ဩစတြေးလျတွင် ကလေးငယ်အား ကားမောင်းပို့ခိုင်း

ဩစတြေးလျတွင် ကလေးငယ်အား ကားမောင်းပို့ခိုင်း

ဆစ်ဒ်နီ - အရက်သမားတစ်ဦးက အသက်ခုနစ်နှစ်သားအရွယ် ယောက်ျား လေးကို
နံနက် ၃ နာရီအချိန်၌ အိမ်သို့ ကားမောင်းပို့ရန် ခိုင်းစေခဲ့သည်ကို ရဲတပ်ဖွဲ့ကတွေ့ရှိပြီး ဩစတြေး
လျ နိုင်ငံ၏ ဂိုးလ်ကို့စ်ပေါ် အရောက်တွင် ကားကို လမ်းဘေးသို့ ဆင်းခိုင်းကာ ၎င်းအရက်သမား
အား ရဲတပ်ဖွဲ့က ဇါန်လ ၂၁ ရက်နေ့တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက်ခင်းပိုင်း တွင် ကားရှေ့မီးမဖွင့်ဘဲ ဖြတ်မောင်း သွားသည့်ကားကို လှည့်
ကင်းကားက စစ်ဆေးရာ ကလှေုးယ်တစ်ယောက် ကားမောင်းသည်ကို တွေ့ရသည်။

"ဒီနေ့ မနက်ခင်း စောစောပိုင်း ှကမ်နမျ ဏမေေိငျန မှာ အသက်ခုနစ် နှစ်အရွယ် ယောကျ်ားလေး
တစ်ဦး မောင်း လာတဲ့ကားကို ရဲတပ်ဖွဲ့က ကြားဖြတ်စစ်ဆေးပြီးတဲ့နောက်မှာ အမျိုးသားတစ်ဦးကို
ယာဉ်စည်းကမ်းနဲ့ ပတ်သက် တဲ့ ကြီးလေးတဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး တရားစွဲထားတယ်"
ဟု ရဲတပ်ဖွဲ့က ပြောသည်။

တွေ့ရှိသည့်အချိန်တွင် ကလေးငယ် မှာ မူးမေ့ကာ သတိလစ်သွားပြီး လောလောဆယ်တွင်
ကလေးငယ်အား ဆွေမျိုးများက ကြည့်ရှုစောင့်ရှောက် ထားကြောင်း ကွင်းစလန်းပြည်နယ်
ဆက်သွယ်ရေးဝန်ကြီး စကော့အီမာဆန်က ပြောကြားသည်။

ကားပိုင်ရှင် ၄၁ နှစ်အရွယ်ရှိ အမျိုးသားကို အရက် မူးပြီးကားမောင်းမှုဖြင့် တရားစွဲထား သည်။

(အေအက်ဖ်ပီ)