ကဘူးလ် - နေတိုးတပ်ဖွဲ့ ထောက်ပံ့ ရေး နိုင်ငံခြားကုမ္ပဏီ တစ်ခုအား ဗု့းတစ်လုံး
တင်ထားသော အသေခံကားဖြင့် တိုက်ခိုက်မှုတစ်ခု ဇူလိုင်လ ၂ ရက်က မြို့တော် ကဘူးလ်တွင်
ဖြစ်ပွားရာ ခုနစ်ဦးသေဆုံးသွားသည်။ အသေခံ ကားဗု့းဖောက်ခွဲမှုဖြစ်ပွား သည့် ကဘူးလ်မြို့
မြောက်ပိုင်းဒေသမှာ ယခင်ကလည်း တရားရုံးချုပ်၊ ဗလယာဉ် ကွင်းတို့ကို အသေခံ ဗုံးခွဲတိုက်ခိုက်
ခဲ့ဖူးရာဒေသဖြစ်ပြီး သမ္မတအိမ်တော်နှင့်လည်း နီးကပ်သည်။
ကဘူးလ် ရဲမှူး မိုဟာမက် အယွတ်ဆလန်ဂီ၏ အဆိုအရ သေဆုံးသူခုနစ်ဦးတွင် နီပေါလူမျိုး လုံခြံု
ရေးအစောင့် လေးဦး၊ ွှာဖဂန်လူမျိုး လုံခြံုရေးအစောင့်တစ်ဦးနျင့် အာဖဂန် အရပ်သားနှစ်ဦးပါ၀င်ပြီး
အခြားလူ လေးဦး ဒဏ်ရာရသည်။
ဗုံးတင်လာသော ထရပ်ကားကြီးက စတင်တိုက်ခိုက်ပြီး သူပုန်နှစ်ယောက်၊ သုံးယောက်ခန့်နှင့်
အစောင့်တပ်ဖွဲ့ဝင်များ မိနစ် ၃၀၊ ၄၀ ခန့် အပြန် အလှန် ပစ်ခတ်ခဲ့ကြသည်။ ဗု့းပေါက်၍ ကြီးမား
သည့် ချိုင့်ခွက်တစ်ခု မြေပြင်တွင်ကျန်ရစ်ပြီး သူပုန်အားလုံး သေဆုံးခဲ့သည်ဟု ကဘူးလ်ရဲမှူးက
ပြောသည်။
ယခု အသေခံဗုံးဖောက်ခွဲ တိုက်ခိုက် မှုနှင့်ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်ကြောင်း မသိရသေး
သော်လည်း တာလီဘန်သူပုန်များက ကဘူးလ်တွင် ယခင်တိုက်ခိုက်မှုအများစုမှာ မိမိတို့
လက်ချက်ဖြစ်ကြောင်းနျင့် သူပုန်များ နျင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ယင်း အခြေအနေများက
တွန်းအားပေးနေ ကြောင်း ထုတ်ပြန်ကြေညာသည်။
အမေရိကန်သည် ၎င်းဦးဆောင် သည့် နေတိုး တိုက်ပွဲဝင် တပ်ဖွဲ့ဝင် အင်အား ၁၀၀,၀၀၀ ကို
၂၀၁၄ ခုနှစ် တွင် အာဖဂန်မှ စတင်ရုပ်သိမ်း၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင် လျက်ရှိသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို စီမံဆောင်ရွက်ရန်အတွက် ကာတာ နိုင်ငံတွင် ယခုနှစ်ဇွန်လ
၁၈ ရက်က တာလီဘန်တို့ ရုံးတစ်ရုံးဖွင့်လှစ်ခဲ့ခြင်း ကို သမ္မတ ဟာမစ်ကာဇိုင်းက ဒေါမာန်
ပွားလျက်ရှိသည်။ ပြည်နှင်ဒဏ် ခံရသည့် အစိုးရတစ်ရပ်ကို ကိုယ်စား ပြုသော တရားမဝင်
သည့် သံရုံးတစ်ရုံး အသွင် ယူထားသည်ဟု ကာဇိုင်းက ယူမှတ်ထားသည်။
၎င်းသည် အမေရိကန်နျင့် နျစ်ဖက်အကျိုးတူ လုံခြံုရေးဆွေးနွေးပွဲများကို ဖျက်သိမ်းထားပြီး
ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုအားလုံးကို ကန့်ကွက်မည်ဟုလည်း ကြေညာထားသည်။
(အေအက်ဖ်ပီ)
















