ကဘူးလ် - တာလီဘန်များသည် ဇါန်လ ၂၅ ရက်နေ့ နံနက်ခင်းတွင် အာဖဂန်နစ္စတန်နိုင်ငံမှ
အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) ၏ အာဖဂန်ဌာနချုပ် အပါအဝင် အဆောက်
အအုံများကို ၀ိုင်းထားခဲ့ပြီး သမ္မတအိမ်တော်ကို ၀င်ရောက်တိုက် ခိုက်ခဲ့ကြောင်း၊ မြို့လယ်ကောင်
တွင် လည်း ပေါက်ကွဲသံများ၊ ဗသနတ်ပစ်ခတ်သံများဖြင့် တုန်လှုပ်ချောက်ချားခဲ့ ကြရကြောင်း
သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ နေသော ရိုက်တာသတင်းထောက်တစ်ဦး၏ ပြောကြားချက်
အရ တိုက်ခိုက် မှုများသည် နံနက်ခင်း ၆ နာရီခွဲနောက် ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး ရှက်ဒါရက်
ခရိုင်၏ အချက်အချာနေရာတွင် တည် ရှိသည့် သမ္မတအိမ်တော်သို့ သွားရာ ဂိတ်တွင် မောင်းပြန်
သေနတ် ကိုင်ဆောင် သူက ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
နံနက် ၉ နာရီတွင် သမ္မတအိမ်တော် ၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို သမ္မတ ဟာမစ်ကာဇိုင်း
တက်ရောက် မည်ဖြစ်သော်လည်း ၎င်း ဘယ်နေရာ တွင် ရှိသည်ကို ချက်ချင်း အတိအကျ မသိရှိခဲ့
ကြပေ။
စတင်တိုက်ခိုက်ချိန်တွင် သတင်း ထောက်များမှာ သမ္မတအိမ်တော်သို့ ရောက်ရှိနေကြရာ အစိုးရ
တပ်များ ၀င်ရောက်ပစ်ခတ်ချိန်တွင် အသည်း အသန် ပုန်းရှောင်ခဲ့ရကြောင်းနျင့် ပေါက်ကွဲမှုများမှာ
ပြင်းထန်ပြီး သေနတ် ဖြင့် ပစ်ခတ်မှုများမှာလည်း အရှိန်မြင့်ခဲ့ကြောင်း သိရသည်။
အနီးအနားရှိ စာသင်ခန်းသို့ လမ်း လျှောက်လာကြသည့် ကလှေုးယ်များ သည်လည်း အပြန်အလှန်
ပစ်ခတ်မှုများကြားတွင် ပိတ်မိခဲ့သည်။
"အသေခံ ဗု့းခွဲတိုက်ခိုက်သူတစ်စု က ဒီနေ့မနက် ၆ နာရီခွဲမှာ သမ္မတ အိမ်တော်၊ ကာကွယ်ရေး
၀န်ကြီးဌာနနဲ့ အရီယားနား ဟိုတယ်တွေကို တိုက်ခိုက် ခဲ့တာပါ" ဟု တာလီဘန်ဘက်မှ ပြောရေး
ဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟင် က ပြောသည်။
အရီယားနားဟိုတယ်သည် အာဖဂန် ရှိ စီအိုင်အေဌာနချုပ် ဖွင့်လှစ်ထားသည့်နေရာအဖြစ် လူသိ
များပြီး အဆောက် အအုံမှ ထွက်ပေါ်လာသော လေထုထဲ သို့ပန်းထွက်နေသည့် မီးခိုးထူများကို
လည်းမြင်နေရသည်။
စစ်သွေးကြွများအားလုံး သေဆုံးပြီး လုံခြံုရေးတပ်ဖွဲ့ ၀န်ထမ်းများ၊ ွှရပ်သားများ သေဆုံးခြင်းမရှိ
ကြောင်း ကဘူးလ်ရဲအရာရှိချုပ် မိုဟာမက် အရွတ် ဆလန်ဂီက အခင်းဖြစ်ပွားရာ နေရာ တွင်
သတင်းထောက်များကို ပြောကြား ခဲ့ပြီး အခြားသော အသေးစိတ်အချက်အလက်များကို ပြော
ဆိုခြင်းမရှိခဲ့ပေ။
သမ္မတအိမ်တော်သို့သွားရာ လမ်း အားလုံးကို ယာယီပိတ်ထားပြီး လူများ နှင့် ခပ်ဝေးဝေးရှိ
အဆောက်အအုံနားတစ်ဝိုက်၌ပင် လုံခြံုရေးတပ်များကို အထပ်ထပ်ချထားကြောင်း သိရသည်။
ကဘူးလ်တွင် ကြီးမားသည့် တိုက်ခိုက် မှုကြီး ဇါန်လ ၁၁ ရက်က နောက်ဆုံး ဖြစ်ပွားခဲ့သည်။ နိုင်ငံ
တော် တရားရုံးချုပ် အပြင်ဘက် တွင် အသေခံဗု့းပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား ၁၅ ဦးထက်
မနည်း သေဆုံး ခဲ့မှုအပေါ် တာဝန်ရှိသည်ဟု တာလီဘန် သောင်းကျန်းသူများက ပြောဆိုနေချိန်
ဖြစ်သည်။
အာဖဂန်နစ္စတန်တွင် ၁၂ နှစ်ကြာ တိုက်ခိုက်မှုများ အဆုံးသတ်ရေး ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန်
ပထမ အဆင့်အနေဖြင့် ရည်ရွယ်ကာ ကာတာ နိုင်ငံတွင် တာလီဘန်တို့၏ ရုံးခန်းသစ် ဖွင့်လှစ်မည်
ဟုဆိုရာ သံတမန်ရေးရာ အရ အချေအတင် စကားများပြီး နောက်ပိုင်း အမေရိကန်ဆိုင်ရာသံတမန်
ဂျိမ်းစ်ဒေါ်ဘင် ကဘူးလ်သို့ အလည်အပတ် ရောက်ရှိနေစဉ် ဇွန်လ ၂၅) ရက်နေ့တွင် ယခု တိုက်
ခိုက်မှု ဖြစ်ပွားခဲ့သည်။
(ရိုက်တာ အေအက်ဖ်ပီ)

















