ထိုင်းတိုင်းရင်းသား ပင်လယ်ပျော် ဂျစ်ပ်စီတို့၏ လူမှုဘဝ ခရီးသွားလုပ်ငန်းကြောင့် ပျောက်ဆုံးတော့မည်လော

ထိုင်းတိုင်းရင်းသား ပင်လယ်ပျော် ဂျစ်ပ်စီတို့၏ လူမှုဘဝ ခရီးသွားလုပ်ငန်းကြောင့် ပျောက်ဆုံးတော့မည်လော

ဖူးခက် - ယခင် ဆယ်စုနှစ်များကတည်း က ကပ္ပလီကမ်းခြေအပြင်ဘက် ပင်လယ်ထဲအထိ၊
လှည့်လည်သွားလာခဲ့ကြ သော ထိုင်းနိုင်ငံ၏ 'ပင်လယ်ပျော် ဂျစ်ပ်စီ' များဟုပင် ခေါ်တွင်ကြသည့်
'ချောင်လေ' ခေါ် တိုင်းရင်းသား လူမျိုး တို့က၊ ဃရီးသွားလုပ်ငန်း တိုးတက်လာသော ကြောင့်
၎င်းတို့၏ ရိုးရာနေထိုင်မှု ဘဝနှင့် အိမ်ရာများ ဆုံးရှုံးသည့် အန္တရာယ်နှင့် တွေ့ကြံုနေရသည်ဟု
ဆိုသည်။

ချောင်လေတို့၏ ကံကြမ္မာသည် ယမန် နှစ်က လာရောက်ကြသည့် နိုင်ငံခြား ဧည့်သည် ၂၂ သန်း
အထိ စံချိန်တင်တိုး လာသည့် နိုင်ငံတစ်နိုင်ငံ၏ ဥပေက္ခာ ပြုခြင်းခံနေရသော တိုင်းရင်းသား လူမျိုး
စုများအပေါ် ပိုမိုဖိနျိပ်သည့် အခြေအနေများကို မီးမောင်းထိုးပြလျ က်ရှိသည်။

ထိန်းသိမ်းကာကွယ်ထားသည့် အဏ္ဏာဝါဥယျာဉ်များ ထူထောင်ခြင်း၊ငါးများပမာဏ လျော့နည်း
လာခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အပြိုင်အဆိုင် လုပ်ကိုင်လာခြင်းတို့ကြောင့် ပင်လယ်
ပျော် ချောင်လေတို့အဖို့ ခေတ်အဆက်ဆက် ရှိလာခဲ့သည့် ၎င်းတို့၏ ရိုးရာနေထိုင်မှုဘဝ စရိုက်
များကို ထိန်း သိမ်းရန် ပိုမိုခက်ခဲလာသည်။

မိမိ၏ ချောင်လေဘိုးဘွားဘီဘင်တို့သည် ပင်လယ်ပြင်သို့ မကြာခဏ ထွက်ခွာ၍ လှည့်လည်
သွားလာနေကြလင့်ကစား ဤဖူးခက်ကျွန်းကြီး တိတ်ဆိ တ်ငြိမ်သက်ပြီး အပူပိုင်း အထီးကျန်နေ
ရ ာအဖြစ်မှ ထိုင်းနိုင်ငံအကောင်း ဆုံး ခရီးသွားနားခို စခန်းတစ်ခုအဖြစ်သို့ မရောက်ရှိမီ ကာလ
အလွန်ကြာမြင့်စွာ ကတည်းက ဤဖူးခက်ကျွန်းပေါ် တွင် နေထိုင်ခဲ့ကြသည်ဟု နန်းမိုင် ဒင်
ကဆိုသည်။

ယခုအခါ လူနေကျပ်သိပ်နေသည့် ဖူးခက်ကျွန်းပေါ်တွင် ကမ်းခြေမှ အကောင်းဆုံးနေရာဟူ၍
အလွန်ရှား နေပေပြီ။ နန်းမိုင်ဒင်သည်လည်း အိမ်ခြံမြေ ရောင်းဝယ်သူ တစ်ယောက်က သူ့မြေ
ကွက်ကို ၀ယ်ယူထား၍ သူ့ကို အတွင်းပိုင်းပိုဝေးသည့် နေရာသစ် တစ်ခုသို့ ပြောင်းရွှေ့ စေချင်
နေပြီဖြ စ်သည်။

"ဒီဒေသ ချုံတောအတိ ဖြစ်နေချိန်ကတည်း က ကျွန်တော် ဒီမှာနေလာခဲ့တာပါ။ ကျွန်တော်အရင်
ကျွန်တော့် မိဘ၊ ဘိုးဘွားတွေ ဒီဒေသမှာပဲ နေခဲ့ ကြတယ်။ ကျွန်တော် ဒီကထွက်သွားဖို့ နေရာ
မရှိပါဘူး။ ဒီမှာ ကျွန်တော်တို့ နေလာခဲ့ကြတာ နျစ်ပေါင်းရာနဲ့ချီ ကြာခဲ့ပါပြီ" ဟု ပင်လယ်ဂျစ်ပ်စီ
ဦးရေ ၂,၀၀၀ ၀န်းကျင်နေထိုင်သည့် ရာဝိုင် ရွာတွင် ရိုးရှင်းစွာနေရင်း သစ်သီးနှင့်အု န်းသီးခြစ်ဆန်
များ ရောင်းချသူ အသက် ရ၈ နျစ်အရွယ် နန်းမိုင်ဒင်က ပြောသည်။

သက်ကြီးချောင်လေ တိုင်းရင်းသား အများအပြားသည် စာရေး၊ စာဖတ် မတတ်သည့်အပြင်
သူတို့ပိုင်ဆိုင် သည့် မြေယာများအား မှတ်ပုံတင်ထား ကြရမည်ကို မသိကြ၊ပိုင်ဆိုင်ကြောင်း
မှတ်ပုံတင်ထားရကောင်းမှန်း မသိကြ။

ပိုင်ဆိုင်မှု ဆိုသည်မှာလည်း သူတို့ အတွက် စိမ်းနေသည်။ ထို့ကြောင့် မြေပိုင်ခွင့်စာချုပ်စာတမ်း
များ သူတို့ ဆီမှာ မရှိဘဲ ဖြစ်နေသည်။ နန်းမိုင်ဒင်ကိစ္စတွင် သူနေထိုင်သည့် မြေပိုင်နှင့် သက်သေ
ခံစာချုပ်ကို ဒေသခံကု န်သည်တစ်ဦးက ဆယ်စုနှစ်နှင့်ချီ၍ ရယူထားသည်။

ထိုကုန်သည်က ဘဏ်ချေးငွေများ ပြန်ဆပ်ရန် ပျက်သော ကြောင့် မြေကွက်ကို ဘဏ်ကသိမ်း
ယူပြီးနောက် ယခုလက်ရှိ ပိုင်ရှင်အား ရောင်းချလိုက်သည်။ ယခုနှစ် ဖေဖော် ၀ါရီလတွင် ဖူးခက်
တရားရုံးက ကျွန်း ပေါ်တွင် နေထိုင်သည့် အိမ်ထောင်စုခု နစ်စုအား ၎င်းတို့ နေအိမ်များမှ ထွက်
သွားရန် အမိန့်ထုတ်ခဲ့သည်။

သက်ဆိုင်သူတို့က တရားရုံးသို့ အယူခံ ၀င်၍ အချိန်ယူ ရင်ဆိုင်ဖြေရှင်းသွားရန် စီစဉ်ထားကြ
သည်။ လောလောဆယ်တွင် မြေယာပိုင်ဆိုင်ကြောင်း တရားဝငင် အထောက်အထား မရှိသော
ရွာသူရွာသားများသည် ဆင်းရဲမွဲတေသည့် အခြေအနေ၌ ရှိနေ ပြီး၊ ရေကောင်းရေသန့်
(ပိုက်ဖြင့်ပေး သည့်ရေ) နှင့် လျှပ်စစ်ဓာတ်အား အသုံးပြုခွင့် ပိတ်ပင်ခြင်းခံနေကြ ရသည်။

ပယ်လယ်ပျော် ဂျစ်ပ်စီတို့သည် ယခင် က ငါးနှင့် အခြား ရေထွက်သဘာ ၀အစားအစာများကို
ရောင်းချရင်း ရေကြည်ရာမြက်နုရာ နေထိုင်ခဲ့ကြ သည်။ ယခင်ဆယ်စုနှစ်များ ကာလ တွင် ၎င်း
တို့ ဘဝနေထိုင်မှု ပိုမိုတည်ငြိမ်လာ ကြသည်။ သို့သော် အမျိုးသား ဥယျာဉ်များအတွင်း ၀င်ရောက်
မိပါက အဖမ်းခံရသည့်အပြင် ၎င်းတို့၏ လှေ များလည်း သိမ်းဆည်းခြင်း ခံကြရပြန် သည်။

အဏ္ဏဝါဥယျာဉ် ထိန်းသိမ်း ကာကွယ်နေကြသည့် ရေငုပ်ကိရိယာသုံး ရေငုပ်သမားများကလည်း
၎င်းတို့၏ ငါးဖမ်းပိုက်များနျင့် ထောင်ချောက်များ ကို မကြာခဏ ဖျက်ဆီးပစ်ကြသည်။

"ဖူးခက်ဖွံ့ဖြိုးလာတော့ ကျွန်တော်တို့ ရှာဖွေစားသောက်နေကြတဲ့ နေရာကလေး တွေ ပိုမိုကျဉ်း
မြောင်း နည်းပါး လာပါတယ်။ ကျွန်တော်တို့ လုပ်ကို င်သမျှကို အမှားတွေလို့ မြင်လာ ကြတယ်။
လုပ်ဖော်ကိုင်ဖက် ရွာသား တွေ ခဏခဏ အဖမ်းခံကြရပါတယ်" ဟု ရာဝိုင်ရွာသား ပင်လယ်
ဂျစ်ပ်စီ များ၏ကိုယ်စားလှယ် အသက် ၃၇ နျစ် အရွယ် နီရန်ညှန်ပန်က ဆိုသည်။

ချောင်လေ တိုင်းရင်းသားများသည် ခေတ်သစ်ကမ္ဘာနျင့် ပိုမိုတွေ့ထိလာလင့်ကစား ပင်လယ်ကို
ချစ်သည့်စိတ် မှာ ၎င်းတို့ရင်ထဲ၌ အခိုင်အမာရှိမြဲရှိနေ မည်သာ ဖြစ်သည်ဟု ဆန်းစစ်သူတို့က
ဆိုသည်။

ပင်လယ်ရေလှိုင်းသံ မကြားရလျှင် အိပ်မပျော်နိုင်သူများ ရှိနေသည်။ ပြီးတော့ ဘဝပေးအခြေ
အနေအရ ကုန်းခေါင်ခေါင်အရပ်တွင် အလုပ်ရရှိဖို့ တပင်တပန်းရှာကြရသည်။ သည်လို အခြေ
အနေမှာပင် သူတို့ခမျာ ငါးရှာဖွေသည့် အလုပ်၌ အားကိုးတကြီး အာရုံဝင်စားနေကြဆဲ။

"သူတို့ လှေတွေ ဆိုက်ကပ်နိုင်ဖို့နဲ့ အစားအစာတွေ အတင်အချလုပ်နိုင်ဖို့ သူတို့အတွက် ပင်လယ်
ကမ်းခြေ ဒေသ တစ်ခုတော့ လိုအပ်နေပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ တစ်ခုထည်းကြောင့်
သာ မဟုတ်ဘူး။ ဒါဟာ သူတို့ရဲ့ ဘဝနေ ထိုင်နည်းလည်း ဖြစ်နေလို့ပါ" ဟု ဘန်ကောက်မြို့ရှိ
ချူလာလောင်ကွန် တက္ကသိုလ်မှ မနုဿဗေဒပညာရှင် နရူမွန်အာရူနိုထိုင်က ပြောသည်။

"ဒီ ခေတ်မှာ ပင်လယ်ရေ အရည်အသွေး ကလည်း ညံ့လာတာကြောင့် သမားရိုးကျ ငါးဖမ်းနည်း
က အသုံးမကျတော့ဘူး။ ဒါကြောင့် ငါးထိုးမှိန်းတွေ၊ မြံှုးတွေ၊ ့ိုက်တွေကို သုံးနေလို့ကတော့ ငါးရ
မှာ မဟုတ်ဘူး" ဟုလည်း သူကဆိုသည်။ ရာဝိုင်ရွာသား ချောင်လေတိုင်း ရင်းသားတို့၏ ကံကြမ္မာ
မှာ အစိုးရ၏ စိစစ်ဆုံးဖြတ်မှုပေါ်တွင် ရှိနေသည်။

ယင်း ကျွန်းဒေသပေါ်တွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများ မတိုင်မီက ၎င်းတို့ ရှောက်ရှိခဲ့ကြောင်း
အဆုံးအဖြတ်ပေး နိုင်ရေးအတွက် အစိုးရက ကောင်းကင်မြေ တိုင်းဓာတ်ပုံများနှင့် မြေပေါ်မှ အရိုး
စသော အခြားအထောက်အထားများ ကို စစ်ဆေးလျက် ရှိသည်။

ယင်းဒေသ တွင် ၎င်းတို့ စတင်နေထိုင်ခဲ့သည့် ကာလ ပို၍ရှေးကျပါက မြေယာပိုင်ဆိုင်ကြောင်း
စာချုပ်စာတမ်းများ ရပိုင်ခွင့် ရရှိကြမည်ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေးဌာန စားသုံးသူ
ကာကွယ်ရေး နျင့် ပတ်ဝန်းကျင် မှုခင်းများဆိုင်ရာ ဗြူရိုအကြီးအကဲ ပရာဝပ်ဝေါင်ဆီနင် က
ဆိုသည်။

ချောင်လေတို့၏ အယူခံမှု အနိုင်ရရှိ ရန်မှာ သူတို့၌ ခိုင်မာသည့် သိပ္ပံနည်းကျ အထောက်အထား
များရှိမှ ဖြစ်မည်ဟု ဝေါင်ဆီနင်က ထောက်ပြထားသည်။ ထိုင်းနိုင်ငံတွင် ချောင်လေတိုင်းရင်း သား
လူမျိုး ခန့်မှန်းခြေ ၁၂,၀၀၀ ဦး ရှိနေသည်။ ယနေ့ သူတို့ဘဝမှာ ပင်လယ်ရေပြင်ထဲ တွင် လှုပ်ရှား
နေရသော်လည်း၊ ဥပဒေ မဲ့ မိုင်းခွဲငါးဖမ်းလုပ်ငန်းတွင် တစ်ခါပါ၀င် လုပ်ကိုင်ကြရာမှ၊ အကြီးအကျယ်
ထိခိုက်ဒဏ်ရာရသည့်အပြင် ရေ အောက်တွင် အနေကြာ၍ မွန်းကျပ်သေ ဆုံးကြရသည်မှာလည်း
ရှိနေသည်။

တချို့မှာ နိုင်ငံသားအဖြစ်ပင် စာရင်း မပေါက်သေး၍ အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့်
အခြားအကူအညီများ ကိုပါ ခံစားခွင့်ဆုံးရှုံးနေကြသည်။ ပင်လယ်ပျော် ချောင်လေတို့၏ ပြုမူ
နေထိုင်ပုံဘဝအား ကာကွယ်ပေးမည့် မူဝါဒတစ်ခု ရေးဆွဲရန် ၀န်ကြီးများအဖွဲ့ က ၂၀၁၀ ပြည့်နှစ်
တွင် ဆုံးဖြတ်ခဲ့ သည်။

သို့သော် မိမိတို့ ဘဝသိသိသာသာ ထူးခြားကောင်းမွန်လာခြင်း မရှိလှပါဟ ု သူတို့ကဆိုလာသည်။
ချောင်လေတို့ကို အဓိက ပင်မဖြစ် သည့် ထိုင်းယဉ်ကျေးမှုနျင့် သဟဇာတ ဖြစ်အောင် ဆောင်ရွက်
ရေးဆိုင်ရာ တရားဝင် မူဝါဒဟူ၍ မရှိသေးသော် လည်း စာသင်ကျောင်းများတွင် ၎င်းတို့အား
ထိုင်းစာပေစကားနျင့် သမိုင်းဘာသာကို သင်ကြားပေးသည်။

၎င်းတို့၏ မူလဇာစ်မြစ်များ၊ သို့မဟုတ် ဗကျအမသညနျငညေ ဘာသာစကားကို မသင်ကြားပေး
တော့ပေ။ "သူတို့တွေ ထိုင်းလူမျိုးအဖြစ် ရပ်တည်လာအောင် သူတို့ရဲ့ တကယ့် ဘဝအခြေအနေ
တွေကို မေ့ပျောက်သွား အောင်လို့ ဒီလိုစာသင်ကျောင်း တွေကတစ်ဆင့် သူတို့ကို အားလုံးနဲ့
လူမှုရေးအရ ရောနှောဆက်ဆံစေခဲ့ပါတယ ်။ အပေါင်းအသင်း ဆံ့စေခဲ့ပါတယ ်" ဟု မနုဿဗေဒ
ပညာရှင် နာရူမွန်က ဆိုသည်။

ခရီးသည် အဝင်အထွက် ပိုမိုများပြား လာနေသော ထိုင်းနိုင်ငံသို့ ယခုနှစ် ၂၀၁၃ ပထမဆုံးလ
အတွင်းမှာပင် ခရီး သည် ကိုးသန်းနီးပါး လာရောက်ခဲ့ကြသော ကြောင့် ချောင်လေ တိုင်းရင်းသား
တို့အား ၎င်းတို့၏ အနာဂတ်အရေး နျင့် ဆက်နွှယ်တွေးပူနေကြသည်။

"ခရီးသွားလုပ်ငန်း ဒီအတိုင်းဆက်လက် ဖွံ့ဖြိုးပြီး ကမ်းခြေဟိုတယ်တွေ၊ သတ္တုရေစမ်း အနားယူ
စခန်းတွေ၊ ့င်လယ်ကမ်းခြေအပန်းဖြေစခန်းတွေ ပိုများလာကြရင်တော့ ဒီပင်လယ်ပျော် တိုင်းရင်း
သားတွေ့ရဲ့ မူလပြုမူနေထိုင်ပုံဘဝလည်း ဆက်လက်တိမ်ကော ပပျောက်သွားမှာပါ"ဟု တိုင်းရင်း
သား ကိုယ်စားလှယ် နီရန်ညှန်ပန်က ဟောကိန်းထုတ်သည်။

(အေအက်ဖ်ပီ)