ဗိုက်ပူဗိုက်ရွှဲ ဘန်ကောက်ရဲများ အဆီလျှော့လေ့ကျင့်ခန်း လုပ်နေကြရ

ဗိုက်ပူဗိုက်ရွှဲ ဘန်ကောက်ရဲများ အဆီလျှော့လေ့ကျင့်ခန်း လုပ်နေကြရ

ဘန်ကောက် - ဘန်ကောက်မှာ အဝလွန် နေတဲ့ ယာဉ်ထိန်းရဲတွေကို ကိုယ်ရည်
စစ်အောင်လို့ အဆီချ အစီအစဉ် တစ်ရပ်အဖြစ် ထိုင်း ခေတ်ပေါ်သီချင်း တေးသွားနဲ့ ဗိုက်ပူရဲတွေ
လေ့ကျင့်ခန်းလုပ်နေကြတာ တွေ့ရပါတယ်။ ညံ့ဖျင်းတဲ့ အစားအသောက်တွေစားပြီး ယာဉ်ပြည့်
ကျပ်တဲ့ ဘန်ကောက် လမ်းတွေပေါ်မှာ လေ့ကျင့်ခန်းလုပ်ဖို့ မလိုအပ်တဲ့ အလုပ်ကို အချိန်ကြာမြင့်
စွာလုပ်ရင်းနဲ့ ယာဉ်ထိန်းရဲတွေ ဗိုက်ရွှဲ လာကြတာပါ။

ဒီနေ့မှာတော့ ဒီရဲတွေရဲ့ ကျန်းမာရေးနဲ့ ဗိုက်ရွှဲရဲအရာရှိ တွေအပေါ် ပြည်သူတွေ အမြင်ပိုကောင်း
လာဖို့အတွက် အဆီချပေးမယ့် နှစ်လ ကြာ ကျန်းမာကြံ့ခိုင် သင်တန်းတွေကို ရဲအရာရှိ ၆၀ ခန့်နဲ့
စတင်ဆောင်ရွက် နေပါပြီ။

သင်တန်းစပြီး သီတင်းနှစ်ပတ် မပြည့်ခင်မှာပဲ အလွန်ကြီးမားတဲ့ သူ့ ကိုယ်အလေးချိန် ခြောက်ကီ
လိုဂရမ် ကျသွားလို့ ၁၃၈ ကီလိုဂရမ် (၃၀၄ ပေါင်) သာ ကျန်တော့ကြောင်း ခါးလည်း သုံးလက်
မလျော့သွားကြောင်း စီနီယာ အရာခံဗိုလ် နီတပ်စ်ဆိုင်ဆတ်က ပြောပါတယ်။

တစ်ပတ်နှစ်ရက်တက်ရတဲ့ ဒီသင်တန်းမှာ ယောဂနဲ့ အေရိုးဗစ်လေ့ကျင့် ခန်းတွေလည်း ပါ၀င်တယ်။
နီတပ်စ် အတွက် သူကြိုက်တဲ့ဆီကြော်နဲ့ ထမင်း မစားရဘူး။ သင်တန်းမှာ သစ်သီးတွေနဲ့ စွပ်ပြုတ်
တိုက်ပါတယ်။

"ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေ ဆိုတာ တာဝန်က အချိန်မရွေးပေါ်လာနိုင်လို့ ညဘက်မှာ အများ
ကြီးစားတယ်။ ဒါကြောင့် ကျွန်တော့် ကိုယ်အလေးချိန် တက်တာပါ"လို့ နီတပ်စ်က ပြောပါတယ်။

အရင်ကလည်း ဒီလိုအစီအစဉ်မျိုးမှာ သူပါ၀င်ခဲ့ဖူးပေမယ့် ရွှဲနေတဲ့ ဗိုက်ကိုတော့ ကျသွားအောင်
မလုပ်နိုင်ခဲ့ဘူးလို့ ဆိုတယ်။ ဘန်ကောက်မြိုကတော် ရဲတပ်ဖွဲ့ဟာ ခါး ၃၆ လက်မကျော်တဲ့ ရဲဝန်
ထမ်း တွေကို သင်တန်းတက်ဖို့ ခေါ်ထား တယ်။ သင်တန်းမှာ ကိုယ်အလေးချိန် ၁၀ ကီလိုကျော်
အောင်ကျပြီး အကောင်း ဆုံးသင်တန်းသားအဖြစ် အရွေးခံရသူ ကို ဆုငွေဒေါ်လာ ၁၆၀ နီးပါး ချီး
မြှင့်မယ်လို့ ဆိုထားပါတယ်။

"ရဲတွေက အရမ်းဝနေကြတော့ သွက်သွက်လက်လက် အလုပ်မလုပ် နိုင်ကြဘူး။ အဆီချလိုက်မှ
သွက်လက် သန်မာလာမယ်။ ပိုပြီးလည်း ကျန်းမာလျင်မြန်လာမယ်"လို့ သင်တန်းသား ဒုတိယ
ဗိုလ်မှူးကြီး ဆူဂျစ်ဆပ်ဆာမိုင် က ဆိုပါတယ်။

အဝလွန်တဲ့ကိုယ်ကို အလေးချိန်ချလိုက်ခြင်းဟာ ရဲအပေါ် ပြည်သူတွေယုံကြည်အားကိုးမှုနဲ့
ဆက်နွှယ်နေတဲ့အချက်တစ်ချက်လည်းဖြစ်တယ်လို့ ကျန်းမာရေးပါရဂူ ကာဝီတာ ခရွင်ဂျစ်က
ဆိုတယ်။ သူဟာ ဘန်ကောက် ဆေးရုံက ကျန်းမာရေးလုပ်ငန်းနဲ့ လေ့ကျင့်ခန်းတချို့ကို
ဦးဆောင်လုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။

သူက "၀၀ဖိုင့်ဖိုင့်ရဲကို လူတွေမြင်တာနဲ့ပဲ 'လူဆိုးတွေနောက်ကို ဒီရဲတွေ ဘယ်လိုလိုက်ကြမှာလဲ'
လို့ ဆိုကြတော့ မှာပေါ့"လို့လည်း ပြောတယ်။ ကမ္ဘာပေါ်မှာ ယာဉ်ပိတ်ဆို့မှုအများဆုံးမြိုကတစ်မြို့
မှာ ၁၅ နာရီကျ အဆိုင်းနဲ့ အလုပ်လုပ်ရင်း ယာဉ်မောင်း တွေရဲ့ မေတ္တာကို မပြောပလောက်ရုံသာ
ရကြတဲ့ဖိစီးမှုတွေကြောင့် သူတို့မှာ လုပ်ငန်းနဲ့လိုက်လျောတဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုမျိုး မရှိနိုင်
ကြပါဘူးလို့ ရဲတွေက ပြန်လည်တုံ့ပြန် ပြောဆိုကြ ပါတယ်။

ဒါပေမဲ့ ဘန်ကောက်လမ်း တွေမှာ ရောင်းလေ့ရှိတဲ့ ကျန်းမာရေး အတွက် အဆိုးဆုံးဖြစ်တဲ့ ဈေးနှုန်း
သက်သာ အဆီဓာတ်များတဲ့ အစား အသောက်တွေကို ယာဉ်ထိန်းရဲတွေက စားတတ်နေကြတာ
လည်း အကြောင်းတစ်ခုဖြစ်နေပါတယ်လို့ အရာရှိတွေရဲ့ ကျန်းမာရေးကို သုတေသနလုပ်နေတဲ့
ဘန်ကောက်မြို့ မဟီဒေါ တက္ကသိုလ်မှ ဒေါင်ဂရပ်ဝါတာနကီ ထရိုင်လီယပ်က ဆိုပါတယ်။

သူ့အဆိုအရ ၂၀၁၁ ခုနှစ်မှာ ဘန်ကောက်မြို့ ခရိုင်ဒေသတစ်ခုက ယာဉ်ထိန်းရဲ ၀န်ထမ်းပေါင်း
၂၅၆ ဦး ကို သုတေသနလုပ်ရာမှာ ထက်ဝက် ကျော်ဟာ ကိုက်လက်စထရော အဆီ ဓာတ်
အလွန်များနေတာ တွေ့ခဲ့ရ တယ်။

"ရဲစခန်း အနီးဝန်းကျင်မှာရောင်း တဲ့ အစားအသောက်တွေဟာ အဆီ များတယ်၊ ငန်တယ်၊
အုန်းဆီနဲ့ချက်တဲ့ ဟင်းတွေ၊ ဆီပြန်ဟင်းတွေပါ။ ရဲ အရာရှိတွေက သူတို့စခန်းရှေ့သွား ပြီး စား
ကြတာပေါ့"လို့ ပြောပြီး ယာဉ်ထိန်းရဲတွေရဲ့ လစာနှုန်းနည်းပါး ခြင်းဟာ ကျန်းမာရေး ပိုကောင်း
စေမယ့် အစားအသောက်တွေကို မစားသောက် နိုင်တဲ့အချက်ပဲလို့လည်း ထောက်ပြ လိုက်ပါ
တယ်။ ယာဉ်ထိန်းရဲတွေရဲ့ ကျန်းမာကြံ့ခိုင် အစီအစဉ်တွေကြောင့် ရဲတွေရဲ့ စရိုက် နဲ့ စိတ်နေစိတ်
ထားတွေ စတင်ပြောင်းလဲနေတာ တွေ့ရပါတယ်။

"အေရိုးဗစ် အကလေ့ကျင့်ခန်းကို ပထမအကြိမ် ၄၅ မိနစ် တောက်လျှောက် လုပ်ပြီးတော့ ကျွန်
တော့်ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေတယ်ဗျ။ ခုတော့ တောက်လျှောက်လုပ်သွား နိုင်ပါပြီ"
လို့ စီနီယာ ဆာဂျင်မေဂျာ နော့ပန်ကပြောပြတယ်။

သူ့ကိုယ်အလေးချိန် ကီလို ၉၀ ကျော်ပဲရှိတော့တာကိုလည်း ခပ်ကြွားကြွားပြောလိုက်ပါသေးတယ်။
ကျွန်တော်တို့က ပြည်သူတွေထဲဝင် ကြရမှာမို့ စမတ်ကျနေဖို့က ပထမ လိုအပ်ပါတယ်။ ပြီးတော့
ကျွန်တော်တို့ ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဌာန်နဲ့ ဟန်ပန်က ခိုင်မာကျစ်လျစ်ကြရမယ်"လို့လည်း သူကဆို
ပါတယ်။

(အေအက်ဖ်ပီ)