ယင်လတ်ရှင်နာဝပ် ပထမဆုံး ထိုင်းအမျိုးသမီး ကာကွယ်ရေးဝန်ကြီးဖြစ်

ယင်လတ်ရှင်နာဝပ် ပထမဆုံး ထိုင်းအမျိုးသမီး ကာကွယ်ရေးဝန်ကြီးဖြစ်

ဘန်ကောက် - ဇွန်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာတွင်
ထိုင်းဝန်ကြီးချုပ်ယင်လတ်ရှင်နာဝပ်က ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးကာကွယ်ရေးဝန်ကြီး
တစ်ဦးဖြစ်လာခဲ့ရာ ၎င်း၏အစ်ကို သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချ ခဲ့သည့် အင်အားတောင့်တင်း
သည့်စစ်တပ်အပေါ် ၎င်း၏ ဩဇာအရှိန်အဝါ ပိုမိုသက်ရောက်ခွင့်ရှိလာမည်ဖြစ်သည်။

အနီးစပ်ဆုံး အာဏာသိမ်းမှုတစ်ရပ်အနေဖြင့် ၂၀၀၆ ခုနှစ်က ၎င်း၏အစ်ကို သက်ဆင်ရှင်နာဝပ်ကို
ဖြုတ်ချခဲ့ခြင်းအပါအဝင် စစ်တပ်က အာဏာသိမ်းမှုများပြုလုပ်နေသည့် နိုင်ငံတစ် နိုင်ငံတွင် စစ်တပ်
၏ ထိပ်တန်းရာထူး နေရာများကို ခန့်အပ်သည့် ထိုင်းနိုင်ငံ ၏ ကာကွယ်ရေးကောင်စီ၌ ယင်လတ်
က ကာကွယ်ရေးဝန်ကြီးနေရာ ရရှိခဲ့ခြင်းဖြစ်သည်။

နှစ်စဉ် အောက်တိုဘာလတွင် စစ်တပ်ခေါင်းဆောင်ပိုင်းကို အပြောင်း အလဲ လုပ်လေ့ရှိပြီး လက်ရှိ
စစ်တပ်အကြီးအကဲ၏ သုံးနျစ်တာ သက်တမ်းကုန်ဆုံးချိန် နီးကပ်လာသော်လည်း ၎င်းက ရာထူးကို
ဆက်လက် ထိန်းထားနိုင်ခြင်းရှိမရှိနှင့်ပတ်သက်ပြီး မရေရာ သေးပေ။ အစိုးရအဖွဲ့ အပြောင်းအလဲကို
ကြေညာခြင်းမပြုမီ ဒုတိယ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ယုသာဆက် ဆာဆီပါရာ
ဖာက ယင်လတ် က စစ်တပ်နှင့် ပြဿနာဖြစ်ပွားခြင်းများရှိမည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

"သူ ဒီရာထူးကို ထမ်းဆောင် နိုင်ပါတယ်။ သူက စစ်တပ်နဲ့အတူလုပ် ဆောင်နိုင်ပါတယ်" ဟု ၎င်း
က သတင်း ထောက်များကို ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ် ပုန်သက် သက် ကန်ဇနက
ပြောကြားရာတွင် ၀န်ကြီး ချုပ်သည် အစိုးရအဖွဲ့ရာထူးများကို ဂရုတစိုက်နှင့် သင့်တော်သည်ကို
ရွေးချယ်ပြောင်းလဲရန် စဉ်းစားခဲ့သည်။

ဩဇာတိက္ကမကြီးမားသော ထိုင်း စစ်တပ်က ထိုင်းနိုင်ငံ၏ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တရားဝင် ကာကွယ် စောင့်ရှောက်ပေးနေပြီး နိုင်ငံတည် ထောင်ရေးအတွက်လည်း တာဝန်ယူ ပေးနေသည်
ဟု လူအများက ယူဆ ထားကြသည်။

ထိုင်းစစ်တပ်က အသုံးစရိတ်အမြောက်အမြားအား သုံးစွဲကာ ဆယ်စု နှစ်တစ်ခုနီးပါးအတွင်း
လူပေါင်း ၅,၇၀၀ ကျော်သေဆုံးခဲ့သော ထိုင်း နိုင်ငံတောင်ဘက်စွန်း ပြည်နယ်များတွင် ဆူပူ
သောင်းကျန်းမှုများကို နှိမ်နင်းပေးလျက်ရှိသည်။

ထိုင်းစစ်တပ် သည် ထိုင်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော နိုင်ငံရေးသမိုင်းတစ် လျှောက်တွင်
အဓိက အခန်းကဏ္ဍ ကလည်း ပါ၀င်ပတ်သက်နေသည်။ ထိုင်းနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က လုံ
ခြံုရေးတပ်ဖွဲ့များက ထိထိရောက် ရောက်နျိမ်နင်းခဲ့သည့် ရှပ်နီဆန္ဒပြသူများ၏ အကြီးအကျယ်
ဆန္ဒပြခဲ့သည့်ဖြစ်ရပ်များမှ အခြေအနေပြန်လည်ကောင်းမွန်လာရန်ကြိုးစားနေရဆဲဖြစ်သည်။

(အေအက်ဖ်ပီ)