၂၀ ရာစုခေတ် အလယ်ပိုင်းအထိပင် တရုတ်နိုင်ငံသည် စစ်အင်အားကြီး အနောက်နိုင်ငံများနှင့်
ဂျပန်နိုင်ငံတို့ ၏ လက်အောက်ခံဘဝတွင် အမျိုးမျိုး ဖိနှိပ်ခံရသော 'အောက်ကျနောက်ကျ ကာလ'
တစ်ခုကို ခံစားကြံုတွေ့ခဲ့ရ သည်။
ထိုစဉ် အချိန်အတွင်းက အနောက် နယ်ချဲ့သမားများသည် မရောင့်ရဲနိုင်သည့် လောဘနှင့် တစ်
ဖက် သား၏ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို မငဲ့ကွက်ဘဲ တရုတ်နိုင်ငံထဲသို့ ဘိန်းများသွင်း၊
အမျိုးသမီးများကို အဓမ္မပြု၊ လူများကို ပြစ်ဒဏ်ပေးသတ်ဖြတ်ပြီး အဖိုးမဖြတ်နိုင်သော ရှေးဟောင်း
တရုတ် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများကို အကြောင်းမဲ့ ဖျက်လို ဖျက်ဆီးလုပ်ခဲ့ကြ
သည်။
အင်္ဂလိပ်စစ်သားများက ပေကျင်း မြို့ရှိ ရှေးဟောင်းနွေရာသီ နန်းတော် ကြီးကို ၀ရုန်းသုန်းကား
၀င်ရောက်လုယက် ကာ မီးတင်ရှို့ခဲ့ကြ သည့် ယင်းကာလ၏အစပိုင်း၌ ဗိုလ်ချုပ်ချားလ်စ်ဂေါ်ဒွန်
က "ကျွန်တော်တို့ မီးရှို့ခဲ့တဲ့နေရာတွေရဲ့ ခမ်းနားမှုနဲ့ အလှတရားကို ခင်ဗျားတို့ တွေးတောင်ကြည့်
နိုင်မှာမဟုတ်ပါဘူး" ဟု ဆိုခဲ့သည်။ ယင်း လုပ်ရပ်များမှာ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက
တိုက်များတွင် အနောက်နယ်ချဲ့ဝါဒ၏ လုပ်ရိုးလုပ်စဉ် ကဖျက်ယဖျက် လုပ်ရပ်များပင် ဖြစ်သည်။
သို့ရာတွင် ယနေ့အခါ တရုတ်နိုင်ငံ နှင့်ပတ်သက်၍ ရာဘင်ဒြာနတ်တဂိုး ၏ဟောကိန်းမှာ မှန်ကန်
လာခဲ့ကာ ဂေါ်ဒွန်ကဲ့သို့သော အာသာငမ်းငမ်း နှင့် လောဘဇောတိုက်သည့် ရာဇဝတ် သားများကို
ခြေရာနင်းလာသည့် သူများသည်ပင် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို စိုးရွံ့လျက်ရှိကြောင်း
ဖွင့်ဟညည်းညူလာကြသည်။
အင်္ဂလန်နှင့် ပြင်သစ်တို့ကဲ့သို့သော ယခင်ကိုလိုနီအင်အားစုများ နေရာတွင် ယခုအခါ ကမ္ဘာ့တစ်ခု
တည်းသော စစ်အင်အား အကြီးဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စုကသာ ရယူ ထားသည်။
အမေရိကန်သည် ဆိုဗီယက် ယူနီယံပြိုကွဲခဲ့စဉ်မှစ၍ ပြိုင်ဘက်ကင်းသော နိုင်ငံတစ်နိုင်ငံဟု ရှုမြင်
ခြင်း ခံခဲ့ရသော်လည်း မကြာသေးသည့်နှစ်များအတွင်းက မြင်သာစွာပင် အကျဘက်သို့ ဦးတည်
လာခဲ့သည်။
အမေရိကန်အစိုးရသည် ယင်း၏ကျူးကျော်စစ်ပွဲများ၊ ဆိုးရွားသည့် နှိပ်စက်ညှဉ်းပန်းမှုများ၊ လက်
သည်မပေါ်သည့် လုပ်ကြံသတ်ဖြတ်မှုများ နှင့် ဥပဒေကို လက်တစ်လုံးခြား လုပ် ခြင်းများကြောင့်
ယခင့်ယခင်ကမည်သို့ ပင် နိုင်ငံတကာကိစ္စရပ်များ၌ လူ အထင်ကြီးခံခဲ့ရစေကာမူ ယခုအခါ တွင်
စွန့်လွှတ်ခဲ့ရပြီဖြစ်သည်။
ထို့ပြင် ပြည်တွင်း၌ တစ်ချိန်တစ်ခါက တန်ဖိုး ထားအပ်သည့် ပြည်သူ့လွတ်လပ်ခွင့် များသည် ယခု
အခါ လျော့ပါးလာရပြီဖြစ်ကာ အမေရိကန်ပြည်သူများသည် တစ်ကိုယ်ရေ လွတ်လပ်ခွင့်မရှိသော
စောင့်ကြည့်ထောက်လှမ်းခံရသည့် အနေအထားများနှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။
တရုတ်နိုင်ငံသည် ပြည်တွင်း၌ လွတ်လပ်ခွင့် များစွာနည်းပါးသော် လည်း နိုင်ငံတကာရေးရာများ
တွင် စီးပွားရေးကဏ္ဍ၌ သာမက နိုင်ငံရေး ဩဇာပါ ကြီးထွားလာလျက်ရှိသည်။ ထို့ကြောင့်ပင်
တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုသည် ကမ္ဘာအတွက် အပြုသဘောဆောင်မဆောင် မေးသင့်
ပါပေ၏။ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုထက် ပိုစိတ်ချရခြင်း ရှိ မရှိ၊ အကြမ်းဖက်မှု
နည်း မနည်းနှင့် အပြုသဘောဆောင် မဆောင် မေးခွန်း ထုတ်သင့်ပါသည်။
သမိုင်းစဉ်တစ်လျှောက် အမေရိကန်ပြည်ထောင်စုသည် လူသားဖွံ့ဖြိုး မှုအတွက် သိပ္ပံနှင့် ၀ိဇ္ဇာပညာ
ရပ်များ အပါအဝင် ကောင်းမွန်သောအုပ်ချုပ် ရေးစသည့်ကိစ္စရပ်များတွင် များစွာ အထောက်အပံ့
ပေးခဲ့သည်မှာ ယုံမှား ဖွယ်မရှိပေ။
သို့ရာတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒမှာ ကမ္ဘာတစ်ဝန်းရှိအခြားသူများကို အခွင့်အရေးတန်း
တူ ပေးရန်အတွက် ငြင်းဆန်ထားသည့်အပေါ်တွင် အခြေခံနေပေသည်။ ဖိလစ်ပိုင်နှင့် ဟေတီနိုင်ငံ
များကိုကျူးကျော်သိမ်းယူခဲ့ရာ ၂၀ ရာစုအစော ပိုင်း ကာလများမှ အစပြု၍ စီအိုင် အေသည် အီရန်
နှင့် ချီလီနိုင်ငံများရှိ ဒီမိုကရေစီ အစိုးရများကို အာဏာ သိမ်းယူခဲ့သလိုပင် ဗီယက်နမ်နှင့် အီရတ်
ပြည်သူများကိုလည်း အစုလိုက်အပြံုလိုက်သေစေခဲ့သည်။
လွတ်လပ်မှုနှင့် ဒီမိုကရေစီ စသည့် စကားအလှများဖြင့် သုံးနှုန်းခဲ့လင့်ကစား အမေရိကန်စစ်ကြောင့်
သေဆုံးခဲ့သူဦးရေမှာ သန်းချီ၍ပင်ရှိလာသည်။ အမေရိကန်ထက်ပင် သမိုင်းကြောင်း ရှည်ခဲ့သည့်
တရုတ်နိုင်ငံသည် ယင်း၏နှစ်ပေါင်း ၄,၀၀၀ မျှသောသမိုင်းတစ်လျှောက်တွင် ကျူးကျော်ခြင်း၊ အခြား
နိုင်ငံများကို သိမ်းယူခြင်း စသည့် လုပ်ရပ် များမပြုခဲ့ပေ။
ကမ္ဘာ့အချမ်းသာဆုံးနှင့် အင်အားအကြီးဆုံး နိုင်ငံများအနက် တစ်ခုနိုင်ငံဖြစ်သည့်တိုင် တရုတ်နိုင်ငံ
သည် ပြင်ပကမ္ဘာနှင့် ဆက်ဆံရာတွင် လက်နက်သုံးခြင်းထက် ယင်း၏ တရုတ် ဗဟိုပြုအစဉ်အလာ
ဖြင့်သာ ငြိမ်းချမ်း စွာဆက်ဆံခဲ့သည်။
(အယ်လ်ဂျာဇီးရား)

















