ပေကျင်း - ထုံးတမ်းစဉ်လာ တရုတ် ဆေးဖက်ဝင် အပင်များကို ပိုးသတ်ဆေး အစုံရော
ထားသည့် ဆေးများကြောင့် မသန့်မပြန့်ဖြစ်ပြီး စားသုံးသူများ၏ကျန်းမာရေးနျင့် ပတ်ဝန်းကျင်
တို့ကို ခြိမ်းခြောက်လျက်ရှိကြောင်း Green Peace အဖွဲ့က ဇွန်လ ၂၄ ရက်က ပြောသည်။
တရုတ်နိုင်ငံ၏ ကြီးမားသည့် လယ်ယာ လုပ်ငန်းအပေါ် အန္တရာယ်ရှိနိုင်သည့် ထိခိုက်မှုများအပေါ်
အာရုံစူးစိုက်လျက် Green Peace ၏ အစီရင်ခံစာဖြစ်သည့် Chinese herbs: elixir of health
or pesticides cocktail အရ စမ်းသပ်မှု များပြုလုပ်ခဲ့ရာ အချို့ ပိုးသတ်ဆေး အကြွင်းအကျန်များ
သည် ဥရောပ သမဂ္ဂ၏ အစားအစာ အန္တရာယ်ကင်း ကြောင်း အဆင့်များထက် အဆရာပေါင်း များ
စွာ မြင့်မားသည်ကို တွေ့ရှိခဲ့သည်။
လူသားနှင့် ပတ်ဝန်းကျင် ကျန်းမာမှုကို ဥပေက္ခာပြုလျက် လက်ရှိ စက်မှုလယ်ယာစနစ်သည်
အဆိပ်အတောက် ရှိသည့် ဓာတုဗေဒပစ္စည်းများကို အထူး အမှီသဟဲပြုနေသည်ကို စမ်းသပ်မှုများ
၏ ရလဒ်များက ပြနေကြောင်း ွမနနည စနခေန မှ ဂေဟဗေဒ ပညာရှင် ကျင်ဝမ်းက ပြောသည်။
တရုတ် ဆေးဖက်ဝင် အပင်များကို လူများက ယုံကြည်စိတ်ချပြီး ရောဂါဝေဒနာများပျောက်ရန်
ကမ္ဘာတစ်ဝန်းရှိ လူသန်းချီပြီး အစားအစာများထဲ အသုံး ပြုကြကြောင်း၊ ကျွန်တော်တို့ အမွေ အနှစ်
၏ အဓိကကျသည့်အစိတ်အပိုင်း ဖြစ်သည့်အတွက် ထိန်းသိမ်းရမှာဖြစ်ကြောင်း၊ တရုတ်ဆေးဖက်
၀င် အပင်များ သည် ရောဂါ ပျောက်ကင်းရန်အတွက် ဖြစ်ကြောင်း၊ လူများကို အန္တရာယ်မပြုဘဲ ပိုး
သတ်ဆေးများ ကင်းစင်ရမှာဖြစ်ကြောင်း ကျင်ဝမ်းက ပြောသည်။
ပိုးသတ်ဆေး အကြွင်းအကျန်များ နျင့် ထိတွေ့လျှင် အဆိပ်အတောက်ရှိသည့် ဓာတုပစ္စည်းများ
ခန္ဓာကိုယ်အတွင်း စုပုံလာပြီး စာသင်ကြားမှုအခက်အခဲများ၊ ဗဟာ်မုန်းနှောင့်ယှက်မှုများနှင့် မျိုးပွား
မှုပုံမှန်မဖြစ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ွမနနညစနခေန အဖွဲ့က ပြောသည်။
ဆေးဖက်ဝင် အပင်ပစ္စည်း ၆၅ မျိုးတို့၌ ပိုးသတ် ဆေးအကြွင်းအကျန် ၅၁ မျိုးကို တွေ့ရှိခဲ့သည်။
ဆေးဖက်ဝင်အပင်ပစ္စည်း ၂၆ မျိုး တို့တွင် တရုတ်နိုင်ငံ၌ တရားမဝင်သည့် ပိုးသတ်ဆေးများ ပါ၀င်
နေကြောင်း တွေ့ရသည်။ ဆန်ချီပန်း၌ တွေ့ရသည့် ပိုးသတ် ဆေး အကြွင်းအကျန်များသည် ဘေး
ကင်းသည့် ကန့်သတ်ချက်များ ထက် အဆပေါင်း ၅၀၀ ပိုပြီး ပျားရည်စို့ ပန်း၌အဆ ၁၀၀ ပိုများ
ကြောင်း တွေ့ရှိ ရသည်။
မကြာသေးမီ နှစ်များအတွင်း တရုတ် နိုင်ငံ၏ လယ်ယာကဏ္ဍသည် အလျင် အမြန် ကျယ်ပြန့်လာ
ခဲ့ရာ အစား အသောက်များနှင့်ပတ်သက်ပြီ အထိတ် တလန့်ဖြစ်မှုများကြောင့် အလွန်အကျွံ လယ်
ယာစိုက်ပျိုး စနစ်များကို နိုင်ငံပိုင်မီဒီယာက ပြစ်တင်ဝေဖန်ခဲ့ကြသည်။
(အေအက်ဖ်ပီ)

















