စင်ကာပူနိုင်ငံတွင် အရုပ်နှစ်သက် သူများ အလုအယက် ၀ယ်ယူ ကြသည့် မက်ဒေါ်နယ်လ်၏ဟယ်လိုကစ်တီ၊အရုပ်ကလေးများ

စင်ကာပူနိုင်ငံတွင် အရုပ်နှစ်သက် သူများ အလုအယက် ၀ယ်ယူ ကြသည့် မက်ဒေါ်နယ်လ်၏ဟယ်လိုကစ်တီ၊အရုပ်ကလေးများ

စင်ကာပူ - စင်ကာပူနိုင်ငံရှိ အမြန်ပြင် အစားအစာများ ရောင်းချသည့် မက်ဒေါ်နယ်လ် ဆိုင်များ
တွင် ဇွန်လ ၂၇ ရက်နေ့က အရောင်းမြှင့်တင်သည့် အနေဖြင့် ရောင်းချသော ဟယ်လိုကစ်တီ
အမွေးပွရုပ်ကလေးများကိုဝယ်ယူရန် ရောက်ရှိလာကြသူ အလွန် များပြားခြင်းကြောင့် အချင်းချင်း
ပြဿနာများဖြစ်ပွားခဲ့ရာ ရဲများကိုခေါ်ယူခဲ့ရသည်။

ဂျာမန် နတ်သမီးပုံပြင်တစ်ခုဖြစ်သည့် "The Singing Bone" (အရိုးပြိုင်းပြိုင်းသီချင်းသည်) မှ
ဇာတ်ကောင်တစ်ခု၏ပုံကဲ့သို့ ပြုလုပ်ထားသော အနက်ရောင် ဟယ်လိုကစ်တီ အရုပ်ရောင်းချရာ
မက်ဒေါ်နယ်လ် ဆိုင်ခွဲတစ်ခုတွင် လူရာပေါင်းများစွာက အဆိုပါအရုပ်လေးများကို ၀ယ်ယူရန်အ
တွက် ဇွန်လ ၂၆ ရက်နေ့ ညကတည်းက တန်းစီစောင့် ဆိုင်းနေခဲ့ကြသည်။

လူကြိုက်များထင်ရှားသည့် နတ်သမီး ပုံပြင်များထဲမှ ၀တ်စုံအမျိုးမျိုးကို ဆင်မြန်းပေးထားသည့်
အဆိုပါ ဟယ်လို ကစ်တီ အရုပ်ကလေးများကို ခြောက်ကြိမ်အကန့်အသတ်နှင့် ရောင်းချမှုတွင်
ယခုအကြိမ်မှာ နောက်ဆုံးအကြိမ် ဖြစ်သည်။ ဆိုင်ခွဲတချို့၌ စတင်ရောင်းချပြီး မကြာမီမှာပင်
အရုပ်များရောင်းကုန် သွားသောကြောင့် တန်းစီ စောင့်ဆိုင်း နေသည့် လူအုပ်ကြီးကြား ရုတ်ရုတ်
သဲသဲ ဖြစ်ပွားမှုရှိခဲ့သည်။

ယူကျုမှ ဗီဒီယိုဖိုင်တစ်ခုတွင် မက်ဒေါ်နယ်လ်ဆိုင်၏ အရောင်း ကောင်တာတစ်ခုရှေက၌ ရဲအရာရှိ
များ က ၀ယ်ယူသူနှစ်ဦးကြား ပြေလည်ရန် ဖျန်ဖြေပေးနေပုံကို တွေ့ရသည်။ အခြားဗီဒီယိုဖိုင်တစ်ခု
၌ ဒေါသထွက် နေသည့် အမျိုးသားတစ်ဦးက တန်းစီလက်မှတ် ကြားဖြတ်ရယူသူတစ်ဦးကို ရည်
ညွှန်း၍ ပြောနေပုံပေါ်သည့် "စင်ကာပူနိုင်ငံသားမှ ဟုတ်ရဲကလား"၊ "စာမှတတ်ရဲကလား" ဟု
လူအုပ်ကြီးထံသို့ အော်ပြောနေသည်ကို ပြသထား သည်။

ဟယ်လိုကစ်တီ အရုပ်တစ်ရုပ်လျှင် အစားအသောက်ဖြင့် တွဲဖက်ကာ စင်ကာပူဒေါ်လာ ၄ ဒသမ
၆၀ (ဒေါ်လာ ၃ ဒသမ ၆၂) ဖြင့် ၀ယ်ယူရပြီး အချို့က အွန်လိုင်းပေါ်တွင် ဈေးနှုန်းများ အဆမတန်
တင်၍ ချက်ချင်း ပြန်လည် ရောင်းချခဲ့ကြကာ အချို့သော အရုပ်တစ်ရုပ်မျှ မရလိုက်သူများက ၎င်း
တို့၏ ဒေါသများကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးသားခဲ့ကြသည်။

အွန်လိုင်း၌ လေလံတင်ရောင်းချမှု များတွင် အရုပ်တစ်ခုလျှင် စင်ကာပူ ဒေါ်လာ ၁၂၀,၀၀၀ အထိ
ဈေးရရှိသွားခြင်းများရှိသည်။ ထိုဈေးနှုန်းဖြင့် အမှန်တကယ်ရောင်းချခဲ့ခြင်း ရှိမရှိကိုမူ စီအင်န်အေမှ
သီးခြား အတည်ပြု ပြောဆိုထားခြင်းမရှိပေ။

တရုတ် လေလံဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော ထောင်ပေါင်တွင် အရုပ် တစ်ရုပ် လျှင် စင်ကာပူဒေါ်
လာ ရ ဒေါ်လာ ခန့်ဖြင့် ၀ယ်ယူရရှိနိုင်ကြောင်း အင်တာ နက် ကြည့်ရှုသူတစ်ဦးက စီအင်န်အေ သို့
ပြောကြားခဲ့သည်။

ဟယ်လိုကစ်တီ အရုပ်ကလေးများ ကို ဂျပန်နိုင်ငံ၌ ၁၉၇၄ ခုနှစ်မှ စတင် ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး
ယခုအခါ ကမ္ဘာ့တစ်ဝန်းက နျစ်သက် လက်ခံ သည့် အရုပ်ပုံစံတစ်ခု ဖြစ်လာခဲ့သည်။

(အေအက်ဖ်ပီ)