မနီလာ အဓိကရုဏ်း ရဲနှင့်ဆန္ဒပြသူများ ရင်ဆိုင်တိုက်ခိုက်

မနီလာ အဓိကရုဏ်း ရဲနှင့်ဆန္ဒပြသူများ ရင်ဆိုင်တိုက်ခိုက်

မနီလာ - ဖိလစ်ပိုင် ဆင်းရဲသား ရပ်ကွက်နေသူများသည် အဓိကရုဏ်း နျိမ်နင်းရေးရဲနှင့်
မနီလာမြို့စွန်ရှိ ပြန့်ကျဲနေသော တဲစုရပ်ကွက် နေရာ အနှံ့တွင် ဇူလိုင်လ ၁ ရက်နေ့၌ ဆက်တိုက်
တိုက်ခိုက်မှုများဖြစ်ရာ လူထုက ကျောက်ခဲများ၊ ကျပန်းဖန်တီး ထားသော ပေါက်ကွဲပစ္စည်းများ၊
လူ့မစင်ထုပ်များဖြင့် ပစ်ပေါက်ကြကြောင်းနှင့် ထိုမြို့စွန်ရပ်ကွက်ကို ဖွံ့ဖြိုးရေးတည်ဆောက်ရန်
သတ်မှတ်ထားကြောင်း အေအက်ဖ်ပီသတင်းကဆိုသည်။

ရဲအရာရှိတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတင်ထားရပြီး နော့သ်ထရိုင်အင် ဂယ် ဆင်းရဲသားရပ်
ကွက်မှ လူအချို့ကို ယာယီထိန်းသိမ်းပြီး မည်သူ့ကိုမျှ စွဲချက်မတင်ဘဲ နောက်ပိုင်း၌ လွှတ်ပေး
လိုက်သည်ဟု ရဲကပြောသည်။

ဆန္ဒပြသူများက လမ်းကို ဖြတ်၍ အတားအဆီးများ ထောင်ထားကြပြီး အဓိကရုဏ်းနျိမ်နင်းရေး ရဲ
များက ယာဉ် များဖြင့်ဝင်ရောက်၍ လူစုခွဲခဲ့သည်။ ဒိုင်းများကိုင်ဆောင်၍ နံပါတ်တုတ်ဖြင့် တစ်ဟုန်
ထိုး ၀င်တိုက်ခိုက်သည့် ရဲအရာရှိအား ရပ်ကွက်သားများက ကျောက်ခဲများ၊ ဆူးချွန်များ၊ သံတုတ်၊
မစင်ထုပ်များဖြင့် ပစ်ပေါက်ကြောင်း အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက် ကဆိုသည်။

နေ့လယ်ပိုင်းတွင် ဆန္ဒပြ သူများကို မျက်ရည်ယိုဗု့းများဖြင့် ရဲကပစ်ခတ်နေသည်ကို ရုပ်သံတွင် ပြခဲ့
သည်။ ဆင်းရဲသားရပ်ကွက်များနျင့် ၎င်းတို့ ကိုဖယ်ရှားရန် အစိုးရကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်သော
အဓိကရုဏ်း များသည် ဖိလစ်ပိုင်မြို့ကြီးများ၏ အရေးပါသော လက္ခဏာတစ်ရပ်ဖြစ် သည်။

လူဦးရေ၏ သုံးပုံတစ်ပုံနီးပါး သည် ဆင်းရဲကြသည်။ နော့သ်ထရိုင်အင်ဂယ်၏ ရ၂ ဧကရှိ မြေနေရာ
တွင် ကျူးကျော်မိသားစု ၁၀,၀၀၀ ကို ယခင်က အိမ်စီစဉ်ပေးခဲ့ပြီးဖြစ်ကြောင်းနျင့် မိသားစု ၈,၀၀၀
ကို အစိုးရအကူအညီဖြင့် လွန်ခဲ့သောနှစ်နှစ်က နေရာပြောင်းရွှေကပေးပြီးဖြစ်ကြောင်း မြို့တော်ဝန်
ဟားဘတ်ဘောတစ်တာ၏ အဆိုအရသိရသည်။

အစိုးရက အိမ်ခြံမြေလုပ်ငန်းကြီး တစ်ခုနျင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ အစုစပ် ဗဟိုစီးပွား
ရေးအရပ်ဒေသတစ်ခု တည်ဆောက်ရန် စီစဉ်နေသည်။ ကျူးကျော်ရပ်ကွက်တွင်နေထိုင် သူများ
ဇွန်လ ၃၀ ရက်နေ့ ထိုနေရာမှ ပြောင်းရွှေ့ရန် တရားဝင် သတိပေး နငိးဆော်ချက်ကို ကန့်ကွက်
နေခြင်းဖြစ် သည်ဟု ကျူးကျော်နေထိုင်သူများကို ထောက်ခံအားပေးသည့် အဖွဲ့ခေါင်းဆောင်
လီအာဗလင်စီယာက အေ အက်ဖ်ပီသို့ ပြောပြသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် အောက်ခြေဝန်ထမ်းအဖြစ် အသက် မွေးနေရသော အလုပ်သမား
များသည် မနီလာမြို့ကြီးမှ အလွန်ဝေးကွာသော ပြန်လည် နေရာချထားပေးသည့် နေရာကို
မကျေမနပ်ဖြစ်ခဲ့ကြပြီး ၎င်းတို့သည် ထိုရပ်ကွက်တွင် နေကြ သည်မှာ နှစ် ၃၀ ကြာပြီဖြစ်ကြောင်း
၎င်းတို့ကဆိုသည်။

(အေအက်ဖ်ပီ)