ထိုင်းကျေးလက် ကလေးငယ်များ တက်ဘလက်ကွန်ပျူတာသုံး

ထိုင်းကျေးလက် ကလေးငယ်များ တက်ဘလက်ကွန်ပျူတာသုံး

ထိုင်းနိုင်ငံ -  ကျေးလက်တောင်တန်း ဒေသများတွင် နေထိုင်ကြသော
ဒေသခံတိုင်းရင်းသား မျိုးနွယ်စုဝင်ကလေးငယ် များသည် တက်ဘလက်ကွန်ပျူတာများ ကို
ကိုင်ဆောင်ပြီး အင်္ဂလိပ်စာမှအစ သချင်္ာနှင့် တေးဂီတပညာများအဆုံး လေ့လာနေကြသည်။

ထိုကလေးငယ်များသည် ထိုင်းနိုင်ငံအစိုးရ ကပြုလုပ်သော ရည်ရွယ်ချက် ကြီးမားသည့် စီမံကိန်း
တစ်ခုဖြစ်သည့်တက် ဘလက် ကွန်ပျူတာ သန်းပေါင်း များစွာကို ကျောင်းများတွင် ဖြန့်ဝေ ပေး
ပြီး ထိုင်းနိုင်ငံ၏ ပညာရေးကိုမြ ှင့်တင်ရန် မျှော်လင့်ချက်၏ တစ်စိတ်တစ် ပိုင်းဖြစ်သည်။

ထိုစီမံကိန်းကို ဆန့်ကျင်သူများကမူ ၎င်းမှာ အာဏာရပါတီကို ရေပန်းစား လူကြိုက်များအောင်
ပြုလုပ်သော အကုန်အကျများသည့် ဟိတ်ဟန်တစ် ခုသာဖြစ်သည်ဟု ဆိုကြသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ ်၊ မေချန်ဒေသရှိ ဘန်ဆန်ကုန်း ကျောင်းတွင် ကလေး
အယောက် ၉၀ ခန့်သည်ပြီးခဲ့သောနှစ်က တစ်ဦးလျှင်တက် ဘလက်တစ်လုံးစီ ရရှိခဲ့သည်။

၎င်းမှာ ၂၀၁၁ ခုနှစ်က အစိုးရ မဲဆွယ် ရန် အသုံးပြုခဲ့သော ကလေးတစ်ဦး လျှင် တက်ဘလက်
တစ်လုံး စီမံကိန်း ကြောင့်ဖြစ်သည်။ ထိုကျောင်းတွင် ယခင်က ကွန်ပျူတာအနည်း ငယ်သာ
ရှိခဲ့သော်လည်း ယခု တွင် အတန်းချိန်အတွင်း တစ်နေ့လျှင်တစ် နာရီခန့် တက်ဘလက်များ
သုံးခွင့်ရနေကြသည်။

ယခုအချိန်သည် စာသင်နှစ် အစသာရှိသေးသောကြောင့်တက် ဘလက် သင်ခန်းစာသစ်များ
မရောက်သေးသဖြင့် ကလေးများသည်အဂ င်္လိပ်စာသင် တေးသီချင်းများဆိုခြင်း ထိုင်းဘုရင်
ဘူမီဘော ဘဝအကြောင်း ရိုက်ကူးသည့် ကာတွန်းများနှင့်သချင်္ာ ဆိုင်ရာ ဂိမ်းကစားနည်းများ
ကစား ကြရသည်ဟုဆရာမဖြစ်သူ ဆီရီပွန်း ၀ီချိုင်ပနစ်က ပြောပြသည်။

ကျောင်းသား အများအပြားမှာ တောင်တန်းဒေသမှ တိုင်းရင်းသား အက်ဟာမျိုးနွယ်စုများဖြစ်ပြီး
ထိုင်း စကား သိပ်မတတ်ကြသဖြင့် တက်ဘလက် သုံးရသည်မှာ အကောင်းဘက်မှ တိုးတက်မှု
ဖြစ်သည်ဟု ကျောင်းမှဆရ ာများကဆိုသည်။

တက်ဘလက်များ ကိုမူကျောင်းမှ အိမ်သို့ ယူဆောင်သွားရ န် တစ်ပတ်လျှင် နှစ်ဦးခန့်သာ ခွင့်ပြု
ထားသည်။ မြို့ပြနေ ချမ်းသာသူလူတန်းစားနှင့်ကျေး လက်နေ ဆင်းရဲသားများကြား ပညာရေး
ကွာဟမှု လျှော့ချရန်မှာ ၎င်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်အဆုံးတွင် အစိုးရသည် ကျောင်းသားပေါင်း ၁၃ သန်းခန့်ကိုတက် ဘလက်များ ဝေငှ
ရန်စီစဉ်ထား သည်။ တစ်ဦးလျှင် ဒေါ်လာ ၁၀၀ ကုန်ကျ သည်။ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃
ဘီလျံ ကုန်ကျမည်ဟုသိရသည်။

ထိုင်း အစိုးရသည်ယခုတွင် တရုတ်နိုင်ငံလုပ်တက် ဘလက်အလုံးပေါင်း ရှစ်သိန်းခွဲကို ဝေငှပြီးဖြစ်
ကြောင်း နောင်လာ မည့်စာသင်နှစ်အတွက် အလုံးပေါင်း ၁ ဒသမ ရ သန်းကို တင်ဒါခေါ်ဝယ်ယူ
မည်ဟ ု ပြောကြားခဲ့သည်။

ကျွမ်းကျင်သူများကမူ တက်ဘလက် များသည် ကျောင်းသားများ၏ ပညာရေး အဆင့်အတန်းကို
မြှင့်ပေးနိုင်မည် ဟု အာမခံချက် မပေးနိုင်ကြောင်း၊ တက်ဘလက်များသည် ခဲတံတစ်မျိုး မျှသာဖြစ်
ကြောင်း ဘယ်အရာကို သုံးရ မည်မှာ အကြောင်းမဟုတ်ဘဲ ဘယ်လိုသုံးရ မည်ဆိုသည်သာ
အရေးပါသည်ဟုဘန် ကောက်မြို့ ယူနက်စ်ကိုရုံးမှ ပညာ ရေးနည်းပညာ ကျွမ်းကျင်သူ ဂျံုဝီပတ်
ကဆို သည်။

ထိုင်းနိုင်ငံ၏ ပညာရေးကို မြှင့်တင်ချ င်ရင် စနစ်ကြီးတစ်ခုလုံးကို အစမှပြန်လည် ပြုပြင်
တည်ဆောက်ရမည်ဟုဆု န်ဖုန်းချီထရာဒက် ဟုခေါ်သော ဘန်ကောက် ချူလာလောင်ကွန်း
တက္က သိုလ်မှ တွဲဖက်ပါမောက္ခက ပြောကြား သည်။

ထိုင်းနိုင်ငံ၏ ပညာရေးသည် ဆရာကတစ်ဖက်သတ် သင်ပြနည်း စနစ်ကိုသာ ကျင့်သုံးနေကြောင်း
ကလေးများ အဖြေမှန်ရဖို့ကိုသာ အာရုံထား နေပြီး တခြားအာရှနိုင်ငံများ တွင်မူ ဆရာနှင့်အပြန်
အလှန် ပြောဆို ဆွေးနွေးမှု၊ အဖြေမှန်ထက် အဖြေကိုမည် သို့ရယူမည်ကို အလေးပေး သင်ကြား
ကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၀၉ ခုနှစ်တွင်ကျင်းပ သော စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးရေးအဖွဲ့ကြီး၏ နောက်
ဆုံး ပြုလုပ်သော ကမ္ဘာ့ပညာရေးစစ်တမ်း တွင် တခြားအာရှနိုင်ငံများမှာ ကောင်း မွန်သောအဆင့်
ရခဲ့သော်လည်း ထိုင်း နိုင်ငံသည် စာဖတ်၊ သချင်္ာနှင့် သိပ္ပံ ပညာများတွင် ၆၅ နိုင်ငံတွင် အဆင့် ၅၀
နေရာမှာသာ ရပ်တည်ခဲ့သည်။

သို့သော် တက်ဘလက်ကွန်ပျူတာ များသည် ကျောင်းသားများအား ဗဟု သုတအမြောက်အမြား
ကို ၀င်ရောက်မွှေနှေ ာက်ရှာဖွေခွင့် ပြုနိုင်မည်ဟု ၎င်းကဆိုသည်။

(အေအက်ဖ်ပီ)