အတက်ရှိလျှင် အကျရှိ သည်ကို မဲများက ပြနေ - အာရှအမြင်

အတက်ရှိလျှင် အကျရှိ သည်ကို မဲများက ပြနေ - အာရှအမြင်

ကံတရားဆိုတာဟာ စိတ်ပြောင်းလွယ် တဲ့ ခြေလေးချောင်း သတ္တဝါကြီးနဲ့တူတယ်။ ဘာမဟုတ်
တဲ့လူကိုလည်း လူသိရှင်ကြား ကျော်ကြားအောင်လုပ် နိုင်သလို ဘုရင်တစ်ပါးကိုလည်း သာမန်
လူဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်။ အနှစ်သက်ဆုံး၊ အကြိုက်ဆုံးဆိုတာ လည်း သူ့မှာမရှိဘူး။

ဒီလိုအဖြစ်မျိုးကို ဒီဒေသတွင်းမှာရှိကြတဲ့ ဩဇာအာဏာ အရှိဆုံးပုဂ္ဂိုလ်နှစ်ဦး ပြီးခဲ့တဲ့ ရက်သတ္တ
ပတ်က တွေ့ကြံုခဲ့ရတယ်။ ကံတရား ဟာ သူတို့နှစ်ဦးကို ချောက်ကမ်းပါးစပ် ဆီကို တွန်းပို့ခဲ့တယ်။
ဇွန်လ ၁၇ ရက်က ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဒန်းဟာ သူ့နိုင်ငံ သားတွေရဲ့ အရှက်ခွဲခံခဲ့
ရတယ်။

ဥပဒေ ပြုလွှတ်တော်က နိုင်ငံခေါင်းဆောင် ပိုင်းအပေါ် ယုံကြည်မှု မဲပေးတဲ့အခါမှာ ထိပ်တန်းရွေး
ကောက်ခံ အရာရှိတွေ ထဲမှာ ဒန်း (၆၃ နှစ်)ဟာ နောက်ဆုံး နေရာကို ရောက်သွားခဲ့တယ်။

အမျိုးသားလွှတ်တော်အဖွဲ့ဝင် သုံးပုံ တစ်ပုံဟာ ဒန်းကို ဆန့်ကျင်မဲပေးခဲ့ပြီး အံ့ဩစရာကောင်း
လောက်တဲ့ ၅၇ ရာခိုင်နှုန်းက ဒန်းအပေါ် လုံးဝအယုံ အကြည်မရှိတာကို ပြခဲ့တယ်။ ဗီယက်နမ်
ပြည်သူတွေဟာ သူ့ကို အော့နှလုံးနာနေရုံတင်မကဘူး။ လှောင် ပြောင်သရော်ခဲ့တယ်။

အခုတော့ သူ့ ပါတီတွင်းမှာပင် အတော်များများက သူ့ကို ဆန့်ကျင်ခဲ့ကြတယ်။ ဗီယက်နမ် ကွန်မြူ
နစ်ပါတီဟာ ကြက်သေသေနေပြီး ဒန်းနဲ့ အဂတိလိုက် စားတဲ့ သူ့ရဲ့ အပေါင်းပါတွေ ထုတ်ပစ်လိုက်
ရင် လှိုင်းဂယက်တွေ ပေါ်လာမှာစိုးလို့သာ ဒန်းဟာ ပွတ်ကာသီကာနဲ့ ရှင်ကျန်နေသေးတာ
ဖြစ်တယ်။

စီးပွားရေးအပေါ် ကွပ်ကဲမှုမမှန်ခြင်း၊ အဂတိလိုက်စားမှုတွေ၊ အထူးသဖြင့် ပြည်သူပိုင် အသိမ်းခံထား
ရတဲ့ ကြီးမား ပြီး အသုံးမကျတဲ့လုပ်ငန်းကြီးတွေဟာ စီးပွားရေးအပေါ်မှာ ခြယ်လှယ် စိုးမိုး နေတာ
ကြောင့် ပုတ်ခတ် ဝေဖန်ခြင်း ခံနေရတာကို ဗီယက်နမ်ကွန်မြူနစ် ပါတီက သိတယ်။

ဒန်းနဲ့ ပါတီအဖွဲ့ဝင်တွေဟာ ပြုပြင် ပြောင်းလဲမှုကို မြန်မြန်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် လုပ်ဖို့
ဖိအားပေးခံလာရမှာကို သိကြတယ်။ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံမှာလို အေးချမ်းစွာပြောင်းလဲလာ
သလို အီဂျစ်၊ လစ်ဗျားနဲ့ အခု တူရကီနိုင်ငံတွေလို အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးမှ ပြောင်းလဲမှုကို
လုပ်မှာ လား။ သူတို့ ဆုံးဖြတ်ကြလိမ့်မယ်။

တစ်ချိန်တည်းမှာဆိုသလို ဒေသ တွင်း ခေါင်းဆောင် နောက်တစ်ဦး ဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်
နာဂျစ် ရာဇတ်ကိုလည်း ကံတရားက မျက်နှာသာမပေးခဲ့ဘူး။ သူ့အခြေအနေဟာ ဒန်းလောက်
မဆိုးလှပေမယ့် အခု ဆိုရင် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။

လွန်ခဲ့တဲ့လက နာဂျစ်ဟာ အာဏာရ National Front အစိုးရအတွက် အဆိုး ဆုံး ရွေးကောက်ပွဲ
အဖြေကို ရခဲ့တယ်။ ၀န်ကြီးချုပ် အဗ္ဗဒူလာ ဘာဒါ၀ီကိုနုတ်ထွက်သွားရတဲ့ အခြေအနေထိ ဖြစ်ခဲ့တဲ့
၂၀၀၈ ခုနှစ်က ဆိုးရွားဖြစ်စဉ်ထက် Front ဟာ အမတ်နေရာ ပိုပြီးဆုံးရှုံးခဲ့တယ်။

ဒါပေမဲ့ နိုင်ငံ တစ်ဝန်း စုစုပေါင်း မဲအရေအတွက်မှာတော့ နံပါတ် (၂) နေရာရခဲ့တယ်။ ဘာဒါ၀ီရဲ့
ဆုံးရှုံးမှုတွေကို ပြောင်း ပြန်ဖြစ်ရန် လုပ်မယ်လို့ နာဂျစ်က ကတိ ပေးခဲ့ပေမယ့် ညွန့်ပေါင်းအစိုးရဟာ
နာမည်ပဲ ကျန်နေတော့တယ်။ တရုတ်နဲ့ အိန္ဒိယသားတွေကလည်း အလုံးအရင်းနဲ့ ပစ်ခွာခဲ့ပြီး ဒုတိ
ယ ၀န်ကြီးချုပ်ဟောင်း အန်ဝါအီဘရာဟင် ခေါင်းဆောင်တဲ့ အတိုက်အခံပါတီ People Alliance
သို့ ကူးပြောင်းခဲ့ကြ တယ်။

ကျေးလက်ဒေသမှာ ရှိကြတဲ့ မလေးမွတ်စလင်လူစုရဲ့ အရိုင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်လို့သာ
အများမဲ လျော့နည်းသွားတာပဲ ရှိခဲ့တယ်။ ဗီယက်နမ်မှာ ဒန်းဖြစ်သလို နာဂျစ် ကိုလည်း အများက
တာရှည်ခံမယ့် နိုင်ငံရေးသမားမဟုတ်ဘူးလို့ ယူဆထား ကြတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း ၀ါရင့်နိုင်ငံရေးသမား ရာဇာလေးဟမ်း ဇားက အစိုးရနဲ့ အတိုက်
အခံပါလီမန် အဖွဲ့ဝင်တွေကို ၀န်ကြီးချုပ် နာဂျစ်ကို အစားထိုးချင်တဲ့ သူ့ရဲ့ဆန္ဒကို ပွင့်ပွင့် လင်းလင်း
ပြောဆိုခဲ့တယ်။ အသက် ရ၆ နှစ်ရှိပြီဖြစ်တဲ့ ရာဇာလေး ဟာ ၁၉၈၇ ခုနှစ်က ၀န်ကြီးချုပ် ရာထူး ကို
ရဖို့ ကြိုးစားခဲ့ရာ အဲဒီတုန်းက ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ကို နိုင်ဖို့ သီသီလေးလိုခဲ့တယ်။

ဖြစ်ချင်တော့ နာဂျစ်အုပ်စုက မဲတွေ ဟာ မဟာသီယာ ရာထူးမပြုတ်ဖို့ ကူညီ ခဲ့တဲ့အတွက် ရာဇာ
လေးခမျာ ၀န်ကြီးချုပ် ရာထူးက လွဲခဲ့ရတယ်။ ဒီနှစ်ယောက်ဟာ တစ်ဦးပေါ်တစ်ဦး မေတ္တာရှိကြတဲ့
လူတွေ မဟုတ်ကြတဲ့ အတွက် ရာဇာလေးသာ ပါလီမန်အဖွဲ့ ၀င်မဲ ၁၁၂ မဲသာရခဲ့ရင် နာဂျစ်ကို
ပါလီမန်ယုံကြည်မှုမဲနဲ့ ဖြုတ်ချနိုင်တယ်။

ဒီလိုဖြစ်ဖို့တော့ မလွယ်လှဘူး။ ဒါပေမဲ့ အယောင်ပြအနေနဲ့ နာဂျစ် အပေါ် ထောက်ခံမှုကို
ကွယ်ဝှက်ယူပြီး အားကောင်းတဲ့ UMNO ခေါင်းဆောင် တွေက မဲလုပွဲထဲဝင်လာရင် ၀န်ကြီးချုပ် ရဲ့
ကံကြမ္မာကို ပြတ်ပြတ်သားသား သိရ မှာဖြစ်တယ်။

ဒီလိုအဖြစ်မျိုး ဖြစ်မလာ ဖို့ နာဂျစ်ဟာ ဇွန်လ ၂၀ ရက်က မဲ ဆန္ဒရှင်တွေရဲ့ ဆန္ဒကို သိကြောင်း၊
ဒါကြောင့် Front ကို ပိုပြီး အရည်အသွေး အလျောက် မြှောက်စားတဲ့စနစ်သုံး ကာ မလေးမဟုတ်
တဲ့ လူ့အသိုင်း အဝိုင်းတွေ ပြန်လည်စိတ်ဝင်စားလာ ဖို့ လုပ်မယ်လို့ ပြောခဲ့တယ်။

"စီးပွားရေး ပြောင်းလဲမှုရဲ့ အကျိုး အာနိသင်ကို မလေးရှား နိုင်ငံသား အားလုံး ခံစားရမယ်။ နိုင်ငံရဲ့
အောင်မြင်မှုကြောင့် ကျန်ခဲ့တဲ့လူတွေ မရှိရအောင် ကျွန်တော် ကြိုးပမ်းမယ်"လို့ ရာဂျစ်ကပြောခဲ့
တယ်။ ဒါဟာ အတော်ခက်တဲ့ လုပ်ငန်းပဲ။ မဖြစ်ခဲ့ရင်၊ ဖြစ်ခဲ့ရင်လည်း မြန်မြန်ဖြစ်မှ၊ ဒါမှမဟုတ်ရင်
ကံတရားဟာ ဒီနှစ်မကုန်ခင်မှာ ဟနွိုင်းမြို့က အဖော်လိုပဲ ဖြစ်သွားလိမ့်မယ်။

(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)