လေ့ကျင့် ရေး အခန်းကဏ္ဍတွင် ပါ၀င်ဆောင် ရွက်မည်ဖြစ်သည်။ အာဖဂန်စစ်သား များနှင့်
ရဲတပ်ဖွဲ့သည် ၉/၁၁ တိုက်ခိုက်မှု များဖြစ်ပွားပြီးနောက် တန်ခိုးအာဏာ လျော့နည်းလာသည့်
စစ်သွေးကြွများ အား တိုက်ခိုက်ရေးတွင် ဦးဆောင်မည်ဖြ စ်သည်။

တာလီဘန်တို့အား တိုက်ခိုက်ချေမှုန်း ရန် အာဖဂန် တပ်ဖွဲ့သုံးသိန်းခွဲ၏ စွမ်းဆောင်ရည်ကို
သံသယဝင်နေဆဲဖြ စ်သော်လည်း နေတိုးမဟာမိတ်တပ်ဖွဲ့က ထောက်ပံ့ရေးပိုင်းတွင် အရေး
ကြီးသည့်ကဏ္ဍနှင့် လေကြောင်း ထောက်ပံ့ရေးအပြင် လိုအပ်သည့်အချိ န်တွင် တိုက်ခိုက်ရန်
အတွက်ထိန်း ထားပေးမည်ဖြစ်သည်။

နိုင်ငံတွင်း၌ လာမည့်နှစ်တွင် သမ္မတ ရွေးကောက်ပွဲများ ကျင်းပရေးနျင့် ၂၀၁၄ ခုနှစ်အကုန်တွင်
နေတိုးတပ်ဖွဲ့ ဆုတ်ခွာရေးတို့အတွက် ပြင်ဆင်နေချိန်ဖြ စ်သောကြောင့် မကြာသေးမီက ဖြစ်ပွား
ခဲ့သည့် တိုက်ခိုက်မှုများက ကဘူးလ်တွင် တိုက်ခိုက်ကြရန် တာလီဘန် တို့၏ တိုက်ခိုက်ရေး
စွမ်းရည်ကို လက်တွေ့ပြသခဲ့ခြင်း ဖြစ်သည်။

မြို့တော်တွင်း ကာကွယ်တိုက်ခိုက်မှု များကို ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခို က်ရေးများ ပြုလုပ်
နေသော်လည်း အဆင့်မြင့် အာဖဂန်လုံခြံုရေး တပ်ဖွဲ့ များ၏ တုံ့ပြန်မှုမှာ သက်ဆိုင်ရာလုံခြံုရေး
လုပ်ငန်းများတွင် ကျွမ်းကျင် မှုများတိုးတက်လာသည့် သင်္ကေတ တစ်ခုအဖြစ် အထင်အရှားပြ
သနေ သည်။

(အေအက်ဖ်ပီ)