ရှန်ဟိုင်း - တရုတ်နိုင်ငံရှိ ြေိတိန် နိုင်ငံပိုင် ဂလက်ဆိုစမစ်ကလင်း ကုမ္ပဏီမှ
စီမံခန့်ခွဲရေးဌာန အကြီးတန်း ၀န်ထမ်းများကို ငွေစာရင်းမသမာမှုများ ပြုလုပ်ထားသည်ဟု
သံသယရှိသည့်အတွက် တရုတ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ကြေညာချက် တစ်ရပ်
အရသိရသည်။
GSK ကုမ္ပဏီမှ ၀န်ထမ်းများအား ၎င်းတို့စုံစမ်းစစ်ဆေးနေသည်ဟု ချန်စာ မြိုကလယ်မှရဲတပ်ဖွဲ့က
ပြောကြားထားသည်ကို ဇူလိုင် ၁ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ချန်စာ၊ ရှန်ဟိုင်းနှင့် ပေကျင်းမြို့ သုံးမြို့မှ ကုမ္ပဏီဝန်ထမ်းများကို ရဲတပ်ဖွဲ့ က ထိန်းသိမ်းထား
ကြောင်း ဇူလိုင် ၁ ရက်နေ့ထုတ် ဟောင်ကောင်မှ South China Morning Post သတင်းစာတွင်
ရေးသားထားသည်။
ရှန်ဟိုင်းရှိ တရုတ်ဆေးကုမ္ပဏီ ဌာန ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကမူ ၎င်းတွင် နိုင်ငံခြား
မီဒီယာများသို့ ဖြေကြားခွင့် အာဏာမရှိကြောင်း ပြောကြားကာ ယင်းကိစ္စနှင့်ပတ်သက် ပြီး ဖြေဆို
ရန် ငြင်းဆိုခဲ့သည်။
ရိုးရိုးအဝတ်အစားများ ၀တ်ဆင် ထားသည့် ရဲသား ၁၀ ယောက်ကျော် သည် GSK ကုမ္ပဏီရုံးခန်း
သို့ ပြီးခဲ့သည့် ကြာသပတေးနေ့က ၀င်ရောက်စစ်ဆေး ပြီး စာရင်းစာအုပ်များကို သိမ်းဆည်းခဲ့
ကြောင်း အတည်မပြုရသေးသည့် အင်တာနက်စာမျက်နျာပေါ် တင်ထား သည့် ရေးသားချက်
များကဆိုသည်။
စွပ်စွဲခံထားရသူများတွင် ကုမ္ပဏီမှ ခန့်အပ်ထားသော စီမံခန့်ခွဲရေးပိုင်းမှ နိုင်ငံခြားသား အနည်းဆုံး
တစ်ဦး ပါ၀င်ကြောင်း တွစ်တာကဲ့သို့ ဘလော့ဂ် အသေးစား စာမျက်နျာများပေါ်တွင်ရေးသားထား
သည်။
စွပ်စွဲချက်များသည် ချန်စာရဲတပ်ဖွဲ့ က စွဲဆိုထားခြင်းမရှိသည့် အချက်များ ဖြစ်သည်။ သို့သော်
အာဏာပိုင်များက အကျင့်ပျက်ခြစားမှုကို ရည်ညွှန်းသည့် 'ငွေစာရင်းမသမာမှု' ဆိုသည့် အသုံး
အနှုန်းကို သုံးထားသည်။ တရုတ်နိုင်ငံမှ ဆေးကုမ္ပဏီများ သည် ၎င်းတို့၏ ကုန်ပစ္စည်းများကို
ဆရာဝန်များနှင့်ဆေးရုံများမှ အသုံး ပြုရန် လာဘ်ထိုးမှုများ ပြုလုပ်လေ့ရှိကြောင်း ကုမ္ပဏီ၏
အတွင်းသိများက ဆိုသည်။
ဗြိတိန်နိုင်ငံပိုင် ဂလက်ဆိုစမစ် ကလင်း ဆေးကုမ္ပဏီကြီးသည် တရုတ် နိုင်ငံရှိ နိုင်ငံပေါင်းစုံပါ၀င်
သော အကြီး ဆုံး ဆေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေ စုစုပေါင်း အမေရိကန် ဒေါ်
လာငွေ သန်း ၅၀၀ ကျော်ရှိကြောင်း အဆိုပါကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
(အေအက်ဖ်ပီ)

















