ဖနွမ်းပင် - ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ထိုးနျက်နေသော အလုပ်သမား
ပဋိပက္ခများ၏ နောက်ဆုံးဖြစ်ရပ် တစ်ခုတွင် ဖနွမ်းပင်မြို့၏ အကြီးဆုံး ကာစီနိုကြီးမှ လောင်းကစား
ဒိုင်များ၊ ယာဉ်မောင်းများနျင့် သန့်ရှင်းရေးဝန်ထမ်းများ အပါအဝင် ရာပေါင်းများစွာသော အလုပ်သ
မားများသည် လစာပိုမိုရရှိရေးအတွက် သပိတ်မှောက် ဆန္ဒပြကြရာ အလုပ်မှ ထုတ်ပစ်ခံရ၊ သို့မ
ဟုတ် အလုပ်မှ ဆိုင်းငံ့ခံရကြောင်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင်က ဇါန်လ ၂၄ ရက်နေ့၌
ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား ခရီးသွားနှင့် ၀န်ဆောင်မှု အလုပ်သမားများ ဖက်ဒရေး ရှင်း (Tourism and
Service Workers Federation)၏ ဒုတိယဥက္ကဋ္ဌ ဆုပ်နာ ရစ်သ်၏ အဆိုအရ Naga World
ဟိုတယ်၌ လောင်းကစားရုံမှ အလုပ် သမား ၄၀ ကျော်သည် ၎င်းတို့၏ အလုပ် များမှ ထုတ်ပစ်၊
သို့မဟုတ် ဆိုင်းငံ့ခံရ သည်ဟုသိရသည်။
လစာဒေါ်လာ ၈၀ မှ ဒေါ်လာ ၁၅၀ သို့ တိုးမြှင့်ပေးရန်နှင့် မိုမိုကောင်းမွန် သော လုပ်ငန်းခွင် အခြေ
အနေကို တောင်းဆိုကြသည့် ဇါန်လ ၁၃ ရက်နေ့ကတည်းက သပိတ်မှောက်ကြသည့်ဝန်ထမ်း
၁,၀၀၀ ကျော်တွင် အဆိုပါအလုပ်သမားများပါ၀င်သည်ဟု ဆုပ်နာ ရစ်သ်က အေအက်ဖ်ပီ သတင်း
ဌာနသို့ ပြောပြသည်။
"သပိတ်မှောက်တာဟာ ဥပဒေနဲ့အညီဖြစ်တယ်"ဟု ၎င်းက ပြောသည်။ နောက်ထပ် အလုပ်သမား
ပေါင်းများစွာထံသို့လည်း ကာစီနို အုပ်ချုပ် ရေးအဖွဲ့က ၎င်းတို့ကို ချက်ချင်း အလုပ်မှ ရပ်စဲလိုက်ပြီ
ဖြစ်ကြောင်း ဖုန်းအကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ၎င်းက ပြောသည်။ ြေါေ ျွှသမိူ မှ အဆင့်မြင့်ဝန်
ထမ်းများသို့ ပေးပို့ပြီး အေအက်ဖ်ပီက ဖတ်ရှုခွင့် ရခဲ့သော အီးမေးလ်တွင် တရားမဝင်သပိတ်မှောက်
ကြရာတွင် ပါ၀င်သောကြောင့် အလုပ်သမား ၄၁၃ ဦးသည် ၎င်းတို့၏ ကန်ထရိုက်များ အဆုံးသတ်
ခံရခြင်း၊ သို့မဟုတ် ဆိုင်းငံ့ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ရာပေါင်းများစွာသော အလုပ်သမား များသည် ကာစီနို၏ အပြင်ဘက်တွင် တနင်္လာနေ့က ၎င်းတို့
အား မူလရာထူး များ၌ ပြန်လည်ခန့်ထားရန် တောင်းဆို ၍ ဆန္ဒပြခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ
တွင် လောင်းကစားခြင်းသည် နိုင်ငံခြားသားများ အတွက်သာ တရားဝင်ဖြစ်ပြီး နိုင်ငံသား များ
လောင်းကစားခြင်းကို ပိတ်ပင် ထား၍ ထိုင်းနျင့်တရုတ်လူမျိုး ထောင် ပေါင်းများစွာကို လောင်း
ကစားဝိုင်း များသို့ လာရောက်ကစားကြရန် ကမ္ဘော ဒီးယားနိုင်ငံက ဆွဲဆောင်နိုင်ခဲ့သည်။
အနောက်နိုင်ငံ ထိပ်တန်းကုန် အမှတ်တံဆိပ်များ၏ ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ဒေါ်လာ
ဘီလျံပေါင်း များစွာရင်းနှီးမြှုပ်နှံထားသော အထည် ချုပ်စက်ရုံများမှကမ္ဘောဒီးယား အလုပ် သမား
များသည် လစာအလွန်ပင်နည်းပါးခြင်းနှင့် ကျပ်တည်းလှသော စီးပွားရေးအခြေများကြောင့် ထပ်
တလဲ လဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
လစာအတွက် ဆန္ဒပြပြီးနောက် အမေ ရိကန် "Nike" တံဆိပ် အားကစားဝတ်စုံ ထုတ်လုပ်သော
စက်ရုံမှ ရာပေါင်း များစွာသော အလုပ်သမားများ ယခု လအစောပိုင်း၌ အလုပ်မှ ထုတ်ပစ်ခံရသည်
ဟု သိရသည်။
(အေအက်ဖ်ပီ)

















