မီးခိုးမြူများအတွက် အင်ဒိုနီးရှားသမ္မတ တောင်းပန်

မီးခိုးမြူများအတွက် အင်ဒိုနီးရှားသမ္မတ တောင်းပန်

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်း ပေါ်ရှိ သစ်တောမီးများ လောင် ကျွမ်းရာမှ ထွက်ရှိလာသည့်
မီးခိုး မြူများ ဖုံးလွှမ်းခြင်းခံခဲ့ရသည့် စင်ကာပူ နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို အင်ဒိုနီးရှားနိုင်ငံသမ္မတ
ဆူစီလိုဘမ်ဘန်း ယူဒိုယိုနိုက တောင်းပန် စကားဆို လိုက်သည်။

"ဖြစ်ခဲ့ရတာတွေအတွက် အင်ဒိုနီး ရှားသမ္မတတစ်ဦးအနေနဲ့ ကျွန်တော် တောင်းပန်ပါတယ်။
ပြီးတော့ မလေး ရှားနဲ့ စင်ကာပူနိုင်ငံက ပြည်သူတွေကိုလည်း နားလည်ပေးကြဖို့ တောင်းဆို
ပါတယ်" ဟု ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်း တွင် သမ္မတ ယူဒိုယိုနိုက ပြောသည်။

"ဒီပြဿနာကို ဖြေရှင်းဖို့ရာ ကျွန်တော် တို့မှာ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော် လက်ခံပါတယ်"
ဟုလည်း ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ၀န်ကြီးတစ်ဦးက စင်ကာပူနိုင်ငံကို 'ကလေးတစ်ဦးကဲ့သို့' ပြုမူနေကြောင်း ပြောဆို
ခဲ့ခြင်းနှင့်အတူ မီးခိုးမြူများကြောင့် အင်ဒိုနီးရှားနှင့် ယင်း၏ အိမ်နီးချင်း နိုင်ငံများအကြား ကတောက်
ကဆတ် ဖြစ်ခဲ့ရအပြီး ယခု ကဲ့သို့ သမ္မတယူဒိုယိုနို၏ တောင်းပန် မှုသည် မကျေလည်မှုများကို
ကျေအေးစေရန် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ် သည်ဟုဆိုကြသည်။

သစ်ဆွေးမြေ ဧကပေါင်း များစွာလောင်ကျွမ်းမှုကြောင့် စင်ကာပူနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ရေးရာ
ပြဿနာ သည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုး ဆုံးဖြစ်ခဲ့ရကာ ညှော်နံ့များဖြင့် မွှန်ထူ နေသည့်
မီးခိုးများသည် လူနေအိမ်ရာ များနှင့် မြို့လယ် မိုးမျှော်အဆောက် အအုံများကို အုံ့ဆိုင်းလျက်ရှိခဲ့
သည်။

မီးခိုးမြူများသည် လွန်ခဲ့သည့် တစ်ရက်နှစ်ရက်အတွင်းက စင်ကာပူ နိုင်ငံ၌ လျော့ပါးသွားခဲ့သော်
လည်း ယင်း ၏ မြောက်စူးစူးရှိ မလေးရှားနိုင်ငံသို့ ရောက်ရှိသွားခဲ့ပြန်သည်။

ဇွန်လ ၂၄ ရက်နေ့တွင် မလေးရှားနိုင်ငံ နေရာ အနှံ့အပြား၌ မီးခိုးမြူများ ပိတ်ဖုံးနေ ခဲ့ပြီး နိုင်ငံ၏
တောင်ပိုင်းသည် အဆိုပါ မီးခိုးမြူများဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည်။ မြို့တော်ကွာလာလမ်ပူ
တွင် လေထုညစ်ညမ်းမှု ညွှန်းကိန်းမှာ 'ကျန်းမာ ရေးကို အလွန်ထိခိုက်စေသည့်' အဆင့် ၂၀၀ နီး
ပါး ရောက်ရှိခဲ့သည်။

ကွာလာလမ်ပူနှင့် အခြားပြည်နယ်များရှိ စာသင် ကျောင်းများကို ပိတ်ပစ်ခဲ့ရပြီး ကလေး ငယ်များ
ကို အိမ်မှာပင်ထားရန်နှင့် အိမ်ပြင်ထွက်ပါက မျက်နှာဖုံးများစွပ် ထားစေရန် မိဘများအား အာဏာ
ပိုင် များက တိုက်တွန်းထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် တောမီးငြိှမ်း ရန် ရဟတ်ယာဉ်များ၊ လေ
ယာဉ်များဖြင့် မိုးတုများရွာချပေးခြင်း၊ မိုးရွာသွန်းစေ ရန် ဓာတုဗေဒနည်းပညာဖြင့် မိုးတိမ် စိုင်များ
ဖန်တီးပေးခြင်းများ ဆောင်ရွက် ခဲ့သော်လည်း မဆိုစလောက်သာအရာ ထင်ခဲ့သည်ဟု အရာရှိများ
ကဆိုသည်။

ထူထပ်သိပ်သည်းလှသည့် မီးခိုးမြူ များသည် ဇွန်လ ၂၅ ရက်နေ့က ရွိုင်အော်ပြည်နယ်တွင် ဆက်
လက် အုံ့ ဆိုင်းနေခဲ့သည့်အတွက် ပြည်နယ် မြို့တော် ပီကန်ဘာရူးရှိ လေဆိပ်သို့ ဆင်းသက်မည့်
လေယာဉ်နှစ်စင်းသည် ကောင်းမွန်စွာ မမြင်ရသောကြောင့် ဆင်းသက်၍မရဘဲ လှည့်ပြန်သွားခဲ့ရ
ကြောင်း အင်ဒိုနီးရှား အန်တာရာသတင်း ဌာနက ဆိုသည်။

(အေအက်ဖ်ပီ)