မီးခိုးမြူတွေကြောင့် စင်ကာပူကို မထောက်ထားနိုင်ဘူး - အာရှအမြင်

မီးခိုးမြူတွေကြောင့် စင်ကာပူကို မထောက်ထားနိုင်ဘူး - အာရှအမြင်

ဈေးဝယ်မထွက်ဘဲ မနေနိုင်သူ၊ နောက် အစားအသောက်မှာ အာသာဆန္ဒပြင်းပြသူ၊ ကမ္ဘာ့
၀မ်းအနည်းဆုံးလူတွေလို့ တရားဝင်နီးပါး သမုတ်ခံရတဲ့ စင်ကာပူ နိုင်ငံသားတွေဟာ အခုလည်း
မီးခိုး မြူကြားထဲမှာ ရှင်သန်လှုပ်ရှားနေကြရရှာတယ်။ သနားစရာကောင်းတဲ့ သူတွေလို့ ဆိုရမှာပဲ။

သနားညှာတာမှုကို ခံယူသင့် တယ်လို့ဆိုပေမယ့် သူတို့တစ်တွေကို သနားညှာတာစရာ မလိုပါဘူး။
ဒီဘေးဒုက္ခကို တုံ့ပြန်ရာမှာ ပူးတွဲညှိနှိုင်းနေတဲ့ အင်ဒိုနီးရှားဝန်ကြီး အဂန်းလပ်ဆိုနိုက ဒီလိုပြောတယ်။

"စင်ကာပူနိုင်ငံဟာ ကလေးငယ်တစ်ယောက်လို ဆူဆူညံညံမလုပ်သင့်ဘူး" သူပြောတာမှန်ပါတယ်။
မီးခိုးမြူကိုရင်ဆိုင်ရာမှာ အင်ဒိုနီးရှားနိုင်ငံဟာ ပြတ်သားစွာ လုပ်ဆောင်ဖို့ စင်ကာပူ နိုင်ငံက ရှည်
လျားတဲ့ တရားဝင်စာ ထုတ်ပြန်နေတာဟာ တင်စီးပြီး အရိုအသေ ကင်းမဲ့မှုကြောင့် အာရုံအလွန်
နောက်စရာ ဖြစ်နေတယ်။

ကျွန်တော်တို့ သတိရနေရမှာက ဆူမာတြာကျွန်းမှာရှိတဲ့ အလွန် အမြတ် အစွန်းရတဲ့ စားအုန်းဆီပင်
ခြံတွေခုတ် ပြီး မီးရှို့နေတာကြောင့် ပြဿနာဖြစ် ပေါ်လာတာဖြစ်တယ်။ ဒီ စားအုန်းဆီ ပင်ခြံတွေကို
ပိုင်ဆိုင်တဲ့ လူတွေကတော့ စင်ကာပူ ကုမ္ပဏီတွေပဲ ဖြစ်ကြတယ်။ ဒီပြဿနာရဲ့ တရားခံလို့ စွပ်စွဲခြင်း
ခံရတဲ့ ကုမ္ပဏီတွေကတော့ စင်ကာပူအခြေစိုက် Asia Pacific Resources နဲ့ PT Sinar Mas
တို့ဖြစ်ပြီး သူတို့ရဲ့ မိခင်ကုမ္ပဏီကတော့ စင်ကာပူ စာရင်းဝင် Golden Agri Resources ဖြစ်တယ်။

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ အုန်းပင်ခြံများတွင် မီးမရှို့ရ တင်းကျပ်တဲ့အမိန့် ထုတ်ပြန်ထားတယ်လို့
Asia Pacific က ပြန်လည်ချေပချက် ထုတ်ပြန်ခဲ့တယ်။ စင်ကာပူမှာ အခြေစိုက်ကြတဲ့ Wilmar
International နဲ့ CTP Holdings ကုမ္ပဏီနှစ်ခုတို့ကတော့ လက်ဦးမှုကိုယူပြီး ကာကွယ်ပြောဆို
ဖို့ ကြိုးစားနေကြတယ်။

CTP Holdings ကတော့ Cargill နဲ့ Temasek တို့အကြား ဖက်စပ်ကုမ္ပဏီဖြစ်တယ်။ စင်ကာပူနိုင်ငံ
ရဲ့ အချုပ်အခြာ ရန်ပုံငွေစီမံကွပ်ကဲတဲ့ ကုမ္ပဏီဖြစ်တဲ့ Temasek က သူ့ရဲ့ ဆူမာတြာက အုန်းပင်ခြံ
တွေမှာ မီးလောင်တာမရှိဘူးဆိုတဲ့ အတည်ပြုချက် ရယူဖို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားတယ်။

သူတို့တစ်တွေရဲ့ အပြစ်ကင်းမှုကို လိုတာထက် ပိုလုပ်လွန်းတယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲထင်
တယ်။ သူတို့တစ်တွေ ဒီလိုလုပ်နေတာ ဆယ်စုနှစ်ပေါင်း များလှပါပြီ။ မီးခိုးမြူတွေ ဆိုးရွားတဲ့အဆင့်
ရောက်လာတိုင်း သူတို့အပြစ်ကင်းကြ ပါတယ်။

ဆိုဆုံးမရခက်တဲ့ ဒေသခံ လယ်သမားတွေကြောင့်လို့ ဆိုကာ အပြစ်တင်ကြတယ်။ ဒီလိုပြောတာ
ဟာ လုံးဝ အခြေအမြစ် မရှိဘူး။ ဖြစ်ခဲတယ်လို့ပြောတာလည်း မမှန်ဘူး။ ပြောကြစတမ်းဆိုရင် နှစ်
စဉ် ဖြစ်နေကျပဲ။ ဒီအကြိမ်ဖြစ်တာက ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တို့မှာဖြစ်ခဲ့တာထက်
တော်တော် လေးဆိုးတယ်။ အဲဒီလိုဖြစ်တဲ့အချိန်မျိုးတိုင်း ဆင်ခြေ ပေးတာတွေ၊ တစ်ယောက်နဲ့တစ်
ယောက် အပြန်အလှန် အပြစ်ဖို့တာတွေဟာ အုန်းပင်ခြံပိုင်ရှင်နဲ့ ကျန်းမာရေး ၀န်ကြီး၊ ပတ်ဝန်းကျင်
သန့်ရှင်းမှု ၀န်ကြီး တို့ရဲ့ ထုတ်ပြန်ချက်တွေဟာ စော်ကား တဲ့ ပုံစံမျိုးနဲ့ ထွက်လာကြတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ က မလေးရှား ဒုတိယ ကျန်းမာရေးဝန်ကြီး Farid Ariffin နဲ့ တွေ့ဆုံမေးမြန်းတုန်း
က ကွာလာလမ်ပူမြို့မှာ နှစ်စဉ်ဖြစ်တဲ့ မီးခိုးမြူနဲ့ပတ်သက်ပြီး မေးတဲ့အခါ သူက ဒါဟာ ခဏပဲဖြစ်
တာ၊ အပူအပင်မရှိတဲ့ပုံစံနဲ့ ဖြေခဲ့တယ်။ ဒါပေမဲ့ သူကတော့ ရွရွပြေးတာ ရပ်လိုက်ပြီး အိမ်ထဲမှာပဲ
လေ့ကျင့်ခန်းလုပ်တော့ တယ်လို့ပြောခဲ့တယ်။

စင်ကာပူက ကီရှိုးမာဘူဘာနီက လွန်ခဲ့တဲ့ရက်သတ္တပတ်က ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်း
(ဘီဘီစီ) ကို ပြောခဲ့ရာမှာ သူလည်း ရွရွပြေးတာကို ရပ်လိုက်ပြီတဲ့၊ တကယ့်အဖြစ် မှန်ကိုလည်း
သူဟာမသိဘူးတဲ့၊ လေကြောင်း ပြောင်းသွားရင်တော့ ဒီမီးခိုးမြူတွေ ပျောက်သွားလိမ့်မယ်လို့
နှစ်သိမ့်စကားပြောခဲ့တယ်။ ဒီအတိုင်းပဲဖြစ်မှာပဲလေ။ ၀န်ကြီး တွေကလည်း တခြားကိစ္စတွေဘက်
လှည့်ပြီး ဆီအုန်းခြံ ပိုင်ရှင်တွေက လည်း သူတို့ရဲ့ ပုံမှန်ဝန်ဆောင်မှု တွေကို ဆက်လက်ပြီး လုပ်
နေကြမှာ ပဲ။

ခံပြင်းစရာကောင်းတာကတော့ ဒီလိုကိစ္စမျိုးတွေမှာ စင်ကာပူ အစိုးရ ဟာ တညည်းညည်းတညူညူ
လုပ် တယ်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင် လုယက် ဖျက်ဆီးခံရတာတွေကို လျစ်လျူရှု ထားတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ ကမ်းခြေတွေက သဲတွေကို ဖယ်ရှားခဲ့သလိုပေါ့။ ဒီလိုလုပ်တာကို အင်ဒိုနီးရှား၊
ဗီယက်နမ်နဲ့ အခု ကမ္ဘောဒီးယားနိုင်ငံ တွေဟာ တားမြစ်လိုက်ကြပြီး ဖြစ်ပေ မယ့် တကယ်တော့
ဆက်လက်လုပ်နေ ကြတုန်းပါပဲ။

ဒီကိစ္စကို မေးမြန်းတဲ့အခါမှာ ပုဂ္ဂလိက လုပ်ငန်းလည်းဖြစ်တယ်၊မြေပိုင်ရှင် တွေနဲ့ အာဏာပိုင်တွေ
ကလည်း ခွင့်ပြုကြတယ်၊ ဒီတော့ ဘာဖြစ်လဲလို့ စင်ကာပူအစိုးရအရာရှိတွေက ပြောကြတယ်။
ဘာဖြစ်လဲဆိုရင် စောင့်စည်းမှုမရှိ တာရယ်၊ ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတယ်။ ဆီအုန်းခြံမြေ
တွေ ကို မီးရှို့တာလည်း ဒီလိုပဲပေါ့။ အကောင်းဆုံး အဖြေရှာတဲ့နည်းကတော့ စင်ကာပူအစိုးရက
ခိုးယူ ထားတဲ့သဲတွေကို သောင်တူးစက်နဲ့ တူးပြီး ဆူမာတြာကိုပို့ပြီး မီးတွေကို ငြှိမ်းပြီးမီးခိုးမြူ
တွေပျောက်အောင် လုပ်လိုက်ဖို့ပဲ။

သူတို့ အဲဒီလိုလုပ်လိုက်ရင် ကျွန်တော် တို့အနေနဲ့ ညှာတာထောက်ထားနိုင်မှာဖြစ်တယ်။ ဒီလို
မလုပ်သေးသရွေ့တော့ သူတို့ရဲ့မျက်စိတွေကို ပွတ်ပြီး ချောင်းပေါက်လောက်အောင် မျက်ရည်
တွေကျပြီး ငိုနေရနိုင်တယ်။

(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)