ဘန်ကောက် - ထိုင်းနိုင်ငံ၏ နိုင်ငံရေးသဘောကွဲလွဲမှုကို ဖော်ပြခြင်းအဖြစ်
မျက်နှာဖုံးအဖြူများစွပ်ထားသော အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူ ရာပေါင်း များစွာသည်
ဘန်ကောက်မြို့ လူစည်ကားရာ ဈေးများရှိသည့် ရပ်ကွက်တွင် လာရောက် စုရုံးခဲ့ကြသည်ဟု
ထိုင်းရဲက ဇါန်လ ၂၃ ရက်နေ့က ဆိုသည်။
ဆန္ဒပြပွဲတွင် ပါ၀င်သူများသည် ကာတွန်းစာစောင်မှ လူစွမ်းကောင်း "V" ၏ပုံ မျက်နှာဖုံးများ
စွပ်ထားသည်။ ၎င်းဆန္ဒပြပွဲကို "V for Thailand movement" က ဦးဆောင်ပြီး လှုပ်ရှား
ခဲ့ခြင်းဖြစ်သည်။
မျက်နှာဖုံးအဖြူ စွပ်ထားသော ဆန္ဒ ပြသူ ၁,၅၀၀ ခန့်ရှိပြီး ဆန္ဒပြမှုသည် နာရီအတော်အတန်
ကြာသော်လည်း ငြိမ်းချမ်းစွာ ပြီးဆုံးသွားကြောင်း နေပြည်တော်ရဲအဖွဲ့ အကြီးအကဲ ပါရီည
ဇန်သူရိယက ပြောသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေးသဘောကွဲလွဲမှုနျင့် တစ်ခါတစ်ရံ ပြင်းထန် သောလမ်းပေါ် ဆန္ဒပြမှုများ
ပေါ်ပေါက်မြဲ ဖြစ်သည်။
ဆန္ဒပြမှုများတွင် ၀န်ကြီး ချုပ် ယင်လတ်ရှင်နာဝပ်နျင့် ၎င်း၏အစ်ကို ပြည်နှင်ဒဏ်ခံရသူ သက်ဆင်
တို့အား ထောက်ခံသည့် ရှပ်နီများနျင့် ရှေးရိုးစွဲဝါဒီလိုလားသည့် အတိုက်အခံ အဖွဲ့ကို ထောက်ခံ
သည့် ရှပ်ဝါများပါ၀င် ကြသည်။
ပြီးခဲ့သောလများ၌ အခြားဆန္ဒပြအဖွဲ့ အချို့သည် မှိုလိုပေါက်လာပြီး ယင်လပ်အစိုးရနျင့် ၎င်း၏
အစ်ကို၏ ဩဇာလွှမ်း မိုးမှုကို ဆန္ဒပြနေကြခြင်းဖြစ်သည်။ "V for Thailand movement"၏
ခေါင်းဆောင်များနှင့် နိုင်ငံရေးသစ္စာရှိမှုနှင့် ပတ်သက် ၍ အနည်းငယ်သာ သိထားကြသည်။
သို့သော် ထိုအဖွဲ့သည် အဓိက လူမှုရေး မီဒီယာအနေအထားကို အမြန်တိုး တက်လာစေပြီး
အစိုးရနျင့် သက်ဆင်တို့အား မကျေမနပ် ပြောဆိုခဲ့ကြသည်။
ကာတွန်း "V for Thailand movement" ၏ ရုပ်ရှင်တင်ဆက်မှုတွင် စိတ်ကူးယဉ် အာဏာရှင်
အား ပုန်ကန်နိုင်ရေး အတွက် ပြည်သူများကို အားပေးအား မြှောက်ပြုရန် မျက်နျာဖုံးအဖြူများကို
ဖြန့်ဝေပေးသည်။
လုံခြံုရေးတပ်ဖွဲ့များ၏ သွေးထွက်သံယို တိုက်ခိုက်မှု အဆုံးသတ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ရှပ်နီ
များ လမ်းပေါ်ဆန္ဒပြမှုများ ပေါ်ပေါက်ပြီးနောက် ပြန်လည်တည်ငြိမ်လာဆဲ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်၊ မေလ၌ ဆန္ဒပြသူများနျင့် လုံခြံုရေးတပ်ဖွဲ့များ ရင်ဆိုင်တိုက်ခိုက်မှု တသီတတန်း
တွင် လူ ၉၀ ခန့် သေဆုံးပြီး ၁,၉၀၀ နီးပါး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
(အေအက်ဖ်ပီ)

















