ဘရူနိုင်းနိုင်ငံ၌ကျင်းပသော အာရှ-ပစိဖိတ် ဒေသဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးပွဲ

ဘရူနိုင်းနိုင်ငံ၌ကျင်းပသော အာရှ-ပစိဖိတ် ဒေသဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးပွဲ

ဘန်ဒါဆရီဘီဂါ၀န် - တောင်တရုတ် ပင်လယ်တွင် ဖြစ်ပွားနေသော
ပိုင်နက်နယ်မြေ အငြင်းပွားမှုများ အရှိန်မြင့် လာသည့်ကိစ္စ၊ မြောက်ကိုရီးယား၏ နျူကလီးယား
အစီအစဉ်များအပေါ်စိုးရိမ်ပူပန်နေမှုများနျင့် အခြားလုံခြံု ရေးဆိုင်ရာ ကိစ္စရပ်များကို ဘရူနိုင်း၌
ကျင်းပပြုလုပ်သော အာရှ ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် ထည့်သွင်း
ဆွေးနွေးခဲ့သည်။

ဆီးရီးယားပဋိပက္ခများ အဆုံးသတ်ရေးအပါအဝင် အမေရိကန်နိုင်ငံ၏ လျှို့ဝှက်ထောက်လှမ်းရေး
သတင်းများကို ဖွင့်ချခဲ့သူ အက်ဒွပ်စနိုးဒန် ကိစ္စရပ်တို့နှင့်ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းရန် အမေရိ
ကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဘ်ကို ဇူလိုင်
လ ၂ ရက်နေ့တွင် တွေ့ဆုံ ခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ် အဆုံး သတ်ရေးအတွက် နိုင်ငံတကာ အစည်း အဝေးတစ်ရပ် ပြုလုပ်နိုင်
ရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ရှေကဆက် လုပ်ဆောင်သွားမည်ကို လက်ဗ်ရော့ဘ် နှင့်ဆွေးနွေး
မည်ဖြစ်ကြောင်း ကယ်ရီ က ပြောကြားခဲ့သည်။

လူပေါင်း ၁၀၀,၀၀၀ ကျော်သေဆုံး ခဲ့သည့် ဆီးရီးယားနိုင်ငံ၏ နှစ်နှစ် ကျော် ကြာနေပြီဖြစ်သည့်
ပဋိပက္ခတွင် ရုရှားနိုင်ငံက ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်ဘက်မှ ထောက်ခံပြီး အမေ
ရိကန်က အာဆတ်ကို ဆန့်ကျင်သူ သူပုန်များဘက်မှ ထောက်ခံအားပေးခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံက စစ်အင်အား ကို အလုံးအရင်းနှင့် တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဖိလစ်ပိုင်
နိုင်ငံ၏ စွပ်စွဲပြောဆိုမှု ထွက်ပေါ်လာပြီးနောက် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ ဖြစ်ပွား
သော အငြင်းပွားမှုများ တားဆီး ရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းတစ်ရပ်ကို
သဘော တူရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဇူလိုင်လ ၁ ရက် နေ့တွင် တရုတ်
နိုင်ငံကို တိုက်တွန်း ပြောဆိုခဲ့သည်။

သို့သော်လည်း အမေရိ ကန်နိုင်ငံက အငြင်းပွားမှု တစ်ခုချင်းစီ အတွက် ဖြေရှင်းပေးနိုင်မည် မဟုတ်
ကြောင်း ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံများအကြား စည်းမျဉ်း စည်းကမ်းတစ်ရပ်ရရှိရေး ဆောင်ရွက်မှုကို တရုတ်နိုင်ငံက သ
ဘောမကျဘဲ တစ်နိုင်ငံချင်းနျင့် ညှိနှိုင်းဆောင်ရွက်ရေးကို တရုတ်နိုင်ငံက ပို၍ နှစ်သက် သဘော
ကျသည်။

အာရှ ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်
ကယ်ရီက တရုတ်၊ ဂျပန်နျင့် တောင်ကိုရီးယား နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ နှင့်တွေ့ဆုံခဲ့ပြီး
မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို တညီတညွတ်တည်း ဆန့်ကျင်ကြရန်ဆွေး
နွေးပြောကြားခဲ့သည်။

ကယ်ရီက တရုတ် နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီနှင့် တွေ့ဆုံပြီးနောက် အမေရိကန်နှင့် တရုတ် နှစ်နိုင်
ငံစလုံး က မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် အရေးကြီးသည့်
ကတိကဝတ်ကို အလေးအနက် ထပ်မံအတည်ပြုခဲ့ကြသည်။

"ဒီရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရာမှာ ခင်ဗျားတို့ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့
ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ကယ်ရီက ပြောကြားခဲ့သည်။

အမေရိကန် အမျိုးသားလုံခြံုရေးအေဂျင်စီ (NSA) က ဥရောပသမဂ္ဂရုံးခန်းများနှင့် ဥရောပနိုင်ငံ
သံရုံးများ ကို သူလျှိုလုပ်ခဲ့သည့် သတင်းများနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံက ဖြေရှင်းပြော
ဆိုမှုများကို ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီက တောင်း ဆိုထားသည်။

"ကျွန်တော်တို့ ပြင်သစ်နိုင်ငံနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး အတွက် အာမခံချက်မရမချင်း
တွေ့ဆုံ ဆွေးနွေးမှုတွေ၊ ဒါမှမဟုတ် အရောင်း အဝယ်ကိစ္စရပ်တွေ ရှိလာနိုင်မှာ မဟုတ်ပါဘူး" ဟု
ဟော်လန်ဒီက ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံက ယင်း၏ ဥရောပ မဟာမိတ်နိုင်ငံများကို အမေရိကန် နိုင်ငံက လျှို့ဝှက်ထောက်လှမ်း
နေသည် ဟု စွပ်စွဲပြောဆိုမှုများက အရေးကြီး သည့် လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ် တစ်ရပ်နှင့်
ပတ်သက်၍ ဆွေးနွေးမှုများ ကို ထိခိုက်စေမည်ဟု ဇူလိုင်လ ၁ ရက် နေ့တွင် သတိပေးပြောကြား
ခဲ့သည်။

ဘရူနိုင်းနိုင်ငံ၌ပြုလုပ်သည့် လုံခြံု ရေး အစည်းအဝေးတစ်ရပ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ကယ်ရီက စွပ်စွဲချက်များကို ၎င်းအနေဖြင့် စုံစမ်း စစ်ဆေးနေကြောင်း ပြောကြားခဲ့သော်လည်း
ထောက်လှမ်း ရေးအလုပ်မှာ ပုံမှန်လုပ်ကိုင်နေကျ အလုပ်ဖြစ်ကြောင်း သတင်းထောက် များကို
ပြောဆိုလိုက်ပြီးနောက် ဟော်လန်ဒီက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

(အေအက်ဖ်ပီ)