အစိုးရဝက်ဘ်ဆိုက်များကို ၀င်ရောက်နှောင့်ယှက် ခြင်းခံရကြောင်း တောင်ကိုရီးယား ပြောဆို

အစိုးရဝက်ဘ်ဆိုက်များကို ၀င်ရောက်နှောင့်ယှက် ခြင်းခံရကြောင်း တောင်ကိုရီးယား ပြောဆို

ဆိုးလ် - သမ္မတအိမ်ပြာတော်အပါအဝင် အစိုးရဝက်ဘ်ဆိုက်အချို့ကို ဟက်ကာ များက
၀င်ရောက် နှောင့်ယှက်ခဲ့အပြီး ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ် သတိ ပေးချက်တစ်ရပ်ကို ဇွန်လ
၂၅ ရက်နေ့၌ ထုတ်ပြန်လိုက်သည်။

"သမ္မတအိမ်ပြာတော် အပါအဝင် အစိုးရ ၀က်ဘ်ဆိုက်တချို့ကို ပိတ်ပစ် ခဲ့ရတဲ့ ဆိုက်ဘာတိုက်
ခိုက်မှု တစ်ခုကို ဘယ်သူတွေမှန်းမသိရတဲ့ ဟက်ကာ တွေက လုပ်ခဲ့တယ်ဆိုတာကို အစိုးရ က
အတည်ပြုနိုင်ပါပြီ" ဟု သိပ္ပံဝန်ကြီး ဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြော လိုက်ကာ အဆင့်ငါး
ဆင့်ပါ အမျိုးသား ဆိုက်ဘာသတိပေးချက်ကို အဆင့်တစ်မှ နှစ်အထိ အသိပေးနှိုးဆော်ထားသည်။

အစိုးရမူဝါဒ ညှိနှိုင်းရေးရုံးနျင့် အာဏာရ နယူးဖရန်းတီးယားပါတီ ရုံး များအပါအဝင် သတင်းမီဒီယာ
၀က်ဘ် ဆိုက်များစွာသည် အကွက်ချ စီမံထား သည့် တိုက်ခိုက်မှုတစ်ခုဟု ယူဆရသည့် ဒေသစံ
တော်ချိန် ၁၀ နာရီ ၄၅ မိနစ်ခန့်မှစတင်ခဲ့သော တိုက်ခိုက်မှုတစ်ခုကြောင့် ထိခိုက်ခဲ့ရသည်။

တောင်ကိုရီးယား မီဒီယာအုပ်စုများ နျင့် ဘဏ္ဍာရေး အဖွဲ့အစည်းများကို မကြာသေးမီက အကြီး
အကျယ်တိုက်ခိုက် ခဲ့မှုအချို့အား စုံစမ်းထောက်လှမ်းခဲ့ ရာ၌ မြောက်ကိုရီးယားနိုင်ငံတွင် အခြေ
တည်ကြောင်း သုံးသပ်ခဲ့ကြသည်။

ဟက်ကာများ ၀င်ရောက်ခြင်းခံခဲ့ရသည့် စာမျက်နျာများ၌ ကျန်ရစ် သော ရေးသားချက်များအရ
'ကမ္ဘာ့ ဟက်ကာလှုပ်ရှားသူများ' အဖွဲ့ဖြစ် သော ဗညသညပာသကျ ဟူ၍ဖြစ်ပြီး ရေးသားချက်
များတွင် မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအန်းကို မြှောက်ပင့်မှုများ ပါ၀င်ခဲ့သည်။

ဂရင်းနစ်စံတော်ချိန် ၀၆၀၀ နာရီ အရ သမ္မတအိမ်ပြာတော် ၀က်ဘ်ဆိုက် သည် 'ပြုပြင်နေဆဲဖြစ်
သည်' ဟူသောစာတန်းပြလျက် ပိတ်ထားကြောင်း တွေ့ရသည်။ ဖော်ပြပါ ၀က်ဘ်ဆိုက်များသည်
ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက ခေတ္တမျှ ၀င်ရောက် ကြည့်ရှုနိုင်ခြင်း မရှိခဲ့သော် လည်း နာရီအနည်း
ငယ်အကြာတွင်မူ ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်ခဲ့သည်။

(အေအက်ဖ်ပီ)